၂၀၁၄ မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် မြန်မာနိုင်ငံက ပျူမြို့ဟောင်းသုံးမြို့ကို World Heritage Site တွေအနေနဲ့ အသိမှတ်ပြုပြီးကတည်းက ဒီမြို့တွေကိုရောက်ချင်နေခဲ့တာ ဒီတစ်နှစ်အတွင်း ဆန္ဒပြည့်သွားပါတယ်!

ပျူမြို့ဟောင်းတွေထဲမှာ လတ်တလော ဖော်ထုတ်ချက်တွေအရ အစောဆုံးးက စစ်ကိုင်းတိုင်း, ရွှေဘိုခရိုင်, ဝက်လက်မြို့နယ်ထဲက ဟန်လင်းမြို့ဟောင်း! သူက ကျောက်ခေတ်, ကြေးခေတ်, သံခေတ်တည်းက ဒီဒေသမှာ လူသားတွေ အခြေချခဲ့တဲ့ အထောက်အထား လူရိုးစုတွေ တွေ့ရှိထားပါတယ်!

နောက်တော့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ထဲက ဗိဿနိုးမြို့ဟောင်း! ပန်ထွာဘုရင်မရဲ့ သမိုင်းကို အတည်ပြုဖို့ အချက်အလက် နန်းတော်ကုန်းတွေ, ပျူအသုံးအဆောင်တွေ ကိုလေ့လာတဲ့အခါ လွန်ခဲ့တဲ့နှစ် ၂၀၀၀ ကျော်က ထွန်းကားခဲ့တဲ့ မြို့ကြီးလို့ ယူဆရပါတယ်!
နောက်ဆုံးးတစ်ခုက အေဒီ ၈ ရာစုအထိ ဖွံ့ဖြိုးခဲ့တယ်လို့ အထောက်အထားတွေတွေ့ထားတဲ့ ပဲခူးတိုင်းပြည်မြို့အနီးက သရေခေတ္တရာမြို့ဟောင်းပါ!

ဒီသုံးမြို့ကို ဒီနှစ်ထဲရောက်ပါတယ်! ရောက်တဲ့အခါ ရာဇဝင်တွေနဲ့ ခရီးသွားလေ့ရှိတဲ့ကိုယ်က ဒီဒေသတွေက သမိုင်းတွေကို ပြန်တွေးပြီးးအရသာရှိရှိ လေ့လာပါတယ်, လည်ပတ်ပါတယ်!

ခရီးသွားခြင်းမှာ အများသူငါလို သဘာဝ ခရီးသွားးရတာကိုကြ်ုက်ပါတယ်! ဒါပေမယ့် သမိုင်းနဲ့ ခရီးသွားရတာကို ပို အရသာတွေ့ပါတယ်! ပညာရှင်မဟုတ်ပါဘူး, ဝါသနာရှင်ပါ! သမိုင်းနဲ့ခရီးသွားရတာ အရသာရှိကြောင်း ပြောချင်လို့ ရေးပါတယ်!
မိဘတွေကလည်းးသူတို့ဖတ်ထားသမျနဲ့ ရောက်တဲ့နေရာအကြောင်းးနားထောင်ကောင်းအောင်ပြောကြတော့ ဒီအလေ့အထက ငယ်ကတည်းက စွဲနေပါတယ်! အတိုချူပ်ပြောကြည့်ပါမယ်! မှားတာရှိရင် ပြောပေးကြပါရှင့်!

ဟန်လင်း

အခု ပျူမြို့တွေအကြောင်းးပြန်ဆက်ရရင်, ရေးစရာပြောစရာတွေက အများကြီးပါ! နောက်ဆုံးရောက်တဲ့ ဟန်လင်းကနေ စပြောချင်ပါတယ်! ဟန်လင်းဟာ အစောဆုံးပျူမြို့ဆိုတော့ သူဘာကြောင့် အစောဆုံးလဲဆိုတာ လေ့လာကြည့်ပါတယ်! လေ့လာတွေ့ရတဲ့ အချက်အလက်တွေအရဆိုရင် ပျူတွေက ကိုယ်ပိုင်စာရှိတယ် !ယဉ်ကျေးမှုရှိတယ်! ဓလေ့ထုံးတမ်းတွေကို လိုက်နာတယ်! နှိမ့်ချတတ်တယ်! ဘာသာတရားကိုင်းရှိုင်းတယ်!

