[Zawgyi]

ေဆာငး္ရာသီက ေအးခ်မ္းျပီး ေနလို႔ေကာင္းတဲ့ ရာသီတစ္ခုပါ။ ဒါေပမဲ့ ေဆာင္းတြင္းမွာ တိုက္တဲ့ေလက အသားအေရ၊ ဆံေကသာနဲ႔ ႏႈတ္ခမ္းကို ေျခာက္ေသြ႕ေစပါတယ္။ ဒါေၾကာင့္ ပံုမွန္လုပ္ေနက် အလွအပထိန္းသိမ္းနည္းေတြန႔ဲ မလံုေလာက္ေတာ့ပါဘူး။ ဂရုစိုက္မႈကို ပိုတိုးေပးရပါတယ္။ ဒီေတာ့ပ်ိဳေမတို႔အတြက္ ေဆာင္းတြင္းမွာ နဂိုလွျမဲအတုိင္း လွေနဖို႔ အလွအပထိန္းသိမ္းနည္းေတြကို ေဖာ္ျပေပးလိုပါတယ္။

၁။ ေရမ်ားမ်ားေသာက္ပါ

ေဆာင္းတြင္းမွာ ေအးေတာ့ ေရေသာက္ဖို႔ ေမ့ေနတတ္ပါတယ္။ ေရေသာက္တာက အသားအေရနဲ႔ ႏႈတ္ခမ္းကို အစိုဓာတ္ေပးပါတယ္။ တစ္ေန႔ကို ေရ သံုးလီတာကေန ေလးလီတာ ေသာက္သံုးသင့္ပါတယ္။

၂။ စားေသာက္ပံု စနစ္ေျပာင္းလဲပါ

အရည္ခၽြမ္းတဲ့ အသီးအႏွံေတြ မ်ားမ်ားစားေပးပါ။ သင့္ရဲ႕ အသားအေရကို ေရဓာတ္ျဖည့္တင္းေပးဖို႔ လိုအပ္ပါတယ္။

၃။ ပိုးသားေခါင္းအံုးစြပ္သံုးပါ

ပိုးသားေခါင္းအံုးစြပ္က ဆံပင္ပ်က္စီးမႈနဲ႔ ဆံသားက်ိဳးတာကို ကာကြယ္ေပးပါတယ္။ အေရးအေၾကာင္းေတြ ေရာ့ပါးေအာင္လည္း ပိုးသားေခါင္းအံုးစြပ္က ကူညီေပးပါတယ္။

၄။ အုန္းဆီသံုးၾကည့္ပါ

သင္က အသားအေရေျခာက္ေသြ႕တတ္သူဆိုရင္ အုန္းဆီလိမ္းၿကည့္ပါ။ ညအိပ္ရာဝင္ခါနီးလိမ္းျပီး တစ္ညထားအိပ္ပါ။ သင့္အသားအေရထဲ အုန္းဆီ စိမ့္ဝင္သြားပါေစ။ သင့္အသားအေရပိုျပီးေခ်ာေမြ႕လာပါလိမ့္မယ္။ အုန္းဆီက ဆံသားအတြက္ေကာင္းမြန္တာကိုလည္း ပ်ိဳေမတုိ႔ သိျပီးျဖစ္မွာပါ။

၅။ ပံုမွန္ေခ်းခၽြတ္ေပးပါ

ေဆာင္းတြင္းေလက အသားအေရကို ပိုေျခာက္ေသြ႕ေစျပီး ဆဲလ္ေသေတြ တိုးပြားေစပါတယ္။ Scrub ေတြနဲ႔ ပံုမွန္ေခ်းခၽြတ္ေပးပါ။ ဆဲလ္ေသေတြကြာက်သြားမွာပါ။ ႏႈတ္ခမ္းကိုလည္း Scrub လုပ္ဖို႔ မေမ့ပါနဲ႔ေနာ္။ တစ္ပတ္မွာ တစ္ၾကိမ္ကေန ႏွစ္ၾကိမ္ျပဳလုပ္ႏိုင္ပါတယ္။

၆။ ေရေအးေအးေလးနဲ႔ ေရခ်ိဳးပါ

ေဆာင္းတြင္းဆိုရင္ ေရေႏြးေလးနဲ႔ ခ်ိဳးလိုက္ရမွ ေနသာထုိင္သာရွိတာပါ။ ဒါေပမဲ့ ေရေႏြးက သင့္ရဲ႕အသားအေရနဲ႔ ဆံေကသာကို ပိုျပီးေျခာက္ေသြ႕ေစပါတယ္။ အသားအေရထဲက အဆီဓာတ္ေတြကို ဆံုးရံႈးေစပါတယ္။ ေရခဲေရနဲ႔ ခ်ိဳးဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ ေဆာင္းေလေလးနဲ႔ ေအးေနတဲ့ သဘာဝေရကိုပဲ ခ်ိဳးေပးပါ။ သင့္ရဲ႕ အသားအေရ၊ဆံသားနဲ႔ ႏႈတ္ခမ္းအတြက္ေကာင္းမြန္ပါတယ္။

