သင်တို့ရော တွေးဖူးမိလား။ ကမ္ဘာပေါ်မှာ အကောင်းဆုံး အလုပ်က Supermodel အလုပ်ပဲဆိုတာ စာရေးသူကတော့ အဲ့အလုပ်ဟာ ပိုက်ဆံအများဆုံးနဲ့ ဦးနှောက်သိပ်အသုံးအပြုစရာမလိုတဲ့ အကောင်းဆုံးအလုပ်လို့ယူဆတာပဲ။ နာမည်ကြီးပြီး ကျော်ကြားဦးမယ် အနုပညာကြေးကလည်းအောင်မြင်လာတာနဲ့အမျှ တိုးပြီးရဦးမယ်။ Fame ၊ Money ၊ Success သုံးမျိုးစလုံး တစ်ပြိုင်နက်ထဲရမှာဆိုတော့ ကဲဘာလိုသေးလဲ။ မော်ဒယ်တွေဟာ သူတို့လှပစေဖို့ ဘေးနားကပံ့ပိုးပေးမယ့်သူတွေများတဲ့အပြင် ရတဲ့အနုပညာကြေးနဲ့ အားတဲ့အချိန်ကမ္ဘာပါပတ်လို့ရသေးတယ် ဘဝမှာ ဘယ်လောက်သာယာလိုက်မလဲ။

မော်ဒယ်အလုပ်ဟာ မိန်းကလေးတွေရဲ့ အိမ်မက်တစ်ခုလို့လဲဆိုနိုင်ပါတယ်။ ကဲ…ဒါဆို နိုင်ငံတကာမှာ အောင်မြင်နေတဲ့ အနုပညာကြေးအမြင့်ဆုံး Supermodel Runway Model တွေကို အစဉ်လိုက်ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးမေ့ထားလို့မရတာ Kendall Jenner ပါ။ သူမဟာ ငယ်ငယ်ကတည်းက Celebrity အသိုင်အဝိုင်းထဲနေ ပေါက်ဖွားလာသူ တစ်ဦးလို့လဲဆိုနိုင်ပါတယ်။ Kardashians Family ဖြစ်တဲ့ ဆယ်လီမိသားစုကနေကြီးပြင်းလာသူမို့ Modeling လောကမှာလည်း လျှမ်းလျှမ်းတောက် အောင်မြင်လာသူပါ။ နှစ်စဉ်ဝင်ငွေဟာ ခန့်မှန်းချေ ၂၂.၅ မီလီယမ်ဒေါ်လာ လောက်ရှိပြီး နှစ်နှစ်ဆက်တိုက် မော်ဒယ်လောကရဲ့ ထိပ်ဆုံးမှာရှိသူဖြစ်ပြီး နာမည်ကြီး Brand တွေဖြစ်တဲ့ Estee Lauder ၊ Calvin Klein ၊ ADIDAS တို့နဲ့ စာချုပ်ချုပ်ပြီး အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။

ဒုတိယအနေနဲ့ ဗိုလ်စွဲထားသူကတော့ Karlie Kloss ပဲဖြစ်ပါတယ်။ သူမကတော့ ဒေါ်လာ ၁၃မီလီယမ်နီးပါး ရှာနိုင်သူပါ။ Kendall လောက်မရှာနိုင်ပေမယ့် နာမည်ကြီးbrand ဖြစ်တဲ့ Swarovski တို့နဲ့တော့ အလုပ်တွဲလုပ်နေသူပဲ ဖြစ်ပါတယ်။

တတိယနေရာမှာရှိတာကတော့ Chrissy Teigen ပါ။ လူတိုင်းနီးပါးသူမကို ကြိုက်နှစ်သက်ပါတယ်။ အဆိုတော် John Legend ရဲ့ မိန်းမလည်းဖြစ်ပါတယ်။ လှတာကတော့ အတော်လှပါတယ်။ သူ့ IG ထဲဝင်ကြည့်ပြီးပြန်မထွက်ချင်လောက်အောင်ထိ ဆွဲဆောင်နိုင်သူပါ။ သူမကတော့ တစ်နှစ်ကို ဒေါ်လာ ၁၁.၅ မီလီယမ်လောက်ရှာနိုင်သူပါ။ ခုတော့ကလေးမွေးပြီးနောက်ပိုင်းကတော့ မပြောတတ်ဘူးပေါ့။

ဒီလောက်ဆိုရင်တော့ Super Model တစ်ယောက်ရဲ့ ဘဝကို ခန့်မှန်းမိမှာပါ။

Source: Allwomenstalk