ယဉ်ကျေးမှုတွေကတော့ ဂန္ဒာလရာဇ်နဲ့ မဇျိမဒေသအင်အားကြီး နှစ်နိုင်ငံ ကြားမှာမလို့ အဲဒီ အငွေ့သက်တွေ ထုံမွှန်းးနေပါတယ်!
ဟန်လင်းဒေသမှာ ပျူမင်းဆက် ၇၉၉ ဆက်အထိ နေခဲ့တယ်လို့ သိရပြီး အစဉ်အဆက် ကြားသိရတဲ့ နားထောင်ကောင်းတဲ့ ဒဏာရီအရဆိုရင် အဲဒီနောက်ဆုံးပျူမင်းဆက်နာမည်ကလည်း ပုဂံမင်းဆက်လိုပဲ ပျူစောထီးပါတဲ့! ပျူစောထီးမှာ ပြုံးမင်းလို့ခေါ်တဲ့ ညီတပါးရှိပါတယ်! သူဟာ ပြုံးလိုက်ရင် ရွှေမိုးငွေမိုးရွာစေတဲ့သူမို့, ဘေးအနားက အိမ်နီးချင်းနိုင်ငံ တရုတ်ဧကရာဇ်က (အဆိုအရတော့ ဥတည်ဘွားပဲပေါ့) ဟုတ်မဟုတ် သံတမန်လွှတ် စုံစမ်းပါတယ်! သံအမတ်ရောက်တဲ့အခါ အကိုမင်းက ညီကို ပြုံးခိုင်းတော့ မပြုံးပါဘူး! သူက တရားဘာဝနာအားထုတ်တော့ ဇာတိသရဉာဏ်ရနေပြီး မကြာခင် သူ့မရီးဟာ ကွယ်လွန်ပီးး လားရာ မကောင်းတော့မှာကို တွေ့ရလို့ပါတဲ့!

သူမရီတဲ့အခါ သူ့အကိုက သံအမတ်ရှေ့ အမိန့်လွန်ဆန်ရကောင်းလားဆိုပြီး သုတ်သင်သတဲ့! အဲဒီမှာ သူတော်ကောင်းကို သတ်ပစ်တဲ့အတွက် ဟန်လင်းမှာ ပြာပူမိုးးရွာချပြီး မြို့ကြီးပျက်သတဲ့လို့ ကြားဖူးရပါတယ်!

ဒီဟာလေးသိထားရတော့ ဟန်လင်းရောက်တဲ့အခါ လေ့လာပါတယ်! ပြာပူမိုးရွာတာ ဘာကြောင့်လဲ! အနီးနားမှာ မီးတောင်ရှိသလား! ဘာကြောင့်လဲလို့ စူးစမ်းပါတယ်! အဲဒီဒေသနားမှာ မီးတောင်မရှိဘူးဆိုတာတော့ ဒေသခံတွေဆီက သိရပါတယ်! သူတို့အပြောအရ အဲ့ဒီဒေသမှာ မြေကြီးရောင်တွေကလည်း မှိုင်းညို့ညို့ တကယ်ပဲ ပြာပူမိခဲ့တဲ့ မြေလိုမျိုးတွေ! ပြီးတော့ ဒေသက ဆားထွက်ပါတယ်! ကုန်းတွင်းဆားထုတ်လို့ရပါတယ်! ကိုယ့်ဟာကို သုံးသပ်မိတာက ရာဇဝင်အသာထား! လက်တွေ့ကျကျကြည့်ရင် ပူတဲ့ဒေသဖြစ်တဲ့အတွက် တောမီးလည်းးလောင်နိုင်ပါတယ်! ဒါကြောင့် တောတွင်းက မီးတွေဟာ လေသင့်ပြီးမြို့ကြီးပျက်တဲ့အထိ ဖြစ်ခဲ့တာလားလို့ တွေးမိပါသေးတယ်!

ပျူတွေ ဘယ်လိုဖြစ်ကုန်တာလဲ, ကျိန်စာတွေ သင့်ကူန်တာလား, လူသားမျိုးဆက်တခါတည်း ပျောက်ကုန်သေးတာလားအတွေးနယ်ချဲ့မိပါတယ်!  ၁၉၀၃ ခုတည်းက စလေ့လာခဲ့တဲ့ဟန်လင်းမြို့ဟောငါးမှာ ခုချိန်ထိ ကုန်းပေါင်း ၄၃ ခုတူးပြီး ပါပြီ! တူးပြီးထဲက ခုချိန်ထိ ကာဘွန်ဓာတ်ခွဲကြည့်တဲ့အခါ ပျူအစော အလယ်နှောင်းခွဲလို့ ရပါတယ်!

