Yaya လို့ပြောလိုက်တာနဲ့ ချစ်စဖွယ်အပြုံးလေးတွေကို ပြုံးပြလေ့ရှိတဲ့ ထိုင်းမင်းသမီးလေး Yaya Urassaya ကို လူတိုင်းသေချာပေါက်သိကြမှာပါ။ ၁၉၉၃ ဖွား အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Yaya ဟာ ပတ်တယား၊ ချွန်ဘူရီမှာ မွေးဖွားခဲ့တာပါ။

မိသားစုထဲမှာ အငယ်ဆုံးသမီးလေးဖြစ်ပြီး ထိုင်းနှင့်နော်ဝေဂျီအန်လူမျိုးစပ်သူတစ်ဦးလည်းဖြစ်ပါတယ်။

ရေကူး၊ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ရတာနဲ့ မြင်းစီးရတာတွေကို သဘောကျနှစ်သက်တဲ့ Yaya ဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက အနုပညာလောကထဲ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ ELLE Fashion Week, Bangkok International Fashion Week များကဲ့သို့ ရှိုးပွဲအကြီးများတွင် လျှောက်လှမ်းခဲ့သည့် မော်ဒယ်ဘ၀ကနေ ယခုအချိန် နာမည်ကြီးမင်းသမီးတစ်ဦးဘ၀သို့ ရောက်ရှိခဲ့တာပါ။

သူမ ရိုက်ကူးခဲ့ပြီးတဲ့ ရုပ်သံဇာတ်လမ်းတွဲပေါင်း မြောက်မြားစွာထဲမှ Game Rai Game Rak ကတော့ အောင်မြင်မှုအလွန်ရရှိခဲ့ပါတယ်။ ထိုမှတဆင့် ဆုပေါင်းမြောက်မြားစွာကို လက်ခံရရှိခဲ့ပြီး မဂ္ဂဇင်းမျက်နှာဖုံးများ၊ တေးသီချင်းဗွီဒီယိုများတွင် ပါဝင်ရိုက်ကူးခဲ့ရပါတယ်။

သရုပ်ဆောင်ကောင်းရုံကြောင့်သာမဟုတ်ဘဲ သူမရဲ့ဖက်ရှင်အမြင်ကြောင့်လည်း မိန်းကလေးအများစုက အလွန်နှစ်သက်သဘောကျကြတာပါ။ ဒါကြောင့် Yaya ရဲ့ ပရိတ်သတ်တွေ သဘောတွေ့စေဖို့ သူမရဲ့ဖက်ရှင်ဒီဇိုင်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဘယ်လိုဝတ်စုံမျိုးပဲဖြစ်နေပါစေ လှကိုလှလွန်းတဲ့ မင်းသမီးလေးပါ။

သူမရဲ့လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးတွေသာမက ဓာတ်ပုံရိုက်နည်းလေးတွေကပါ မိန်းကလေးတွေ အလွယ်တကူ အတုယူဖို့ အင်မတန်လွယ်ကူလှပါတယ်။