အလွန်အေးစိမ့်သည့် ဆောင်းရာသီသို့ရောက်နေစဉ်ကာလများတွင် ချစ်ရသူနှင့်စိတ်ကူးယဉ်ဆန်ဆန်ဒိတ်လုပ်ဖို့ အ၀တ်အစားပြင်ဆင်ပြီးဝတ်ဆင်ဖို့မှာ အင်မတန်ကြိုးစားရပါတယ်။ အပြင်ဖက်ဆောင်းရာသီဒိတ်များသာမက ချစ်သူများနေ့ညစာဒိတ်များမှာပါ စတိုင်ကျလှပနေပြီး နွေးထွေးမှုလည်းပေးစွမ်းနိုင်မည့် အ၀တ်အစားဆင်ယင်မှုပုံစံတချို့ကို ဖော်ပြပေးထားသောကြောင့် ဒိတ်လုပ်မှုကထင်သလောက်မဖြစ်မြောက်လျှင်တောင် အနည်းဆုံးအနေဖြင့် မိမိကိုယ်ကို ကြည့်ကောင်းသည်ဆိုပြီး ပြောနိုင်မှာဖြစ်ပါတယ်။

ရေခဲပြင်စကိတ်စီးဒိတ်

အေးမြသောအပြင်ဖက်ဒိတ်များအတွက် အရေးကြီးဆုံးမှာ သက်သောင့်သက်သာရှိဖို့ပဲဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်ရန်မှာ ပထမဦးစားပေးဖြစ်သည့်အတွက် ဘောင်းဘီအောက်တွင် ပါးလွှာသည့်အသားကပ်ဘောင်းဘီတစ်ထည်ကို အောက်ခံဝတ်ပေးပါ။ လက်ရှည်ရှပ်အင်္ကျီအပေါ်တွင် အနွေးဓာတ်ကိုပေးစွမ်းနိုင်ရန် အပေါ်ထပ်အင်္ကျီနှင့်ကုတ်အင်္ကျီကို ပေါင်းစပ်ဝတ်ပေးနိုင်ပါတယ်။

ချစ်သူများနေ့ညစာဒိတ်

Bodysuit အပေါ်မှ ခါးမြင့်ဂျင်းဘောင်းဘီကို တွဲဖက်ကာ သားရေဂျာကင်အင်္ကျီကို ထပ်ပေါင်းဝတ်ဆင်လိုက်ခြင်းသည်ကိုယ်ခန္ဓာအချိုးအစားကို ပေါ်လွင်စေကာ ဆွဲဆောင်မှုရှိသည့်အသွင်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဘွတ်ဖိနပ်၊ လက်ပွေ့အိတ်၊ လည်ပင်းကပ်ဆွဲကြိုးတို့ဖြင့် တွဲဖက်ဆင်ယင်လိုက်ပါက အကောင်းဆုံးသောအသွင်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

မြို့ထဲတနေ့တာ

မိမိကြိုက်နှစ်သက်သော မြို့တစ်မြို့ကိုသွားရောက်လည်ပတ်တော့မည်ဆိုလျှင် ဆွဲဆောင်မှုရှိသည့်ဖက်ရှင်အသွင်ကို ပေါင်းစပ်ဝတ်ဆင်ပေးပါ။ တခြမ်းစောင်းဒီဇိုင်းစကပ်ကို ချစ်ဖွယ်ကောင်းသည့် လည်ပင်းပိတ်အင်္ကျီ၊ အပေါ်ထပ်အင်္ကျီတို့ဖြင့် လိုက်ဖက်ညီစွာ တွဲဖက်ပေးနိုင်ပါတယ်။ Accessories များအတွက် အရွယ်အစားသေးငယ်သည့်အရာများက ပိုမိုကြည့်ကောင်းမှာပါ။

ရုပ်ရှင်ဒိတ်

နွေးနွေးထွေးထွေး ရုပ်ရှင်ဒိတ်အတွက် ပုံမှန်ဘောင်းဘီများကို အနည်းငယ်ပွသည့်ဆွယ်တာ၊ သားရေဂျာကင်နှင့် ဒေါက်ဖိနပ်တို့ဖြင့် ၀တ်ဆင်လိုက်မည်ဆိုလျှင်တော့ လွတ်လပ်ပေါ့ပါးသည့် စတိုင်အပြည့်နှင့်အသွင်ကို ရရှိနိုင်မှာပါ။