လက်ရှိ ရုံတင်ပြသနေတဲ့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆရာဝန်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က အမေ ဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ အရေးကြီးဆုံး တုနှိုင်းမဲ့ပါ လို့ ဆိုပါတယ်။


သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ
‘အမေ’ ဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ အရေးကြီးဆုံးတုနှိုင်းမဲ့ပါ
အဲ့ဒီလို မိခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးတဲ့ ‘ထာဝရအမေ’ လို ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက် အမေချစ်သမီးတစ်ယောက်အနေနဲ့ အရမ်းပျော်မိတယ်
မိခင်ကို ချစ်တဲ့ သားသမီးတိုင်း လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ


မိခင်တစ်ယောက်ရဲ့ အဆုံးမဲ့ချစ်ခြင်းကို ပရိသတ်ရင်ထဲကို ထိထိမိမိ သဘာဝကျကျ အရောက်ပို့ပေးထားတယ်
သာမာန် ချစ်ကြိုက်ကွဲညား အချစ်ဟာသကားမျိုးမဟုတ်ပဲ ဆရာကြီး အသဲအထူးကု ဒေါက်တာ ဦးခင်မောင်ဝင်းရဲ့ မိခင်အကြောင်းကို တကယ့်ကို မေတ္တာစေတနာနဲ့ ဇာတ်လမ်းဇာတ်ကွက်ကျကျ ဒါရိုက်တာ ဦးဇင်ယော်မောင်မောင်က ဖန်တီးတင်ဆက်ပေးထားတဲ့ ကားကောင်းတစ်ကားဖြစ်တယ်
ကိုနေတိုးနဲ့ အန်တီ မေသန်းနုရဲ့ သရုပ်ဆောင်ချက်တွေကလည်း ဘယ်နှစ်ခါကြည့်ကြည့် ရင်ထဲမှာ ဆို့နင့်ခံစားရတယ်
ကြည့်ပြီးသွားတာနဲံ ကိုယ့်မိခင်ရဲ့မေတ္တာတရားကို ပိုမိုနားလည်လာပြီး ကိုယ့်မိခင်ကို ပိုချစ်ပို အချိန်ပေးကြပါလို့
တစ်ခါတစ်လေကျ သားသမီးတွေက အမေကို ဂရုမစိုက်တာရယ် မဟုတ်ပဲ စားဝတ်နေရေး လူမှုရေး ဘဝအမောတွေကြားမှာ ကိုယ့်မိခင်ကိုယ် ချစ်ဖို့ ပြုစုဖို့ အချိန်ပေးဖို့ မေ့နေတတ်ကြတယ်


အဲ့ဒီလိုများဖြစ်နေခဲ့ရင် ခုဒီထာဝရအမေ ရုပ်ရှင်ကားကို ကြည့်ပြီး ပြန်ရောက်တာနဲ့ မိခင်ကို အချိန်ပေး ဂရုစိုက်ကြပါနော်
မိခင်ဆိုတာ ဘယ်တော့မှ အစားပြန်မရနိုင်ဘူး
ငွေကြေးစည်းစိမ် အောင်မြင်မှုဆိုတာ ပြန်ရှာလို့ရပါတယ်
ပြီးကျ ဒီကားထဲမှာ လူငယ်တွေအတွက် နောက်ထပ်ပြောချင်တာက ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး တကယ်ကြိုးစားရင် တကယ်ဖြစ်တယ် အောင်မြင်နိုင်တယ်ဆိုတာ ဆရာကြီးရဲ့ ဘဝဇာတ်ကြောင်းက သက်သေပါပဲ လို့ရေးသားထားပါတယ်။


မိခင်မေတ္တာဖော်ကျူးရိုက်ကူးထားတဲ့ ထာဝရအမေရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးထားတာဖြစ်ပြီး ၊ နေတိုး၊ ဝတ်မှုံရွှေရည်၊ ရဲအောင်၊ မေသန်းနုနဲ့ သရုပ်ဆောင်များစွာပါဝင်ထားကာ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး ရုံတင်ပြသနေပြီဖြစ်ပါတယ်။