ကုန်းတွေထဲက ကုန်းအမှတ် ၂၆, သချိုင်းရာ နေရာမှာတော့ မြေအောက် ၁၁ ပေ အနက်ဆုံးက တူးဖော်ရတဲ့ လူအရိုးစုတွေဟာ ကျောက်ခေတ်ကာလ နှစ် ၃၀၀၀-၅၀၀၀ ကြားလို့ အကြမ်းဖျင်းသတ်မှတ်တွေ့ပါတယ်! လူအရိုးစုတွေသီးသန့်မြှပ်နှံပြီးတော့ ဒီထက်ပိုစောတဲ့ကာလပိုင်း နှစ် ၂၀၀၀ နောက်ပိုင်းကျတော့ အိုးခွက်အသုံးဆောင်တွေပါ ရောမြှပ်တာတွေ့ပါတယ်! သူတို့တွေဟာ သာမန်အရပ်သားတွေတော့ ဟုတ်ဟန်မတူပဲ အဆင့်မြင့် အသိုင်းဝိုင်းကဖြစ်ပုံပါ! အီဂျစ်က ပိရမစ်တွေထဲက မံမီတွေကိုတောင် သတိရစေပါတယ်! ဒီမြို့ဟောင်းကနေ အရိုးအိုး, လက်နက်, ပုတီးတွေ, ရွှေထည်တွေ, လူရိုးစုတွေ, ကျောက်စာတွေ, နန်းအုတ်ရိုးတွေ တွေ့ပြီးပါပြီ! ဒါပေမယ့် ဒီဒေသမှာ ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်တယ်လို့လအ မှတ်အသားတွေ သိပ်မတွေ့ရပါဘူး! နတ်ဘုရားတွေလို ဟိန္ဒူအယူအဆတွေနဲ့လကိုးကွယ်မှုတွေ ပိုတွေ့ရပါတယ်!

ဒီမြို့ဟောင်းဒေသက တစ်မိုင်ခွဲသာသာပဲရှိပါတယ်! လက်ရှိ လူတွေနေနေဆဲပါ! လယ်ယာထွန်ယက်လို့ ရှေးပစည်းတွေပေါ်လာရင် လာအပ်ချင်စိတ်ပေါက်အောင် တန်ရာတန်ကြေး ဆုလဒ်ကို အစိုးရကပေးနေပါတယ်! ဒီဒေသမှာ လယ်ထွန်ယက်တာကို အင်အားပြင်းစက်တွေလမသုံးစေပါဘူး! ဒါသင့်တော်တဲ့ အချက်ပါ! ဒီမြေဟာသာမန်ဒေသ မဟုတ်ပါဘူး, ကိုယ့်လူမ်ျူးကို့ဒေသမှာ နေခဲ့တဲ့သူတွေရဲ့ အမွေနှစ်ပါ! စက်ကြီးတွေ အင်အားသုံးစိုက်တဲ့အခါ မြေအောက်မှာ ရောက်နေခဲ့တဲ့ အတ်တ်သမိုင်းဟာ အဟောသိကံ ပျက်စီးခြင်းရောက်ရမှာပါ! လူ့သဘာဝ ကိုယ်ကျိုးကြည့်ချင်သူတွေအကြားမှာ ဒါကိုတော့ ကြပ်ကြပ်မတ်မတ် ထိန်းရပါလိမ့်မယ်! ခိုးပြီးစက်သုံးထွန်ယက်တာ, စိုက်ပျိုးတာရှိရင် ဒေသခံတွေကို အစိုးရက ပညာပေးအစီစဉ်ချမှတ်ပြီး သင့်တော်တဲ့ မြေနေရာ ပြန်ချပေးဖို့လည်းလိုမယ်ထင်ပါတယ်!
အဲဒီ မြေနေရာဒေသတဝိုက်ဟာ မြေအောက်ကမ္ဘာ ကြီးးတစ်ခု ရှိခဲ့မှာမို့ ဒါကို တန်ဖိုးမသိသူတွေကြောင့် ပျက်စီးခြင်းကာကွယ်ပြီး တန်ဖိုးထားရပါမယ်!

ဒီဟန်လင်းကို သွားမယ်ဆို ရွှေဘိုကနေ မြောင်းပေါင်လမ်းအတိုင်း ဆယ်မိုင်ခန့် ဝင်ရပါတယ်! ဝက်လက်ကနေဝင်ရတဲ့လမ်းကတော့ ဆိုးရွားပါတယ်! လမ်းသာတဲ့ဘက်ဆိုတာတောင် မြောင်းပေါင်ပေါ်ကမလို့ တော်တော်မောင်းယူရပါတယ်!
သမိုင်းစိတ်ဝင်စားသူတွေဟာ ဒီနေရာကို တကယ် အရသာရှိရှိ သွားလေ့လာသင့်ပါတယ်!