Portrait ဟာ ဟိုအရင်ခေတ်တွေကတည်းက ရှိခဲ့တာဖြစ်ပြီး Portrait ဆိုတာဟာ လူတစ်ယောက်ရဲ့ မျက်နှာ၊ ခံစားချက် တို့ကို ပန်းချီ၊ ဓာတ်ပုံ၊ ပန်းပုရုပ်ထု စသည်တို့ဖြင့် အနုပညာမြောက်စွာ ပုံဖော်ခြင်းပဲ ဖြစ်ပါတယ်။ ဟိုအရင်ခေတ်တွေမှာ Portrait တွေကို လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်၊ စိတ်နေစိတ်ထား နှင့် ပုံတူတို့ကို ဖော်ပြဖို့ အတွက် အများဆုံး အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံပညာမှာ Portrait နဲ့ Selfie ဟာ ဓာတ်ပုံတွေပဲ ဆိုပေမဲ့ ကွာခြားမှုတွေရှိပါတယ်။ ဓာတ်ပုံပညာမှာ Portrait, Selfie, Landscape အစရှိတဲ့ ဓာတ်ပုံအမျိုးအစားများစွာ ကွဲပြားကြပါတယ်။ Portrait ဟာ လူတွေရဲ့ ခံစားချက်တွေ ကိုဖော်ပြဖို့အတွက် ဖြစ်ပြီးတော့ Selfie ကိုတော့ အမှတ်တရ အနေနဲ့ အများဆုံး အသုံးပြုကြတာ ဖြစ်ပါတယ်။ Landscape ဓာတ်ပုံဆိုတာကတော့ ရှုခင်းတွေကို အဓိကထားရိုက်ကူးတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

Portrait ဓာတ်ပုံဆိုတာလူအများသိထားကြတဲ့ ကင်မရာနဲ့ အနောက်ကို ဝါးပြီး ရိုက်ထားတဲ့ Depth Effect ဓာတ်ပုံတွေပဲ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ခံစားချက်၊ သူ့ရဲ့ဖြစ်တည်မှုတို့ကို ဖော်ကျူးထားတဲ့ ဓာတ်ပုံတွေကသာ Portrait ဓာတ်ပုံပဲ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ Portrait ဓာတ်ပုံကို လူတိုင်း ဖုန်းတစ်လုံးရှိရုံနဲ့ပင် ရိုက်နိုင်ကြပါပြီ။ ခေတ်ရဲ့ရေစီးကြောင်းကို လိုက်ပြီး နည်းပညာ ကုမ္ပဏီတွေကလည်း လူတွေရဲ့လိုအပ်ချက်အရ နေရာမရွေး အချိန်မရွေး Portrait ဓာတ်ပုံရိုက်နိုင်ဖို့အတွက် စမတ်ဖုန်းကင်မရာတွေကို ကောင်းမွန်တဲ့ အရည်အသွေးရအောင် ဆန်းသစ်တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။

ဆန်းသစ်လာတဲ့ နည်းပညာတွေနဲ့အတူ အလင်းမှိန်မှိန် အချိန်မှာတောင် ပုံရိပ်ထင်ထင် Portrait ဓာတ်ပုံတွေကို စမတ်ဖုန်းတွေကနေ ရိုက်ကူးပေးနိုင်လာပါတယ်။ Selfie Expert ဆိုပြီး နာမည်ကြီးခဲ့တဲ့ OPPO ကတော့ Portrait ဓာတ်ပုံကောင်းကောင်းတွေကို ရိုက်ကူးပေးနိုင်မယ့် 48 MP+ 5MP dual ကင်မရာပါဝင်တဲ့ OPPO F11 Pro ဖြင့် Portrait Expert ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူဖို့အတွက် ထပ်မံ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ F11 Pro ရဲ့ထူးခြားချက်ကတော့ ကြီးမားတဲ့ F 1.79 Aperture ပါဝင်တာကြောင့် မှောင်နေတဲ့အချိန်မှာ ရိုက်ရင်တောင် လင်းလက်ကြည်လင်တဲ့ Portrait ဓာတ်ပုံတွေ ထွက်လာစေမှာပဲဖြစ်ပါတယ်။

Software ပိုင်းမှာလဲ AI Ultra-Clear Engine ကို အသုံးပြုပေးထားလို့ ဓာတ်ပုံကို ပိုကြည်လင်၊ အရောင်ပို စိုပြေစေကာ မျက်နှာနဲ့ အသားအရေ အရောင်ကို မှောင်ရီတဲ့ နောက်ခံနဲ့တကွ မမဲစေရန် ကာကွယ်ပေး ထားပါတယ်။ Portrait Mode, Ultra Night Mode နဲ့ Dazzle Color Mode တို့ကလဲ F11 Pro ကို Portrait ဘုရင်နေရာ ပိုင်ဆိုင်နိုင်ဖို့ ပံ့ပိုးပေးထားပါတယ်။ လူအများကြားထင်ပေါ်နေစေဖို့ Portrait Mode နဲ့ရိုက်ကူးနိုင်ပြီး အလင်းမှိန်မှိန် မှောင်ရီပျိုးပျချိန် တွေမှာတော့ Ultra Night Mode နဲ့ ရိုက်ကူးနိုင်မှာပါ။ နေဝင်ချိန် နေထွက်ချိန် နဲ့ အလင်းအားနည်းချိန်တို့မှာတော့ Dazzle Color Mode နဲ့ အရောင်ပိုစိုပြေစေအောင် ရိုက်ကူးနိုင်မှာပါ။

အလင်းမှိန်မှိန် ပုံရိပ်ထင်ထင် OPPO F11 Pro ကိုတော့မကြာမီ မြန်မာနိုင်ငံမှာလဲ မိတ်ဆက်ပေးတော့မှာဆိုတော့ ထွက်လာတဲ့ အချိန်မှာ တခြား ဘာထူးခြားတဲ့ အချက်တွေပါလာဦးမယ် ဆိုတာ တူတူစောင့်ကြည့်ကြရအောင်နော်။