(Zawgyi)

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္သူေတြအေနနဲ႔ ေလ့က်င့္ခန္းလုပ္ရင္ကိုယ္အေလးခ်ိန္က်မယ္လို႔ ယုံၾကည္ထားၾကပါတယ္။ ဒါဟာဘာမွားလို႔လဲလို႔ေတြးရင္ေတာ့ မွန္ပါတယ္။ မမွားပါဘူး။ ဒါေပမယ့္ ေလ့က်င့္ခန္းနဲ႔ အာဟာရဓာတ္ သင့္တင့္မွ်တစြာစားသံုးေပးဖို႔လိုအပ္ပါတယ္။

ေလ့က်င့္ခန္းလုပ္ၿပီး အၿမဲတမ္းစားေနရင္၊ ညဖက္မွာလည္း အဆီတက္ေစတဲ့အစားအစာေတြကို စားေနရင္ေတာ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေနေပမယ့္လည္း ဘာမွထူးမွမဟုတ္ပါဘူး။ ၀ိတ္က်ခ်င္လို႔ Gym ကစားတာ၊ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာထက္ ခႏၶာကိုယ္အခ်ိဳးအစား က်စ္လ်စ္ဖို႔နဲ႔ က်န္းမာေရးအတြက္ဆိုၿပီး ခံယူထားသင့္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ အာဟာရဓာတ္သင့္တင့္မွ်တစြာစားသံုးဖို႔ပါပဲ။ အာဟာရဓာတ္သင့္တင့္မွ်တစြာစားသံုးတယ္လို႔ဆိုရမွာ ေျပာရတာလြယ္သေလာက္လည္း လုပ္ရခက္ခဲလွပါတယ္။

ယေန႔ေခတ္မွာအလုပ္ကိုယ္ဆီနဲ႔ မအားလပ္ရတဲ့အထဲ အာဟာရဓာတ္မွ်တေအာင္ ေရြးခ်ယ္စားဖို႔ဆိုတာ သိပ္ၿပီးမလြယ္ကူလွေတာ့ပါဘူး။ ဒါ့ေၾကာင့္လည္း အသင့္စားအစားအစာေတြကို ၀ယ္ၿပီးစားသံုးမိၾကပါတယ္။ အဲဒီလိုအလြယ္လမ္းကလိုက္မယ့္အစား အာဟာရဓာတ္သင့္တင့္မွ်တေအာင္ စားသံုးသင့္ပါတယ္။

အဆီမ်ားတာကိုေလွ်ာ့စားတာ၊ အဆီေတြကိုဆစ္ၿပီးစားေပးတာမ်ိဳးလုပ္ေပးသင့္သလို သေရစာစားရာမွာလည္း အသီးအႏွံေတြကိုေရြးခ်ယ္စားသံုးသင့္ပါတယ္။ အဆီမ်ားတာကို ေလွ်ာ့စားလို႔ေျပာတာမို႔ အဆီလံုး၀မစားဘဲမေနသင့္ပါဘူး။ ေထာပတ္သီး၊ ငါး စတ့ဲ Omega 3 Fatty Acid အဆီပါ၀င္တဲ့ က်န္းမာေရးအတြက္ေရာ အလွပအတြက္ပါအေထာက္အကူျပဳတဲ့ အစားအစာကိုေတာ့ သင့္တင့္မွ်တစြာစားေပးပါ။

ေနာက္တစ္ခ်က္ေတာ့ စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ဖို႔လိုပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ သင့္မွာအဆီေတြစုလာၿပီး ၾကည့္လိုက္ရင္ ၀တယ္လို႔မထင္ရေပမယ့္ ဗိုက္မွာေရာ ခႏၶာကိုယ္မွာေရာ အဆီေတြစုေနတာမ်ိဳးျဖစ္တတ္ပါတယ္။ တခ်ိဳ႕ေျပာတာကို ၾကားဖူးၾကမွာပါ။ သူၾကည့္လိုက္ရင္မ၀သလိုနဲ႔ အဆီေတြအမ်ားႀကီးပဲဆိုတာမ်ိဳးေပါ့။ အဲဒါရဲ႕ အဓိကျပႆနာကေတာ့ စိတ္ဖိစီးမႈေၾကာင့္ျဖစ္ပါတယ္။ စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ဖို႕ဆိုရင္ေတာ့ မနက္ေစာေစာမွာ အသက္ရွဴေလ့က်င့္ခန္းလုပ္တာ၊ ျဖည္းျဖည္းေျပးတာ၊ လမ္းေလွ်ာက္တာမ်ိဳးလုပ္သင့္ပါတယ္။

