[Zawgyi]

သူနဲ႔ လမ္းခြဲလိုက္တာပဲျဖစ္ျဖစ္ သူကလမ္းခြဲသြားတာပဲျဖစ္ျဖစ္ ကိုယ့္ကိုထားခဲ့ၿပီျဖစ္တဲ့ ရည္းစားေဟာင္းကို ဘာလို႔ မမုန္းသင့္သလဲဆိုတာ မွ်ေ၀ေပးပါမယ္။

သင့့္ကို ပူေလာင္ေစပါတယ္

သူ႕ေၾကာင့္ အသည္းကြဲတယ္ဆိုတာ မွန္ေပမယ့္ သူ႕ကို မုန္းေနတာဟာ သင့္ႏွလံုးသားကို ပူေလာင္နာက်င္ေစပါတယ္။ ဒါ့ေၾကာင့္ သူ႕ကိုမမုန္းပါနဲ႔။

သင့္ဦးေႏွာက္ကိုလည္း ထိခိုက္ေစပါတယ္။

သူ႕ကိုမုန္းေနရင္ သင့္စိတ္ခံစားခ်က္လည္းမေကာင္းသလို၊ သူ႕အေၾကာင္းကိုလည္း မေကာင္းတာေတြပဲေတြးေနမိတာေၾကာင့္ သင့္ဦးေႏွာက္ကို ထိခိုက္ေစပါတယ္။

ကိုယ္ခံအားစနစ္ကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။

သင့္ရည္းစားေဟာင္းကိုမုန္းေနတာဟာ ကိုယ္ခံအားစနစ္ ေလ်ာ့နည္းေစၿပီး သင့္က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္တက္ေစႏိုင္တယ္။

လူတစ္ေယာက္ကို မုန္းေနတာေၾကာင့္ သင့္စိတ္ခံစားမႈလည္းမေကာင္းသလို အဲဒီလို စိတ္ဖိစီးမႈေၾကာင့္ အစားမ်ားမ်ားစားမိတာမ်ိဳးျဖစ္ေစလို႔ ကိုယ္အေလးခ်ိန္တက္ေစႏိုင္ပါတယ္။

အိပ္ေရးပ်က္မယ္

လူတစ္ေယာက္မေပၚ မုန္းတီး မေက်နပ္မႈေတြေၾကာင့္ ညည အိပ္လို႔မေပ်ာ္ဘဲ ျဖစ္တတ္ပါတယ္။ အဲဒီလို အိပ္ေရးပ်က္တာဟာ သင့္ကို ကိုယ္အေလးခ်ိန္တက္ေစသလို အလွပအတြက္ေကာ က်န္းမာေရးအတြက္ပါမေကာင္းပါဘူး။

သင့္အလုပ္ကိုပါ ထိခိုက္ေစႏိုင္ပါတယ္။

အဲဒီလိုမ်ိဳး လူတစ္ေယာက္ကိုမုန္းတီးတာဟာ စိတ္ပိုင္းဆိုင္ရာေရာ ရုပ္ပိုင္းဆိုင္ရာမွာသာ မက သင့္အလုပ္ကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ သင့္ရဲ႕ အာရံုစိုက္မႈကို အားနည္းေစၿပီး စြမ္းေဆာင္ရည္က်ေစတာမို႔ လူတစ္ေယာက္ကို မုန္းတာဟာ သင့္ကိုယ္သင္ပဲ အရင္ထိခိုက္ေစတာပါ။

ဒါ့ေၾကာင့္ သင့္ရည္းစားေဟာင္းကို မမုန္းပါနဲ႔။ ခြင့္လြတ္ေပးလိုက္ပါ။ ၿပီးခဲ့တာက ၿပီးခဲ့ၿပီပဲ။ အတိတ္ကို အတိတ္မွာထားခဲ့တာအေကာင္းဆံုးပါပဲ။

[Unicode]

သူနဲ့ လမ်းခွဲလိုက်တာပဲဖြစ်ဖြစ် သူကလမ်းခွဲသွားတာပဲဖြစ်ဖြစ် ကိုယ့်ကိုထားခဲ့ပြီဖြစ်တဲ့ ရည်းစားဟောင်းကို ဘာလို့ မမုန်းသင့်သလဲဆိုတာ မျှဝေပေးပါမယ်။

သင့်ကို ပူလောင်စေပါတယ်

သူ့ကြောင့် အသည်းကွဲတယ်ဆိုတာ မှန်ပေမယ့် သူ့ကို မုန်းနေတာဟာ သင့်နှလုံးသားကို ပူလောင်နာကျင်စေပါတယ်။ ဒါ့ကြောင့် သူ့ကိုမမုန်းပါနဲ့။

သင့်ဦးနှောက်ကိုလည်း ထိခိုက်စေပါတယ်။

သူ့ကိုမုန်းနေရင် သင့်စိတ်ခံစားချက်လည်းမကောင်းသလို၊ သူ့အကြောင်းကိုလည်း မကောင်းတာတွေပဲတွေးနေမိတာကြောင့် သင့်ဦးနှောက်ကို ထိခိုက်စေပါတယ်။

ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

သင့်ရည်းစားဟောင်းကိုမုန်းနေတာဟာ ကိုယ်ခံအားစနစ် လျော့နည်းစေပြီး သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်အလေးချိန်တက်စေနိုင်တယ်။

လူတစ်ယောက်ကို မုန်းနေတာကြောင့် သင့်စိတ်ခံစားမှုလည်းမကောင်းသလို အဲဒီလို စိတ်ဖိစီးမှုကြောင့် အစားများများစားမိတာမျိုးဖြစ်စေလို့ ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။

အိပ်ရေးပျက်မယ်

လူတစ်ယောက်မပေါ် မုန်းတီး မကျေနပ်မှုတွေကြောင့် ညည အိပ်လို့မပျော်ဘဲ ဖြစ်တတ်ပါတယ်။ အဲဒီလို အိပ်ရေးပျက်တာဟာ သင့်ကို ကိုယ်အလေးချိန်တက်စေသလို အလှပအတွက်ကော ကျန်းမာရေးအတွက်ပါမကောင်းပါဘူး။

သင့်အလုပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

အဲဒီလိုမျိုး လူတစ်ယောက်ကိုမုန်းတီးတာဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာသာ မက သင့်အလုပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင့်ရဲ့ အာရုံစိုက်မှုကို အားနည်းစေပြီး စွမ်းဆောင်ရည်ကျစေတာမို့ လူတစ်ယောက်ကို မုန်းတာဟာ သင့်ကိုယ်သင်ပဲ အရင်ထိခိုက်စေတာပါ။

ဒါ့ကြောင့် သင့်ရည်းစားဟောင်းကို မမုန်းပါနဲ့။ ခွင့်လွတ်ပေးလိုက်ပါ။ ပြီးခဲ့တာက ပြီးခဲ့ပြီပဲ။ အတိတ်ကို အတိတ်မှာထားခဲ့တာအကောင်းဆုံးပါပဲ။