[Zawgyi]

အျဖဴေရာင္ၾကိဳက္တတ္သူေတြရဲ႕ အက်င့္နဲ႔ စိတ္ေနစိတ္ထားက ထူးျခားပါတယ္။ ကၽြန္မတို႔ မိန္းကေလးအမ်ားစုရဲ႕ ကေလးဘဝတုန္းက အၾကိဳက္ဆံုးအေရာင္က ပန္းေရာင္ျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့ အသက္ၾကီးလာတဲ့အခ်ိန္ ကိုယ္အမွန္တကယ္ၾကိဳက္တဲ့အေရာင္က ပန္းေရာင္မဟုတ္မွန္းတျဖည္းျဖည္းနဲ႔ သိလာပါတယ္။ ျပီးခဲ့တဲ့တစ္ေခါက္က အနက္ေရာင္ Crazy ေလးေတြရဲ႕ စိတ္ေနစိတ္ထားကို ေျပာျပျပီးခဲ့ပါျပီ။ အျဖဴေရာင္ကို ထူးထူူးျခားျခားၾကိဳက္တဲ့ပ်ိဳေမေတြကို ေတြ႕ရတာေၾကာင့္ အျဖဴေရာင္ခ်စ္သူေလးေတြအေၾကာင္း ေျပာျပေပးပါရေစ။

၁။ အျဖဴေရာင္ၾကိဳက္တတ္သူေတြက သပ္သပ္ရပ္ရပ္ေနတတ္ၾကပါတယ္။ ဆိုလိုတာက အသန္႔ၾကိဳက္သူေတြပါ။ သူတို႔ရဲ႕ ဖိနပ္အျဖဴေလးေတြကိုတစ္ေယာက္ေယာက္ တပ္နင္းမိတာ၊ တိုက္မိတာနဲ႔ ျပာျပာသလဲ သန္႔ရွင္းတတ္ၾကပါတယ္။

၂။ သင္က အသန္႔ၾကိဳက္သူတစ္ေယာက္မို႔ သင္နဲ႔ ေပါင္းသင္းသူေတြကိုလည္း သင့္လိုပဲ ျဖစ္ေစခ်င္ပါတယ္။ ေျပာရရင္ ခ်စ္သူေရြးရင္လည္း စံသတ္မွတ္ခ်က္ေတြမွာ သန္႔ရွင္းရမယ္ဆိုတာ ပါေနတတ္ပါတယ္။

၃။ သင္က ဘဝကို အခ်ိဳးက်က် ကာရန္ညီညီေနထိုင္တတ္ျပီး အေကာင္းျမင္စိတ္ရွိပါတယ္။

၄။ သတိၾကီးျပီး ေငြေၾကးကို တြက္ခ်က္သံုးတတ္ပါတယ္။ လက္ေတြ႕သမားေတြပါ။

၅။ မေျပာခင္အျမဲစဥ္းစားတတ္ပါတယ္။ ကိစၥတစ္ခုခုမလုပ္ခင္ ဘာျဖစ္သြားမလဲ အက်ိဳးဆက္ကို အျမဲေတြးတတ္ပါတယ္။

၆။ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ႏုိင္ၾကပါတယ္။

၇။ သင္က တစ္ေယာက္တည္းေနတတ္ပါတယ္။ လူေတြဆီက အကူအညီေတာင္းရတာကို လံုးဝမၾကိဳက္ပါဘူး။ ဒါေၾကာင့္လည္း တစ္ခါတေလ အထီးက်န္သမားၾကီးျဖစ္ေနတတ္ပါတယ္။

၈။ ရိုးရွင္းတဲ့ ဘဝပံုစံကိုပဲ အလိုရွိၾကပါတယ္။

၉။ သင့္ရဲ႕ ျပည့္စံုတဲ့ပံုစံကို လူေတြကို ျမင္ေစခ်င္တာေၾကာင့္ အားနည္းခ်က္ေတြကို ဖံုးကြယ္ျပီးေနတတ္ပါတယ္။

၁၀။ ရွက္တတ္ေပမယ့္ ရလာတဲ့အခြင့္အေရးကိုေတာ့ မလြတ္ေအာင္ ဖမ္းဆုပ္တတ္ၾကပါတယ္။

သင္က အျဖဴေရာင္ႏွစ္သက္သူဆုိရင္ အျဖဴေရာင္ဖက္ရွင္ေလးေတြကိုလည္း ဘယ္လုိဝတ္ရင္လွမလဲ ၾကည့္ဖို႔မေမ့နဲ႔ေနာ္။