အိပ္ေရး၀၀အိပ္သင့္ပါတယ္။ အလွပအတြက္ေရာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ပါ အိပ္ေရး၀၀အိပ္ေပးပါ။ တခ်ိဳ႕ အိပ္ေရးမ၀ရင္ အိပ္ေရးပ်က္ရင္ ပိန္တယ္လို႔ထင္ေနတတ္ၾကပါတယ္။ ဒါဟာတကယ္ေတာ့မမွန္ပါဘူး။ မ်က္ကြင္းေဟာက္ပက္နဲ႔ သင့္အသားအေရကိုလည္း အျမန္ဆံုး အိုမင္းရင့္ေရာ္ေစပါတယ္။ ည ၁၁ နာရီမထိုးခင္ အိပ္ယာ၀င္ေပးတာဟာ သင့္အသားအေရအတြက္ေကာင္းမြန္ပါတယ္။ တစ္ေန႔ကို ၈ နာရီအိပ္ေပးသင့္ပါတယ္။

ေရမ်ားမ်ားေသာက္ပါ။ တစ္ေန႔ကို ေရအနည္းဆံုး ၈ ခြက္ ၉ ခြက္ေသာက္ေပးသင့္ပါတယ္။ အစာမစားခင္ ၅ မိနစ္ (သို႔) ၃ မိနစ္အလိုမွာ ေရတစ္ခြက္ေလာက္ေသာက္ေပးပါ။

အစာမစားဘဲမေနသင့္ပါဘူး။ ညစာလံုး၀မစားတာမ်ိဳးမလုပ္သင့္ပါဘူး။ တစ္ပတ္အတြင္း ၁၀ ေပါင္၊ ေပါင္၂၀ေလာက္ခ်မယ္ဆိုတာဟာလည္း ယုတၱိမရွိတဲ့ အယူအဆအမွားေတြပါ။ အစာမစားရင္ ကိုယ္အေလးခ်ိန္က်မယ္ဆိုတာထက္ အားအင္ယုတ္ေလ်ာ့ၿပီး သင့္က်န္းမာေရးကိုထိခိုက္ေစသလို အသားအေရလည္း အိုမင္းရင့္ေရာ္ေစတာမို႔ အျမန္ဆံုးရုပ္ရင့္ေစပါတယ္။ တကယ္ေတာ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တယ္ဆိုရာမွာ အစားလံုး၀မစားဘဲ အစာေရွာင္မယ့္အစား အာဟာရသင့္တင့္မွ်တေအာင္စားေပးပါ။

(Unicode)

ကိုယ်အလေးချိန်လျှော့ချချင်သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ရင်ကိုယ်အလေးချိန်ကျမယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါဟာဘာမှားလို့လဲလို့တွေးရင်တော့ မှန်ပါတယ်။ မမှားပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းနဲ့ အာဟာရဓာတ် သင့်တင့်မျှတစွာစားသုံးပေးဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး အမြဲတမ်းစားနေရင်၊ ညဖက်မှာလည်း အဆီတက်စေတဲ့အစားအစာတွေကို စားနေရင်တော့ ကိုယ်အလေးချိန်လျှော့ချနေပေမယ့်လည်း ဘာမှထူးမှမဟုတ်ပါဘူး။ ဝိတ်ကျချင်လို့ Gym ကစားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာထက် ခန္ဓာကိုယ်အချိုးအစား ကျစ်လျစ်ဖို့နဲ့ ကျန်းမာရေးအတွက်ဆိုပြီး ခံယူထားသင့်ပါတယ်။

နောက်တစ်ချက်ကတော့ အာဟာရဓာတ်သင့်တင့်မျှတစွာစားသုံးဖို့ပါပဲ။ အာဟာရဓာတ်သင့်တင့်မျှတစွာစားသုံးတယ်လို့ဆိုရမှာ ပြောရတာလွယ်သလောက်လည်း လုပ်ရခက်ခဲလှပါတယ်။

