[Zawgyi]

မ်က္ရည္က်တာဟာ သဘာ၀တရားပါပဲ။ ဒါေပမယ့္ တခ်ိဳ႕က မ်က္ရည္က်မွာကို က်ိတ္မွိတ္ၿပီး သည္းခံတတ္ေလ့ၾကပါတယ္။ ကၽြန္မတို႔ေတြဟာ မ်က္ရည္က်လာတာနဲ႔ ခ်က္ခ်င္း သုတ္ပစ္တတ္ၾကၿပီး မိတ္ကပ္နဲ႔ ျပန္ဖံုးပစ္တတ္ၾကပါတယ္။

အဲဒီလို နာက်င္ေနတဲ့ ဒဏ္ရာကိုဖံုးကြယ္ၿပီး ကိုယ္အဆင္ေျပေနပါတယ္လို႔ ဟန္ေဆာင္တတ္ၾကပါတယ္။ ဒါေပမယ့္ မ်က္ရည္က်တာဟာ စိတ္ေပ်ာ့တာေၾကာင့္မဟုတ္ပါဘူး။ မ်က္ရည္က်တဲ့သူေတြ ဘာလို႔ သန္မာၾကသလဲဆိုတာ မွ်ေ၀ေပးခ်င္ပါတယ္။

က်န္းမာေရးအတြက္ေကာင္းတယ္

မ်က္ရည္က်တာဟာ ခႏၶာကို္ယ္အတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ၿပီး ဘက္တီးရီးယားေတြကိုလည္း ေသေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ေနာက္တခါ မ်က္ရည္က်လာရင္ သင့္ခႏၶာကို္ယ္အတြက္ မေကာင္းတဲ့အဆိပ္ေတြ ထြက္သြားတယ္လို႔ မွတ္ယူလိုက္ပါေနာ္။

သင့္ကို ေရွ႕ဆက္ႏိုင္ဖို႔ အားအင္ေတြျဖစ္ေစတယ္

Source: HuffPost

သင္နာက်င္ေနတဲ့ အေျခအေနကိုသိသိႀကီးနဲ႔ ျငင္းပယ္ထားတာဟာ သင့္ရဲ႕ နာက်င္မႈကို ေျဖေလ်ာ့ႏိုင္မွာမဟုတ္ပါဘူး။ မ်က္ရည္က်ၿပီး နာက်င္တာကို ထုတ္ဖယ္လိုက္မယ္ဆိုရင္ေတာ့ သင့္ရဲ႕ စိတ္ခံစားခ်က္ေတြကို အသစ္တဖန္ ႏိုးထေစမွာျဖစ္ၿပီး ေရွ႕ဆက္ဖို႔အားအင္ေတြျဖစ္ေစမွာပါ။

စိတ္ဖိစီးမႈ ေျပေပ်က္ေစတယ္

ငိုလိုက္တဲ့အခါမ်က္ရည္က်လိုက္တဲ့အခါ သင့္ခႏၶာကိုယ္ဟာ သက္သာရာတစ္ခုရသြားၿပီး စိတ္ဖိစီးမႈေျပေပ်ာက္ေစပါတယ္။ သင္အၿမဲတမ္းစုပ္ကိုင္ထားရတဲ့ ၀န္ထုတ္၀န္ပိုးတစ္ခု ေျဖလိုက္သလိုပါပဲ။

၀မ္းနည္းပူေဆြးမႈကို သက္သာေစတယ္

Source: katforsythe.com

တစ္ခုခုကို ဆံုးရံႈးလိုက္ရတဲ့အခါ စိတ္ကို တင္းမထားဘဲ ငိုခ်လိုက္ပါ။ သင့္ကိုယ္သင္ လြတ္လပ္ခြင့္ေပးလိုက္မယ္ဆိုရင္ သင့္ရဲ႕ ၀မ္းနည္းပူေဆြးမႈေတြကို သက္သာေစႏိုင္မွာျဖစ္ပါတယ္။

သင့္ခံစားခ်က္အတြက္ေကာင္းမြန္တယ္

Source: profikaneten.hu

ငိုလိုက္တဲ့အခါ သင့္ရဲ႕ မေကာင္းတဲ့ ခံစားခ်က္ေတြကို ရွင္းထုတ္ေပးၿပီး မေကာင္းတဲ့ အားအင္ေတြကိုလည္း ဖယ္ရွားေပးပါတယ္။ ေျခတစ္လွမ္းေနာက္ဆုတ္လုိက္ၿပီး စိတ္ေအးေအးထားပါ။ ေနာက္ေျခတစ္လွမ္းအတြက္ အားေမႊးလိုက္ပါ။