[Unicode]

အဖြူရောင်ကြိုက်တတ်သူတွေရဲ့ အကျင့်နဲ့ စိတ်နေစိတ်ထားက ထူးခြားပါတယ်။ ကျွန်မတို့ မိန်းကလေးအများစုရဲ့ ကလေးဘဝတုန်းက အကြိုက်ဆုံးအရောင်က ပန်းရောင်ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အချိန် ကိုယ်အမှန်တကယ်ကြိုက်တဲ့အရောင်က ပန်းရောင်မဟုတ်မှန်းတဖြည်းဖြည်းနဲ့ သိလာပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က အနက်ရောင် Crazy လေးတွေရဲ့ စိတ်နေစိတ်ထားကို ပြောပြပြီးခဲ့ပါပြီ။ အဖြူရောင်ကို ထူးထူူးခြားခြားကြိုက်တဲ့ပျိုမေတွေကို တွေ့ရတာကြောင့် အဖြူရောင်ချစ်သူလေးတွေအကြောင်း ပြောပြပေးပါရစေ။

၁။ အဖြူရောင်ကြိုက်တတ်သူတွေက သပ်သပ်ရပ်ရပ်နေတတ်ကြပါတယ်။ ဆိုလိုတာက အသန့်ကြိုက်သူတွေပါ။ သူတို့ရဲ့ ဖိနပ်အဖြူလေးတွေကိုတစ်ယောက်ယောက် တပ်နင်းမိတာ၊ တိုက်မိတာနဲ့ ပြာပြာသလဲ သန့်ရှင်းတတ်ကြပါတယ်။

၂။ သင်က အသန့်ကြိုက်သူတစ်ယောက်မို့ သင်နဲ့ ပေါင်းသင်းသူတွေကိုလည်း သင့်လိုပဲ ဖြစ်စေချင်ပါတယ်။ ပြောရရင် ချစ်သူရွေးရင်လည်း စံသတ်မှတ်ချက်တွေမှာ သန့်ရှင်းရမယ်ဆိုတာ ပါနေတတ်ပါတယ်။

၃။ သင်က ဘဝကို အချိုးကျကျ ကာရန်ညီညီနေထိုင်တတ်ပြီး အကောင်းမြင်စိတ်ရှိပါတယ်။

၄။ သတိကြီးပြီး ငွေကြေးကို တွက်ချက်သုံးတတ်ပါတယ်။ လက်တွေ့သမားတွေပါ။

၅။ မပြောခင်အမြဲစဉ်းစားတတ်ပါတယ်။ ကိစ္စတစ်ခုခုမလုပ်ခင် ဘာဖြစ်သွားမလဲ အကျိုးဆက်ကို အမြဲတွေးတတ်ပါတယ်။

၆။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ကြပါတယ်။

၇။ သင်က တစ်ယောက်တည်းနေတတ်ပါတယ်။ လူတွေဆီက အကူအညီတောင်းရတာကို လုံးဝမကြိုက်ပါဘူး။ ဒါကြောင့်လည်း တစ်ခါတလေ အထီးကျန်သမားကြီးဖြစ်နေတတ်ပါတယ်။

၈။ ရိုးရှင်းတဲ့ ဘဝပုံစံကိုပဲ အလိုရှိကြပါတယ်။

၉။ သင့်ရဲ့ ပြည့်စုံတဲ့ပုံစံကို လူတွေကို မြင်စေချင်တာကြောင့် အားနည်းချက်တွေကို ဖုံးကွယ်ပြီးနေတတ်ပါတယ်။

၁၀။ ရှက်တတ်ပေမယ့် ရလာတဲ့အခွင့်အရေးကိုတော့ မလွတ်အောင် ဖမ်းဆုပ်တတ်ကြပါတယ်။

သင်က အဖြူရောင်နှစ်သက်သူဆိုရင် အဖြူရောင်ဖက်ရှင်လေးတွေကိုလည်း ဘယ်လိုဝတ်ရင်လှမလဲ ကြည့်ဖို့မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar