[Zawgyi]

မ်က္ႏွာေပၚမွာ ဝက္ၿခံေတြျဖစ္ေပၚေနတာက ေတာ္ေတာ္ေလးကို စိတ္ညစ္စရာေကာင္းလြန္းတဲ့အခ်က္ပါပဲ။ ဝက္ၿခံေတြျဖစ္ေပၚတယ္ဆိုတာက ျပဳမူေနထိုင္ေနတဲ့ပံုစံေတြ၊ စားေသာက္မႈစနစ္ေတြေၾကာင့္ ပိုမိုဆိုးရြားလာတာမ်ိဳးေတြလည္းရွိပါတယ္။

ဝက္ၿခံေတြေပ်ာက္ဖို႔အတြက္ ဝက္ၿခံေပ်ာက္ေဆးေတြ ေလ်ာက္လိမ္းေနစရာေတာင္မလိုပါဘူး။ အခုေဖာ္ျပမယ့္အခ်က္ေတြကိုလိုက္နာလိုက္မယ္ဆိုရင္ သင့္မ်က္ႏွာမွာရွိေနတဲ့ ဝက္ၿခံေတြသိသိသာသာေလ်ာ့နည္းသြားေစမွာပါ။

သင့္ရဲ႕စားေသာက္မႈစနစ္

အဆီမ်ားတဲ့အစားအစာေတြက ဝက္ၿခံျဖစ္ေစမႈကို အားေပးေနတာေၾကာင့္ ႏို႔ထြက္ပစၥည္းေတြနဲ႔ျပဳလုပ္ထားတဲ့ အစားစာေတြနဲ႔ ေခ်ာကလက္ေတြစားတာကို ေလ်ာ့ခ်လိုက္သင့္ပါတယ္။ ေရကိုမ်ားမ်ားေသာက္ေပးၿပီး အသားငါးနဲ႔ ဟင္းသီးဟင္းရြက္ေတြကို သင့္တင့္မွ်တေအာင္ စားေပးမယ္ဆိုရင္ေတာ့ ဝက္ၿခံေတြကိုေလ်ာ့နည္းလာေစမွာပါ။

ဝက္ၿခံေတြကို လက္နဲ႔ညွစ္ပစ္ျခင္း

လက္မွာမျမင္ရတဲ့ ဘက္တီးရီးယားေတြမ်ားစြာရွိေနတတ္ပါတယ္။ မ်က္ႏွာေပၚမွာရွိတဲ့ ဝက္ၿခံေတြကို လက္နဲ႔ကိုင္တြယ္ျခင္း၊ ညွစ္ပစ္တာေတြလုပ္မယ္ဆိုရင္ လက္မွာရွိတဲ့ပိုးမႊားေတြက ဝက္ၿခံကိုကူးစက္သြားၿပီး ဝက္ၿခံေတြကို ပိုၿပီးပ်ံ႕ပြားလာေစမွာပဲျဖစ္ပါတယ္။

Oil Free ျဖစ္တဲ့ပစၥည္းမ်ိဳးေတြကိုသံုးပါ

မိတ္ကပ္ပစၥည္းေတြကို အသံုးျပဳမယ္ဆိုရင္လည္း Oil Free ျဖစ္တဲ့ပစၥည္းမ်ိဳးေတြကိုပဲ ေရြးခ်ယ္ၿပီးအသံုးျပဳသင့္ပါတယ္။ အဆီျပန္တတ္တဲ့အသားအေရက ဝက္ၿခံျဖစ္ေစမႈရာခိုင္ႏႈန္းပိုမ်ားတာေၾကာင့္ အဆီျပန္တာကိုထိန္းခ်ဳပ္ေပးႏိုင္မယ့္ ပစၥည္းမ်ိဳးကိုအသံုးျပဳတာကအေကာင္းဆံုးပါပဲ။