သင့္ရဲ႕ အားနည္းခ်က္ကို ျပသျခင္းမဟုတ္ပါ

Source: Times of India

ငိုလိုက္လုိ႔ စိတ္ေပ်ာ့လိုက္တာလို႔ တခ်ိဳ႕က ထင္ျမင္ယူဆတတ္ၾကပါတယ္။ ငိုတာဟာ သင္ဘယ္လိုခံစားေနရတယ္ဆိုတာကို ျပသမွာ မေၾကာက္တတ္တာျဖစ္ပါတယ္။ တျခားသူေတြ ဘယ္လိုျမင္ျမင္ သင့္အေနနဲ႔ ဂရုမစိုက္တတ္တာကို ဆိုလိုတာပါ။ သင္ဟာ ကိုယ္ခ်င္းစာစိတ္ရွိသူတစ္ေယာက္လည္းျဖစ္ပါတယ္။

[Unicode]

မျက်ရည်ကျတာဟာ သဘာဝတရားပါပဲ။ ဒါပေမယ့် တချို့က မျက်ရည်ကျမှာကို ကျိတ်မှိတ်ပြီး သည်းခံတတ်လေ့ကြပါတယ်။ ကျွန်မတို့တွေဟာ မျက်ရည်ကျလာတာနဲ့ ချက်ချင်း သုတ်ပစ်တတ်ကြပြီး မိတ်ကပ်နဲ့ ပြန်ဖုံးပစ်တတ်ကြပါတယ်။

အဲဒီလို နာကျင်နေတဲ့ ဒဏ်ရာကိုဖုံးကွယ်ပြီး ကိုယ်အဆင်ပြေနေပါတယ်လို့ ဟန်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် မျက်ရည်ကျတာဟာ စိတ်ပျော့တာကြောင့်မဟုတ်ပါဘူး။ မျက်ရည်ကျတဲ့သူတွေ ဘာလို့ သန်မာကြသလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ကျန်းမာရေးအတွက်ကောင်းတယ်

မျက်ရည်ကျတာဟာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ ဒါ့ကြောင့်နောက်တခါ မျက်ရည်ကျလာရင် သင့်ခန္ဓာကိုယ်အတွက် မကောင်းတဲ့အဆိပ်တွေ ထွက်သွားတယ်လို့ မှတ်ယူလိုက်ပါနော်။

သင့်ကို ရှေ့ဆက်နိုင်ဖို့ အားအင်တွေဖြစ်စေတယ်

Source: HuffPost

သင်နာကျင်နေတဲ့ အခြေအနေကိုသိသိကြီးနဲ့ ငြင်းပယ်ထားတာဟာ သင့်ရဲ့ နာကျင်မှုကို ဖြေလျော့နိုင်မှာမဟုတ်ပါဘူး။ မျက်ရည်ကျပြီး နာကျင်တာကို ထုတ်ဖယ်လိုက်မယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ခံစားချက်တွေကို အသစ်တဖန် နိုးထစေမှာဖြစ်ပြီး ရှေ့ဆက်ဖို့အားအင်တွေဖြစ်စေမှာပါ။

စိတ်ဖိစီးမှု ပြေပျေက်စေတယ်

ငိုလိုက်တဲ့အခါမျက်ရည်ကျလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ သက်သာရာတစ်ခုရသွားပြီး စိတ်ဖိစီးမှုပြေပျောက်စေပါတယ်။ သင်အမြဲတမ်းစုပ်ကိုင်ထားရတဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြေလိုက်သလိုပါပဲ။

ဝမ်းနည်းပူဆွေးမှုကို သက်သာစေတယ်

Source: katforsythe.com

တစ်ခုခုကို ဆုံးရှုံးလိုက်ရတဲ့အခါ စိတ်ကို တင်းမထားဘဲ ငိုချလိုက်ပါ။ သင့်ကိုယ်သင် လွတ်လပ်ခွင့်ပေးလိုက်မယ်ဆိုရင် သင့်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို သက်သာစေနိုင်မှာဖြစ်ပါတယ်။

သင့်ခံစားချက်အတွက်ကောင်းမွန်တယ်

Source: profikaneten.hu

ငိုလိုက်တဲ့အခါ သင့်ရဲ့ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းထုတ်ပေးပြီး မကောင်းတဲ့ အားအင်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး စိတ်အေးအေးထားပါ။ နောက်ခြေတစ်လှမ်းအတွက် အားမွှေးလိုက်ပါ။

သင့်ရဲ့ အားနည်းချက်ကို ပြသခြင်းမဟုတ်ပါ

Source: Times of India

ငိုလိုက်လို့ စိတ်ပျော့လိုက်တာလို့ တချို့က ထင်မြင်ယူဆတတ်ကြပါတယ်။ ငိုတာဟာ သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို ပြသမှာ မကြောက်တတ်တာဖြစ်ပါတယ်။ တခြားသူတွေ ဘယ်လိုမြင်မြင် သင့်အနေနဲ့ ဂရုမစိုက်တတ်တာကို ဆိုလိုတာပါ။ သင်ဟာ ကိုယ်ချင်းစာစိတ်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။