ယနေ့ခေတ်မှာအလုပ်ကိုယ်ဆီနဲ့ မအားလပ်ရတဲ့အထဲ အာဟာရဓာတ်မျှတအောင် ရွေးချယ်စားဖို့ဆိုတာ သိပ်ပြီးမလွယ်ကူလှတော့ပါဘူး။ ဒါ့ကြောင့်လည်း အသင့်စားအစားအစာတွေကို ဝယ်ပြီးစားသုံးမိကြပါတယ်။ အဲဒီလိုအလွယ်လမ်းကလိုက်မယ့်အစား အာဟာရဓာတ်သင့်တင့်မျှတအောင် စားသုံးသင့်ပါတယ်။

အဆီများတာကိုလျှော့စားတာ၊ အဆီတွေကိုဆစ်ပြီးစားပေးတာမျိုးလုပ်ပေးသင့်သလို သရေစာစားရာမှာလည်း အသီးအနှံတွေကိုရွေးချယ်စားသုံးသင့်ပါတယ်။ အဆီများတာကို လျှော့စားလို့ပြောတာမို့ အဆီလုံးဝမစားဘဲမနေသင့်ပါဘူး။ ထောပတ်သီး၊ ငါး စတဲ့ Omega 3 Fatty Acid အဆီပါဝင်တဲ့ ကျန်းမာရေးအတွက်ရော အလှပအတွက်ပါအထောက်အကူပြုတဲ့ အစားအစာကိုတော့ သင့်တင့်မျှတစွာစားပေးပါ။

နောက်တစ်ချက်တော့ စိတ်ဖိစီးမှုကိုလျှော့ချဖို့လိုပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်မှာအဆီတွေစုလာပြီး ကြည့်လိုက်ရင် ဝတယ်လို့မထင်ရပေမယ့် ဗိုက်မှာရော ခန္ဓာကိုယ်မှာရော အဆီတွေစုနေတာမျိုးဖြစ်တတ်ပါတယ်။ တချို့ပြောတာကို ကြားဖူးကြမှာပါ။ သူကြည့်လိုက်ရင်မဝသလိုနဲ့ အဆီတွေအများကြီးပဲဆိုတာမျိုးပေါ့။ အဲဒါရဲ့ အဓိကပြဿနာကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချဖို့ဆိုရင်တော့ မနက်စောစောမှာ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ဖြည်းဖြည်းပြေးတာ၊ လမ်းလျှောက်တာမျိုးလုပ်သင့်ပါတယ်။

အိပ်ရေး၀၀အိပ်သင့်ပါတယ်။ အလှပအတွက်ရော ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ပါ အိပ်ရေး၀၀အိပ်ပေးပါ။ တချို့ အိပ်ရေးမဝရင် အိပ်ရေးပျက်ရင် ပိန်တယ်လို့ထင်နေတတ်ကြပါတယ်။ ဒါဟာတကယ်တော့မမှန်ပါဘူး။ မျက်ကွင်းဟောက်ပက်နဲ့ သင့်အသားအရေကိုလည်း အမြန်ဆုံး အိုမင်းရင့်ရော်စေပါတယ်။ ည ၁၁ နာရီမထိုးခင် အိပ်ယာဝင်ပေးတာဟာ သင့်အသားအရေအတွက်ကောင်းမွန်ပါတယ်။ တစ်နေ့ကို ၈ နာရီအိပ်ပေးသင့်ပါတယ်။

ရေများများသောက်ပါ။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက် ၉ ခွက်သောက်ပေးသင့်ပါတယ်။ အစာမစားခင် ၅ မိနစ် (သို့) ၃ မိနစ်အလိုမှာ ရေတစ်ခွက်လောက်သောက်ပေးပါ။

အစာမစားဘဲမနေသင့်ပါဘူး။ ညစာလုံးဝမစားတာမျိုးမလုပ်သင့်ပါဘူး။ တစ်ပတ်အတွင်း ၁၀ ပေါင်၊ ပေါင်၂၀လောက်ချမယ်ဆိုတာဟာလည်း ယုတ္တိမရှိတဲ့ အယူအဆအမှားတွေပါ။ အစာမစားရင် ကိုယ်အလေးချိန်ကျမယ်ဆိုတာထက် အားအင်ယုတ်လျော့ပြီး သင့်ကျန်းမာရေးကိုထိခိုက်စေသလို အသားအရေလည်း အိုမင်းရင့်ရော်စေတာမို့ အမြန်ဆုံးရုပ်ရင့်စေပါတယ်။ တကယ်တော့ ကိုယ်အလေးချိန်လျှော့ချတယ်ဆိုရာမှာ အစားလုံးဝမစားဘဲ အစာရှောင်မယ့်အစား အာဟာရသင့်တင့်မျှတအောင်စားပေးပါ။