ကမ္ဘာပေါ်ရှိအချို့သူများသည် မိမိချစ်ခင်နှစ်သက်ရသည့် အနုပညာရှင်များ၏စားသောက်မှုပုံစံကိုလိုက်၍ ကိုယ်အလေးချိန်လျော့ချရသည်ကို နှစ်သက်သဘောကျကြပါတယ်။ ထိုသူတို့၏စားသောက်ပုံစနစ်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့်အစားသောက်များနှင့် ပြည့်နှက်နေသော်လည်း တခါတရံတွင်ထူးဆန်းသည့်အစားအစာများလည်း ပါဝင်လာတတ်ပါတယ်။ ထို့ကြောင့် မည်သည့်အနုပညာရှင်များက မည်သို့သောအစားအသောက်များကိုသာ စားသုံးပေးခြင်းကြောင့် အံ့အားသင့်ဖွယ်ကောင်းလောက်သော ကိုယ်ခန္ဓာအချိုးအစားပြောင်းလဲနိုင်သွားလဲဆိုတာ သိရှိစေနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။

၁။ မုန်လာဥနီနှင့်အယ်လ်မွန်များ – Natalie Portman

Black Swan ဖြင့်နာမည်ကျော်ကြားလာခဲ့သည့် Natalie သည် မုန်လာဥနီနှင့်အယ်လ်မွန်များကိုသာ စားသုံးပေးခြင်းဖြင့် ပေါင် ၂၀ ထိကျဆင်းသွားခဲ့ပါတယ်။ သူမ၏သေးသွယ်သော ဘဲလေးကချေသည်ကိုယ်ခန္ဓာဟန်အချိုးအစားကို တစ်နှစ်ပတ်လုံးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

၂။ အရွက်စိမ်းများ – Elle Macpherson

Elle Macpherson သည် ပန်းဂေါ်ဖီစိမ်းနှင့် ဂျုံနှင့်လုပ်သောအစားအစာများကိုသာ စားသောက်ခဲ့ပြီး ကော်ဖီနှင့်အရက်တို့ကို အထူးရှောင်ရှားခဲ့သောကြောင့် အသက် ၅၁ နှစ်အရွယ်ဖြစ်သော်ငြားလည်း သွယ်လျသောခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်လျက်ရှိနေပါတယ်။

၃။ အသီးအနှံများ – Ashton Kutcher

‘Jobs’ ရုပ်ရှင်ကားအတွက် လိုက်ဖက်သောကိုယ်ခန္ဓာကိုရရှိနိုင်ရန်အတွက် အခွံမာသီးများ၊ အသီးအနှံများပေါ်သာ မှီခိုအားကိုးခဲ့သည့် Ashton သည် လိုချင်သောအချိုးအစားကိုရရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဆေးရုံသို့ရောက်ခဲ့ရပါသေးတယ်။

၎။ အုန်းဆီတစ်ဇွန်း – Miranda Kerr

Victoria’s Secret ၏မော်ဒယ်လ်ဖြစ်ခဲ့ဖူးသည့် Miranda Kerr သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားရန်အတွက် မနက်မိုးလင်းတိုင်း အုန်းဆီကိုသုံးစွဲပေးပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေကာ အူသိမ်အူမကြီးကိုလည်း ကျန်းမာမှုရှိစေပါတယ်။ ထိုမျှသာမက အသားအရေကိုနူးညံ့အိစက်စေကာ ကျစ်လျစ်လှပသောကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်စေပါတယ်။

၅။ ပန်းသီးရှာလကာရည် – Heidi Klum

နာမည်ကြီးမော်ဒယ်တစ်ဦးဖြစ်သော Heidi Klum သည် သူမ၏သေးသွယ်လှပသောကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်ရန်အတွက် ဇီဝတွင်းဖြစ်ပျက်မှုကို ကောင်းမွန်စေသာ ပန်းသီးရှာလကာရည်ကို သုံးစွဲပေးပါတယ်။ တက်လာသည့်ကိုယ်အလေးချိန်ကို ဖယ်ရှားရန်အတွက် မနက်တိုင်းမှန်မှန်တစ်ဇွန်းစားသုံးပေးပါတယ်။

၆။ ကလေးအစားအစာများ – Reese Witherspoon

အင်မတန်ချစ်ဖွယ်ကောင်းသော မင်းသမီးတစ်လက်ဖြစ်သည့် Reese Witherspoon သည် မနက်စာနှင့်နေ့လည်စာကို ကလေးများစားသောက်သည့်အစာ ၁၄ ဘူးကို အစားထိုးစားသောက်ပေးလေ့ရှိပါတယ်။

၇။ အသီးဖျော်ရည်များ – Jessica Simpson

၂၀၁၂ ခုနှစ်တွင်သမီးလေးကို ဖွားမြင်ပြီးနောက် ကိုယ်အလေးချိန်လွန်ကဲစွာတက်လာမှုကြောင့် စိတ်အလွန်ရှုပ်ခဲ့ရပါတယ်။ အနှေးနှင့်အမြန် ကိုယ်အလေးချိန်လျော့ချချင်သောကြောင့် နေ့စဉ်စားသောက်မှုပုံစံတွင် အသီးဖျော်ရည်ကို ထည့်သွင်းခဲ့ပါတယ်။ အချိန်အတိုင်းအတာတစ်ခုကြာမြင့်ပြီးနောက်မှာတော့ သေးသွယ်ကျစ်လျစ်သည့်ခန္ဓာကိုယ်ကို ရယူနိုင်ခဲ့ပါတယ်။