Girl’s Generation အဖွဲ့ဝင် Yoon-ah ဟာ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။

သူမရဲ့ ဝတ်စုံလှလှကို ဝတ်ပြီးတက်လာခဲ့တာ အရှေ့ကနေ ကြည့်ရင် Sexy ကျတယ်လို့ မထင်ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ချုပ်ထားတဲ့ ဒီဇိုင်းကြောင့် ပရိသတ်တွေအတွက် မှင်သက်ခဲ့ရပါတယ်။

နောက်ကျောအလှကိုလည်း ပေါ်လွင်စေပြီး တင်နားတဝိုက်မှာချုပ်ထားတဲ့ ဒီဇိုင်းလေးနဲ့ပွဲတက်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ နောက်ကျောအလှနဲ့ တင်အလှကို ပေါ်လွင်စေတဲ့ အဲဒီဝတ်စုံလေးကြောင့် မီဒီယာတော်တော်များများမှာ ဖော်ပြခံခဲ့ရပါတယ်။



သူမဟာ အဲဒီပွဲကို မင်းသား Jang Dong-geum နဲ့ ပွဲတက်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲအတွက် MC ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ကိုယ်ရေးအကျဉ်း

အမည် – Yoon-ah

မွေးသက္ကရာဇ် – ၃၀၊ မေလ၊ ၁၉၉၀

အရပ်အမြင့် – ၁၆၈ စင်တီမီတာ (၅ပေ၆လက်မ)

မွေးရာဒေသ – တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်

ပညာရေး – Dongguk တက္ကသိုလ်