ဆိုင်ခဏခဏသွားပြီး လက်သည်းပုံဖော်နေရင်လည်း ပိုက်ဆံတွေကုန်ပါတယ်။ တစ်ခါတစ်လေတော့ အိမ်မှာပဲ ကိုယ်တိုင်ပုံဖော်ကြည့်ပေါ့။ တချို့ကျတော့လည်း လက်သည်းပုံဖော်ရတာဝါသနာပါပေမယ့် သိပ်မလုပ်တတ်ကြဘူး။ ဒါကြောင့် မိန်းကလေးတွေအားလုံးပဲ ကိုယ်တိုင်လက်သည်းပုံဖော်လို့ရအောင် ရိုးရှင်းလွယ်ကူတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်တယ်နော်။

ပထမဆုံးဒီဇိုင်းလေးကတော့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး လက်သည်းဒီဇိုင်းလေးပါ။ လူတိုင်းလုပ်တတ်တဲ့ပုံလေးပါပဲ။

ဒါကတော့ လူငယ်လေးတွေကြိုက်မယ့် လက်သည်းဒီဇိုင်းလေးပါ။ တစ်ချောင်းထဲကို ပုံဖော်ရတာဖြစ်လို့ အရမ်းလွယ်ကူလွန်းပါတယ်နော်။

လက်သည်းနီဆို အနီရောင်တို့၊ ကြက်သွေးရောင်တို့ ကြိုက်မှကြိုက်ဆိုတဲ့သူတွေအတွက် လက်သည်းကိုတစ်ပိုင်းပဲဆိုးပြီး ပုံဖော်ထားတာပါ။ ရိုးရှင်းပြီး အရမ်းလှတယ်နော်။

နည်းနည်း ဒီဇိုင်းဆန်းပြီးလုပ်ချင်ရင်တော့ လက်သည်းကို ဒီလိုလေးပုံဖော်လို့ရပါသေးတယ်။ အရောင်နှစ်ရောင်ကိုတော့ တူပြီး အနုအရင့်ပဲကွာသွားတာမျိုးကို သုံးပေးနော်။

အဝါရောင်ကြိုက်တဲ့သူလေးတွေအတွက် အဝါနဲ့အဖြူကို တွဲသုံးပြီး ပုံဖော်ထားတာ။ ဒါလေးလည်း သေချာကြည့်လိုက်ရင် ပုံဖော်ရတာလွယ်တယ်နော်။

ကိုယ်ကြိုက်နှစ်သက်ရာအရောင်ကိုဆိုးပြီး အလယ်ကနေ အခြားလက်သည်းနီအရောင်ကိုသုံးပြီး တစ်စောင်းပုံလေးဆွဲလိုက်ရုံပဲနော်။

ကိုယ့်ဆီမှာ Glitter လက်သည်းနီလေးရှိရင် ဒီလိုလေးပုံဖော်ကြည့်ပါ။ အရမ်းလှပြီး လက်လည်းပိုပေါ်လွင်စေပါတယ်။

လက်သည်းထိပ်မှာ အဖြူရောင်ဆိုးမှလှတာမဟုတ်ဘူး။ ဒီပုံလေးမှာပြထားသလိုပဲ ဘယ်အရောင်ဆိုးဆိုးလှတယ်နော်။

ရိုးရှင်းလွယ်ကူပြီး ချစ်စရာကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ရတာလည်းလွယ်ပြီး ချစ်ဖို့ကောင်းတော့ လူငယ်လေးတွေကြိုက်မှာပါ။

အစင်းချောင်းတွေနဲ့ပုံဖော်ရတာမကြိုက်ဘူးဆိုရင် ဒီလိုအစက်ချတဲ့ပုံဖော်နည်းလေးက ချစ်စရာကောင်းပြီး လုပ်ရတာအလွယ်ဆုံးပဲနော်။

Photo Source: www.pinterest.com