(Zawgyi Version)

စစ္တမ္းေကာက္ယူခ်က္ေတြမွာ ယေန႔ေခတ္ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ အခ်ိန္အမ်ားစုမွာ မေပ်ာ္ရႊင္ၾကတာေတြ႕ရပါတယ္။ စိတ္ဓာတ္က်တတ္ၾကပါတယ္။ ဒါဆို လူငယ္ေတြ ဘာေၾကာင့္ မေပ်ာ္ရႊင္တာလဲ။ စိတ္ဓာတ္အၿမဲက်ေနတာလဲ အေၾကာင္းရင္းေတြ ရွာၾကည့္ရေအာင္ေနာ္။

 San Diego State University မွာ ျပဳလုပ္တဲ့ေလ့လာမႈမွာေတာ့ ခုလို ေတြ႕ရွိရပါတယ္။
  • အသက္ ၁၂ ႏွစ္အရြယ္ကေန ၁၇ ႏွစ္အရြယ္လူငယ္ေတြဟာ စိတ္ဓာတ္က်တဲ့ အေတြးေတြေၾကာင့္ ကိုယ့္ကိုကိုယ္ ေသေၾကာင္းၾကံစည္ႏိုင္ေခ် ပိုမ်ားတတ္ပါတယ္တဲ့။ ရာခိုင္ႏႈန္းကေတာ့ ၅၂ ရာခိုင္ႏႈန္းပါ။
  • အသက္ ၁၈ ကေန ၂၅ ႏွစ္အရြယ္ကေတာ့ ၆၃ ရာခိုင္ႏႈန္းထိ ျမင့္တက္လာပါတယ္။

အသက္ ၂၆ ေက်ာ္တဲ့ သူေတြမွာေတာ့ ဒီလိုပံုစံေတြ မေတြ႕ရဘူးလို႔ ဆိုထားပါတယ္။

၁။ မေပ်ာ္ရႊင္တဲ့ကိစၥမွာ ဘယ္သူ႕ကို အျပစ္တင္ရမလဲ

– ဆက္သြယ္ေရးစနစ္ေတြ တစ္ေန႔တျခား တိုးတက္လာတာ

– အိပ္ခ်ိန္ေလ်ာ့နည္းလာတာ စတာေတြေၾကာင့္ျဖစ္ပါတယ္။

ဆက္သြယ္ေရးစနစ္ကိုေတာ့ အားလံုးသိမွာပါ။ Social Media သံုးစြဲမႈမ်ားတာက ကၽြႏ္ုပ္တို႔ ထင္ထားတာထက္ သက္ေရာက္မႈေတြ အမ်ားႀကီးရွိပါတယ္။ ယေန႔ေခတ္ကေလးအမ်ားစုက သူငယ္ခ်င္းေတြနဲ႔ စကားေျပာရင္လည္း လိုင္းေပၚကေျပာတယ္။ အလုပ္အကုန္လံုးလိုလို လိုင္းေပၚက လုပ္တာမ်ားပါတယ္။ ဒီလုပ္ေဆာင္မႈေတြက မေပ်ာ္ရႊင္မႈရဲ႕ အဓိကေသာ့ခ်က္ပါပဲ။ တကယ့္လက္ေတြ႕ဘဝနဲ႔ ထိေတြ႕မႈပိုနည္းလာပါတယ္။

နည္းစနစ္ေတြက တိုးတက္လာေတာ့ အိပ္ဖို႔အခ်ိန္လည္း တျဖည္းျဖည္းနည္းလာပါတယ္။ လိုင္းသံုးလြန္ၿပီး အိပ္မေပ်ာ္တာေတြ ျဖစ္လာပါတယ္။ အေရးႀကီးတဲ့အရာေတြကို အြန္လိုင္းေပၚက ၾကည့္ဖို႔ အိပ္ေရးဝေအာင္ အိပ္ဖို႔ စိတ္မကူးၾကေတာ့ပါဘူး။ အိပ္ေရးဝဖို႔က လူတစ္ေယာက္မွာ အလြန္အေရးပါပါတယ္။

၂။ ဒါဆို ဒီလိုမေပ်ာ္မရႊင္ျဖစ္ေနရတဲ့ အေျခအေနကေန ဘယ္လို႐ုန္းထြက္မလဲ

႐ုန္းထြက္နည္းက လြယ္ပါတယ္။ ကိုယ့္ရဲ႕ လိုင္းသံုးတဲ့အခ်ိန္ကို ကန္႔သတ္ဖို႔ပါပဲ။ Screen Time ကိုတစ္ေန႔ဘယ္ေလာက္ထားမလဲ? ငါတစ္ေန႔ကို ဖုန္းဘယ္ႏွစ္နာရီၾကည့္မလဲ။ သတ္မွတ္ပါ။ ကိုယ္လုပ္တဲ့အရာက ေနာင္တစ္ခ်ိန္ရမယ့္ ကိုယ့္ရဲ႕ ရလဒ္ပါပဲ။ Facebook မွာလည္း Your Time On Facebook ဆိုတာရွိပါတယ္။ အဲ့ထဲမွာ ကိုယ္တစ္ေန႔ကို Facebook ဘယ္ေလာက္သံုးလဲ ၾကည့္ႏိ္ုင္ပါတယ္။

Photo Source: The Kim Komando Show

ဖုန္းသံုးခ်ိန္ကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားၾကည့္ပါေနာ္။

(Unicode Version)

စစ်တမ်းကောက်ယူချက်တွေမှာ ယနေ့ခေတ် လူငယ်တော်တော်များများဟာ အချိန်အများစုမှာ မပျော်ရွှင်ကြတာတွေ့ရပါတယ်။ စိတ်ဓာတ်ကျတတ်ကြပါတယ်။ ဒါဆို လူငယ်တွေ ဘာကြောင့် မပျော်ရွှင်တာလဲ။ စိတ်ဓာတ်အမြဲကျနေတာလဲ အကြောင်းရင်းတွေ ရှာကြည့်ရအောင်နော်။

San Diego State University မှာ ပြုလုပ်တဲ့လေ့လာမှုမှာတော့ ခုလို တွေ့ရှိရပါတယ်။

  • အသက် ၁၂ နှစ်အရွယ်ကနေ ၁၇ နှစ်အရွယ်လူငယ်တွေဟာ စိတ်ဓာတ်ကျတဲ့ အတွေးတွေကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်နိုင်ချေ ပိုများတတ်ပါတယ်တဲ့။ ရာခိုင်နှုန်းကတော့ ၅၂ ရာခိုင်နှုန်းပါ။
  • အသက် ၁၈ ကနေ ၂၅ နှစ်အရွယ်ကတော့ ၆၃ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။

အသက် ၂၆ ကျော်တဲ့ သူတွေမှာတော့ ဒီလိုပုံစံတွေ မတွေ့ရဘူးလို့ ဆိုထားပါတယ်။

၁။ မပျော်ရွှင်တဲ့ကိစ္စမှာ ဘယ်သူ့ကို အပြစ်တင်ရမလဲ

– ဆက်သွယ်ရေးစနစ်တွေ တစ်နေ့တခြား တိုးတက်လာတာ

– အိပ်ချိန်လျော့နည်းလာတာ စတာတွေကြောင့်ဖြစ်ပါတယ်။

ဆက်သွယ်ရေးစနစ်ကိုတော့ အားလုံးသိမှာပါ။ Social Media သုံးစွဲမှုများတာက ကျွန်ုပ်တို့ ထင်ထားတာထက် သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ယနေ့ခေတ်ကလေးအများစုက သူငယ်ချင်းတွေနဲ့ စကားပြောရင်လည်း လိုင်းပေါ်ကပြောတယ်။ အလုပ်အကုန်လုံးလိုလို လိုင်းပေါ်က လုပ်တာများပါတယ်။ ဒီလုပ်ဆောင်မှုတွေက မပျော်ရွှင်မှုရဲ့ အဓိကသော့ချက်ပါပဲ။ တကယ့်လက်တွေ့ဘဝနဲ့ ထိတွေ့မှုပိုနည်းလာပါတယ်။

နည်းစနစ်တွေက တိုးတက်လာတော့ အိပ်ဖို့အချိန်လည်း တဖြည်းဖြည်းနည်းလာပါတယ်။ လိုင်းသုံးလွန်ပြီး အိပ်မပျော်တာတွေ ဖြစ်လာပါတယ်။ အရေးကြီးတဲ့အရာတွေကို အွန်လိုင်းပေါ်က ကြည့်ဖို့ အိပ်ရေးဝအောင် အိပ်ဖို့ စိတ်မကူးကြတော့ပါဘူး။ အိပ်ရေးဝဖို့က လူတစ်ယောက်မှာ အလွန်အရေးပါပါတယ်။

၂။ ဒါဆို ဒီလိုမပျော်မရွှင်ဖြစ်နေရတဲ့ အခြေအနေကနေ ဘယ်လိုရုန်းထွက်မလဲ

ရုန်းထွက်နည်းက လွယ်ပါတယ်။ ကိုယ့်ရဲ့ လိုင်းသုံးတဲ့အချိန်ကို ကန့်သတ်ဖို့ပါပဲ။ Screen Time ကိုတစ်နေ့ဘယ်လောက်ထားမလဲ? ငါတစ်နေ့ကို ဖုန်းဘယ်နှစ်နာရီကြည့်မလဲ။ သတ်မှတ်ပါ။ ကိုယ်လုပ်တဲ့အရာက နောင်တစ်ချိန်ရမယ့် ကိုယ့်ရဲ့ ရလဒ်ပါပဲ။ Facebook မှာလည်း Your Time On Facebook ဆိုတာရှိပါတယ်။ အဲ့ထဲမှာ ကိုယ်တစ်နေ့ကို Facebook ဘယ်လောက်သုံးလဲ ကြည့်နိ်ုင်ပါတယ်။

Photo Source: The Kim Komando Show

ဖုန်းသုံးချိန်ကို လျှော့ချဖို့ ကြိုးစားကြည့်ပါနော်။

Source: Brightside.me

By MyStyle Myanmar