မျက်နှာပေါ်မှာ အဆီတွေများနေလို့ လျှော့ချချင်တယ်ဆိုတဲ့သူတွေအတွက် မျက်နှာပေါ်က အဆီတွေကို ကျစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးသွားမယ်နော်။ ခန္ဓာကိုယ်တစ်ခုပဲ လှပနေလို့မရပါဘူး။ မျက်နှာလည်း လှပဖို့လိုပါတယ်။

၁။ အရင်ဆုံး ဒူးနှစ်ဖက်ကွေးပြီးထိုင်ထားပါ။ လက်နှစ်ဖက်ကို ဒူးပေါ်တင်ပါ။ ကိုယ်ဟန်အနေအထားကို မတ်မတ်နေပါ။ ပြီးရင် လျှာထုတ်လိုက်ပြီး မေးစေ့ကို လည်ပင်းနဲ့ထိအောင်လုပ်ပေးပါ။

၂။ အခုပုံမှာ ပြထားသလို ထိုင်ပါ။ ကိုယ်ကို မတ်မတ်ထားပါ။ လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားပါ။ ပြီးရင် အသက်ကိုခပ်ပြင်းပြင်းရှုပြီး မျက်နှာကိုအောက်ချပြီး လည်ပင်းနားကပ်ပေးပါ။ နေနိုင်သလောက်နေပြီး အသက်ပြန်ရှုထုတ်ကာ ခေါင်းကို ပြန်မတ်ထားပါ။

၃။ အရင်ဆုံးကိုယ်ကိုမတ်မတ်ထိုင်ထားပါ။ လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားပါ။ ပြီးရင် ပါးစပ်ကို ကျယ်ကျယ်ဟပြီး လျှာကို ပါးစပ်အမိုးနဲ့ ထိပေးပါ။ ကိုယ်နေနိုင်သလောက်နေပြီး နဂိုအတိုင်းပြန်နေပါ။

၎။ ပြုံးမယ်။ သွားကိုပေါ်နိုင်သလောက်ပေါ်အောင်။ ပြုံးလိုက်ပါ။ ၁၀ စက္ကန့်လောက်နေပြီး နဂိုအတိုင်းပြန်ပေါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၅။ မှန်ကိုရှေ့မှာချထားပါ။ ပြီးရင် ပါးနှစ်ဖက်ကိုစုပ်ပြီး အခုပုံမှာပြထားသလို စက္ကန့်အနည်းငယ်နေပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။

၆။ အရင်ဆုံး ပြုံးမယ်။ လက်ချောင်းတွေကို နှာခေါင်းနဲ့ နှုတ်ခမ်းကြားမှာ ထားပြီး ပါးပြင်ကို အပေါ်ပင့်လိုက်ပါ။ ပြီးရင် စက္ကန့်အနည်းငယ်နေမယ်။ ပြီးရင်ပြန်ချမယ်။ အကြိမ် ၂၀ ကနေ ၃၀ ကြားလုပ်ပေးမယ်။

၇။ အံ့သြသွားသလို ပုံစံမျိုးလုပ်ပေးရပါမယ်။ မျက်လုံးပြူးးလိုက်ပါ။ ပါးစပ်ကိုလည်း ဖွင့်ထားနိုင်တယ်နော်။ စက္ကန့်အနည်းငယ်နေပြီး နဂိုအတိုင်းပြန်မယ်။ ၄ ကြိမ်ကနေ ၅ ကြိမ်ထိလုပ်ပေးမယ်။

၈။ ဘူမုတ်မယ်။ အရင်ဆုံး နှာခေါင်းကနေ လေကိုရှုသွင်းလိုက်ပြီး ပါးစပ်ကနေ လေကို ဘူဆိုပြီ မှုတ်ထုတ်ပေးရမှာပါ။ ၄ ကြိမ်လုပ်ပေးပါ။

၉။ အနမ်းပေးတဲ့ပုံမျိုးလုပ်ပေးပါမယ်။ နှုတ်ခမ်းနှစ်ဖက်ကို စုပြီး အရှေ့ထုတ်ပေးပါ။ ပြီးရင် ပျွတ်ဆိုတဲ့အသံလေးလုပ်လိုက်မယ်။ ၁၀ ကြိမ်လုပ်ပေးမယ်။

၁၀။ ပါးဖောင်းမယ်။ ပါးစပ်ထဲလေမှုတ်ထည့်ပြီး ပါးတစ်ဖက်ဆီဖောင်းပေးမယ်။ ဖောင်းပြီး ၁၀ စက္ကန့်နေမယ်။ နဂိုအတိုင်းပြန်မေယ်။ ထပ်လုပ်မယ်။ ၁၀ ကြိမ်ထိလုပ်ပေးမယ်။

သူငယ်ချင်းတစ်ယောက်ကသူ့မျက်နှာက အဆီတွေကျချင်လို့ ဘယ်လိုလုပ်ရမလဲမေးတာနဲ့ တကူးတကရှာပြီး ပြောပြထားတာ။ စာဖတ်သူတို့ကိုလည်း ပြန်ပြီါ်မျှဝေပေးလိုက်တယ်နော်။