[Unicode]

ဆောငး်ရာသီက အေးချမ်းပြီး နေလို့ကောင်းတဲ့ ရာသီတစ်ခုပါ။ ဒါပေမဲ့ ဆောင်းတွင်းမှာ တိုက်တဲ့လေက အသားအရေ၊ ဆံကေသာနဲ့ နှုတ်ခမ်းကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် ပုံမှန်လုပ်နေကျ အလှအပထိန်းသိမ်းနည်းတွေနဲ့ မလုံလောက်တော့ပါဘူး။ ဂရုစိုက်မှုကို ပိုတိုးပေးရပါတယ်။ ဒီတော့ပျိုမေတို့အတွက် ဆောင်းတွင်းမှာ နဂိုလှမြဲအတိုင်း လှနေဖို့ အလှအပထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုပါတယ်။

၁။ ရေများများသောက်ပါ


ဆောင်းတွင်းမှာ အေးတော့ ရေသောက်ဖို့ မေ့နေတတ်ပါတယ်။ ရေသောက်တာက အသားအရေနဲ့ နှုတ်ခမ်းကို အစိုဓာတ်ပေးပါတယ်။ တစ်နေ့ကို ရေ သုံးလီတာကနေ လေးလီတာ သောက်သုံးသင့်ပါတယ်။

၂။ စားသောက်ပုံ စနစ်ပြောင်းလဲပါ

အရည်ချွမ်းတဲ့ အသီးအနှံတွေ များများစားပေးပါ။ သင့်ရဲ့ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

၃။ ပိုးသားခေါင်းအုံးစွပ်သုံးပါ


ပိုးသားခေါင်းအုံးစွပ်က ဆံပင်ပျက်စီးမှုနဲ့ ဆံသားကျိုးတာကို ကာကွယ်ပေးပါတယ်။ အရေးအကြောင်းတွေ ရော့ပါးအောင်လည်း ပိုးသားခေါင်းအုံးစွပ်က ကူညီပေးပါတယ်။

၄။ အုန်းဆီသုံးကြည့်ပါ


သင်က အသားအရေခြောက်သွေ့တတ်သူဆိုရင် အုန်းဆီလိမ်းကြည့်ပါ။ ညအိပ်ရာဝင်ခါနီးလိမ်းပြီး တစ်ညထားအိပ်ပါ။ သင့်အသားအရေထဲ အုန်းဆီ စိမ့်ဝင်သွားပါစေ။ သင့်အသားအရေပိုပြီးချောမွေ့လာပါလိမ့်မယ်။ အုန်းဆီက ဆံသားအတွက်ကောင်းမွန်တာကိုလည်း ပျိုမေတို့ သိပြီးဖြစ်မှာပါ။

၅။ ပုံမှန်ချေးချွတ်ပေးပါ


ဆောင်းတွင်းလေက အသားအရေကို ပိုခြောက်သွေ့စေပြီး ဆဲလ်သေတွေ တိုးပွားစေပါတယ်။ Scrub တွေနဲ့ ပုံမှန်ချေးချွတ်ပေးပါ။ ဆဲလ်သေတွေကွာကျသွားမှာပါ။ နှုတ်ခမ်းကိုလည်း Scrub လုပ်ဖို့ မမေ့ပါနဲ့နော်။ တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

၆။ ရေအေးအေးလေးနဲ့ ရေချိုးပါ


ဆောင်းတွင်းဆိုရင် ရေနွေးလေးနဲ့ ချိုးလိုက်ရမှ နေသာထိုင်သာရှိတာပါ။ ဒါပေမဲ့ ရေနွေးက သင့်ရဲ့အသားအရေနဲ့ ဆံကေသာကို ပိုပြီးခြောက်သွေ့စေပါတယ်။ အသားအရေထဲက အဆီဓာတ်တွေကို ဆုံးရှုံးစေပါတယ်။ ရေခဲရေနဲ့ ချိုးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆောင်းလေလေးနဲ့ အေးနေတဲ့ သဘာဝရေကိုပဲ ချိုးပေးပါ။ သင့်ရဲ့ အသားအရေ၊ဆံသားနဲ့ နှုတ်ခမ်းအတွက်ကောင်းမွန်ပါတယ်။

Source: Herbeauty.co

By MyStyle Myanmar