[Zawgyi]

ခံယူခ်က္သေဘာထားဟာ ကုိယ့္ဘဝကုိ တက္လွမ္းေစႏုိင္မယ့္ တံတားျဖစ္ေစသလုိ အဲဒီ့ခံယူခ်က္ကပဲ ကာစီးပိတ္ဆုိ႔ထားတဲ့ တံခါးလည္း ျဖစ္ေနႏုိင္ပါတယ္။ ကုိယ္ခံယူထားတဲ႔ အယူအဆ အထူးသျဖင့္ မိမိကိုယ္ကုိ အထင္ေသးတဲ့ တနည္းေျပာရရင္ ေဘာင္ခက္ထားတဲ့ အေတြးေတြဟာ ကုိယ့္ရဲ႕ ျဖစ္တန္စြမ္း၊ လုပ္ႏုိင္စြမ္းေတြကုိ ကန္႔သတ္တားဆီးေနပါလိမ့္မယ္။ ဘယ္လုိမ်ိဴးခံယူခ်က္ေတြလဲ ဆုိရင္ေတာ့

၁။ “ငါ လုပ္ႏုိင္မယ္ မထင္ပါဘူး”

လူေတြဟာ Comfort Zone ေတြထဲမွာပဲ ေနရတာ အသားက်ေနတာျဖစ္တဲ႔အတြက္ Learning Zone ကုိ ေဖာက္ထြက္ဖုိ႔ မျဖစ္ႏိုင္ဘူးဆုိၿပီး ယူဆေလ့ရွိၾကပါတယ္။ အထူးသျဖင့္ ကို္ယ့္အတြက္ စိန္ေခၚမႈႀကီးတဲ့ တာဝန္မ်ိဳးေတြ၊ ပိုမုိေကာင္းတဲ့အလုပ္တစ္ခုကုိ ေျပာင္းရမယ့္ အခါမ်ိဳးေတြမွာ လက္ရွိ ရွိထားျပီးသားအလုပ္ကုိပဲ မခြာႏုိင္မခြဲႏုိင္ျဖစ္ေနတဲ့အတြက္ အလုပ္သစ္ သင္ယူမႈအသစ္အတြက္ ငါလုပ္ႏုိင္မွာ မဟုတ္ပါဘူးဆုိၿပီးေတာ့ ယူဆတတ္ေလ့ရွိပါတယ္။ ဒီလုိမ်ိဳးေတြးထင္ေနတာေၾကာင့္ ဘယ္လုိမွ ေရွ႕ဆက္ မတုိးတက္ႏုိင္ဘူးဆုိတာ လူတုိင္သိပါလိမ့္မယ္။

၂။ “ငါ အခ်ိန္ေပးႏုိင္မွာ မဟုတ္ပါဘူး။”

“လူအမ်ားစုက အေရးပါအရာေရာက္တဲ့ အလုပ္ေတြကုိ လုပ္ဖုိ႔ထက္ အလွ်င္လုိလုပ္ရမယ့္ အလုပ္ေတြကုိ ပုိၿပီးလုပ္ၾကပါတယ္” ဒီစကားကုိ စတီဗင္ကုိေဘး ေျပာခဲ့တာပါ။

လူေတာ္ေတာ္မ်ားမ်ားကလည္း အခ်ိန္ကုိ စီမံခန္႔ခြဲတဲ့ကိစၥနဲ႔ပဲ ဒုကၡေရာက္ေနၾကရတာပါပဲ။ အမွန္ေတာ့လည္း အခ်ိန္ကုိ ခန္႔ခြဲစီမံေနဖုိ႔ မျဖစ္ႏုိင္ဘူးဆုိတာကလည္း အမွန္ပဲေလ။ သုိ႔ေပမယ္လုိ႔ ကိုယ့္ေရြးခ်ယ္မႈတြင္၊ ဦးစားေပးလုပ္ရမယ့္အရာေတြကုိ စီမံခန္႔ခြဲႏုိင္ပါတယ္။ ေျပာင္းလဲလုိ႔ရလာမယ့္ အက်ိဳးဆက္ကုိ ေၾကာက္ေနၾကတာေၾကာင့္လည္း အခ်ိန္မရွိဘူးလုိ႔ အေၾကာင္းျပတာ ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။

လူရယ္လုိ႔ျဖစ္လာၿပီဆိုရင္ေတာ့ အခ်ိန္ေပးသင့္တဲ့ အရာကိုေတာ့ အခ်ိန္ေပးကုိေပးႏုိင္ေအာင္လုပ္ရပါလိမ့္မယ္။ အနားယူတဲ႔ခ်ိန္၊ စာဖတ္ရမယ့္အခ်ိန္၊ မိသားစုအတြက္အခ်ိန္၊ မိမိပညာေရးအတြက္အခ်ိန္ စတဲ့ အေရးပါတဲ့ အရာေတြအတြက္ပါ။

၃။ “သူတုိ႔လုိ ငါမလုပ္ႏုိင္ပါဘူး ထင္တာပဲ။”

ဒီလုိေတြးတာဟာ (ကိုယ္လုပ္ႏုိင္လုိ႔ မွားသြားရင္) ဆုိတဲ့ မိမိကုိယ္ကုိ ယုံၾကည္မႈမရွိတာေၾကာင့္ပါ။ အရႈံးကုိ ရင္မဆုိင္ရဲတာေၾကာင့္လဲျဖစ္ပါလိမ့္မယ္။ တျခားသူေတြ ႀကိဳးစားလို႔ေအာင္ျမင္ေနၾကေပမယ့္ မိမိကုိယ္ကုိယူဆထားတာကေတာ့ ငါဟာ ဘယ္ေလာက္ႀကိဳးစားႀကိဳးေအာင္ျမင္မွာ မဟုတ္ပါဘူး ဆုိၿပီး အရႈံးကုိ ေၾကာက္တဲ့စိတ္က မသိစိတ္ထဲမွာ သိစိတ္ထဲမွာပါ ဝင္ေရာက္ေနတဲ့အတြက္ေၾကာင့္ပါ။ ေကာင္းတဲ့ အယူအဆေတာ့ မဟုတ္ပါဘူး။

လူတုိင္ အရႈံးကုိ ေၾကာက္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ အရႈံးမရွိဘဲနဲ႔ေတာ့ ဘယ္လုိမွ ေအာင္ျမင္သူတစ္ေယာက္ျဖစ္လာေအာင္ သင္ယူႏုိင္မွာ မဟုတ္ပါဘူး။ က်ရႈံးျခင္းက ေအာင္ျမင္မႈနဲ႔ တုိးတက္ႀကီးပြားမႈေတြရဲ႕ အစိတ္အပုိင္းပါ။ အဲဒီ က်ရႈံးမႈကုိ ရင္ဆုိင္ၿပီး ေအာင္ျမင္ဖုိ႔အတြက္ ေလွကားထစ္ေတြအေနနဲ႔ အေတြ႕အႀကံဳေတြ၊ အသစ္အသစ္ေသာ သင္ယူမႈေတြ ျဖစ္လာေအာင္ အသုံးခ်ရမွာျဖစ္တယ္။

အားလုံပဲ ကုိယ့္ဘဝကုိ ေဘာင္ခက္ထားျခင္းမရွိဘဲ အတုိင္းအဆမရွိ ေအာင္ျမင္ၾကပါေစ..။

[Unicode]

ခံယူချက်သဘောထားဟာ ကိုယ့်ဘဝကို တက်လှမ်းစေနိုင်မယ့် တံတားဖြစ်စေသလို အဲဒီ့ခံယူချက်ကပဲ ကာစီးပိတ်ဆို့ထားတဲ့ တံခါးလည်း ဖြစ်နေနိုင်ပါတယ်။ ကိုယ်ခံယူထားတဲ့ အယူအဆ အထူးသဖြင့် မိမိကိုယ်ကို အထင်သေးတဲ့ တနည်းပြောရရင် ဘောင်ခက်ထားတဲ့ အတွေးတွေဟာ ကိုယ့်ရဲ့ ဖြစ်တန်စွမ်း၊ လုပ်နိုင်စွမ်းတွေကို ကန့်သတ်တားဆီးနေပါလိမ့်မယ်။ ဘယ်လိုမျိူးခံယူချက်တွေလဲ ဆိုရင်တော့

၁။ “ငါ လုပ်နိုင်မယ် မထင်ပါဘူး”

လူတွေဟာ Comfort Zone တွေထဲမှာပဲ နေရတာ အသားကျနေတာဖြစ်တဲ့အတွက် Learning Zone ကို ဖောက်ထွက်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ယူဆလေ့ရှိကြပါတယ်။ အထူးသဖြင့် ကိုယ့်အတွက် စိန်ခေါ်မှုကြီးတဲ့ တာဝန်မျိုးတွေ၊ ပိုမိုကောင်းတဲ့အလုပ်တစ်ခုကို ပြောင်းရမယ့် အခါမျိုးတွေမှာ လက်ရှိ ရှိထားပြီးသားအလုပ်ကိုပဲ မခွာနိုင်မခွဲနိုင်ဖြစ်နေတဲ့အတွက် အလုပ်သစ် သင်ယူမှုအသစ်အတွက် ငါလုပ်နိုင်မှာ မဟုတ်ပါဘူးဆိုပြီးတော့ ယူဆတတ်လေ့ရှိပါတယ်။ ဒီလိုမျိုးတွေးထင်နေတာကြောင့် ဘယ်လိုမှ ရှေ့ဆက် မတိုးတက်နိုင်ဘူးဆိုတာ လူတိုင်သိပါလိမ့်မယ်။

၂။ “ငါ အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။”

“လူအများစုက အရေးပါအရာရောက်တဲ့ အလုပ်တွေကို လုပ်ဖို့ထက် အလျှင်လိုလုပ်ရမယ့် အလုပ်တွေကို ပိုပြီးလုပ်ကြပါတယ်” ဒီစကားကို စတီဗင်ကိုဘေး ပြောခဲ့တာပါ။

လူတော်တော်များများကလည်း အချိန်ကို စီမံခန့်ခွဲတဲ့ကိစ္စနဲ့ပဲ ဒုက္ခရောက်နေကြရတာပါပဲ။ အမှန်တော့လည်း အချိန်ကို ခန့်ခွဲစီမံနေဖို့ မဖြစ်နိုင်ဘူးဆိုတာကလည်း အမှန်ပဲလေ။ သို့ပေမယ်လို့ ကိုယ့်ရွေးချယ်မှုတွင်၊ ဦးစားပေးလုပ်ရမယ့်အရာတွေကို စီမံခန့်ခွဲနိုင်ပါတယ်။ ပြောင်းလဲလို့ရလာမယ့် အကျိုးဆက်ကို ကြောက်နေကြတာကြောင့်လည်း အချိန်မရှိဘူးလို့ အကြောင်းပြတာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

လူရယ်လို့ဖြစ်လာပြီဆိုရင်တော့ အချိန်ပေးသင့်တဲ့ အရာကိုတော့ အချိန်ပေးကိုပေးနိုင်အောင်လုပ်ရပါလိမ့်မယ်။ အနားယူတဲ့ချိန်၊ စာဖတ်ရမယ့်အချိန်၊ မိသားစုအတွက်အချိန်၊ မိမိပညာရေးအတွက်အချိန် စတဲ့ အရေးပါတဲ့ အရာတွေအတွက်ပါ။

၃။ “သူတို့လို ငါမလုပ်နိုင်ပါဘူး ထင်တာပဲ။”

ဒီလိုတွေးတာဟာ (ကိုယ်လုပ်နိုင်လို့ မှားသွားရင်) ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုမရှိတာကြောင့်ပါ။ အရှုံးကို ရင်မဆိုင်ရဲတာကြောင့်လဲဖြစ်ပါလိမ့်မယ်။ တခြားသူတွေ ကြိုးစားလို့အောင်မြင်နေကြပေမယ့် မိမိကိုယ်ကိုယူဆထားတာကတော့ ငါဟာ ဘယ်လောက်ကြိုးစားကြိုးအောင်မြင်မှာ မဟုတ်ပါဘူး ဆိုပြီး အရှုံးကို ကြောက်တဲ့စိတ်က မသိစိတ်ထဲမှာ သိစိတ်ထဲမှာပါ ဝင်ရောက်နေတဲ့အတွက်ကြောင့်ပါ။ ကောင်းတဲ့ အယူအဆတော့ မဟုတ်ပါဘူး။

လူတိုင် အရှုံးကို ကြောက်ကြတာချည်းပါပဲ။ ဒါပေမယ့် အရှုံးမရှိဘဲနဲ့တော့ ဘယ်လိုမှ အောင်မြင်သူတစ်ယောက်ဖြစ်လာအောင် သင်ယူနိုင်မှာ မဟုတ်ပါဘူး။ ကျရှုံးခြင်းက အောင်မြင်မှုနဲ့ တိုးတက်ကြီးပွားမှုတွေရဲ့ အစိတ်အပိုင်းပါ။ အဲဒီ ကျရှုံးမှုကို ရင်ဆိုင်ပြီး အောင်မြင်ဖို့အတွက် လှေကားထစ်တွေအနေနဲ့ အတွေ့အကြုံတွေ၊ အသစ်အသစ်သော သင်ယူမှုတွေ ဖြစ်လာအောင် အသုံးချရမှာဖြစ်တယ်။

အားလုံပဲ ကိုယ့်ဘဝကို ဘောင်ခက်ထားခြင်းမရှိဘဲ အတိုင်းအဆမရှိ အောင်မြင်ကြပါစေ..။