သန္႔ရွင္းေရး

ဝက္ၿခံထြက္တတ္တဲ့သူေတြအတြက္ သန္႔ရွင္းမႈရွိဖို႔ကလည္းအေရးႀကီးလြန္းတဲ့အခ်က္ပါပဲ။ အိပ္ခါနီးမွာမ်က္ႏွာမွာရွိေနတဲ့ မိတ္ကပ္ေတြကိုေသခ်ာေျပာင္စင္ေအာင္ သန္႔စင္ေပးမွ ဝက္ၿခံျဖစ္ေစမယ့္ ဘက္တီးရီးယားေတြကို မျပန္႔ပြားေစမွာေပါ႔။

တစ္ေန႔ကို ႏွစ္ႀကိမ္ေတာ့ပံုမွန္ မ်က္ႏွာသစ္ေပးရမယ္ေနာ္။ အိပ္ယာခင္းနဲ႔ ေခါင္းအံုးစြပ္ေတြကိုလည္း အၿမဲသန္႔စင္ေပးသင့္ပါတယ္။ မ်က္ႏွာနဲ႔ထိေတြ႔ေနရတဲ့ေနရာေတြကသန္႔စင္ေနမွလည္း ဝက္ၿခံေတြကိုေလ်ာ့နည္းေစမွာေပါ႔။

ဒီအခ်က္ေတြကိုေသခ်ာလိုက္နာၿပီး က်င့္သံုးမယ္ဆိုရင္ေတာ့ ဝက္ၿခံေတြကိုသိသိသာသာေလ်ာ့နည္းေစၿပီး ဝက္ၿခံေတြထပ္ၿပီးျဖစ္မလာေအာင္လည္း တားဆီးေပးႏိုင္မွာပဲျဖစ္ပါတယ္။

Featured Image Source: eDiva

[Unicode]

မျက်နှာပေါ်မှာ ဝက်ခြံတွေဖြစ်ပေါ်နေတာက တော်တော်လေးကို စိတ်ညစ်စရာကောင်းလွန်းတဲ့အချက်ပါပဲ။ ဝက်ခြံတွေဖြစ်ပေါ်တယ်ဆိုတာက ပြုမူနေထိုင်နေတဲ့ပုံစံတွေ၊ စားသောက်မှုစနစ်တွေကြောင့် ပိုမိုဆိုးရွားလာတာမျိုးတွေလည်းရှိပါတယ်။

ဝက်ခြံတွေပျောက်ဖို့အတွက် ဝက်ခြံပျောက်ဆေးတွေ လျောက်လိမ်းနေစရာတောင်မလိုပါဘူး။ အခုဖော်ပြမယ့်အချက်တွေကိုလိုက်နာလိုက်မယ်ဆိုရင် သင့်မျက်နှာမှာရှိနေတဲ့ ဝက်ခြံတွေသိသိသာသာလျော့နည်းသွားစေမှာပါ။

သင့်ရဲ့စားသောက်မှုစနစ်

အဆီများတဲ့အစားအစာတွေက ဝက်ခြံဖြစ်စေမှုကို အားပေးနေတာကြောင့် နို့ထွက်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ အစားစာတွေနဲ့ ချောကလက်တွေစားတာကို လျော့ချလိုက်သင့်ပါတယ်။ ရေကိုများများသောက်ပေးပြီး အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို သင့်တင့်မျှတအောင် စားပေးမယ်ဆိုရင်တော့ ဝက်ခြံတွေကိုလျော့နည်းလာစေမှာပါ။

ဝက်ခြံတွေကို လက်နဲ့ညှစ်ပစ်ခြင်း

လက်မှာမမြင်ရတဲ့ ဘက်တီးရီးယားတွေများစွာရှိနေတတ်ပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံတွေကို လက်နဲ့ကိုင်တွယ်ခြင်း၊ ညှစ်ပစ်တာတွေလုပ်မယ်ဆိုရင် လက်မှာရှိတဲ့ပိုးမွှားတွေက ဝက်ခြံကိုကူးစက်သွားပြီး ဝက်ခြံတွေကို ပိုပြီးပျံ့ပွားလာစေမှာပဲဖြစ်ပါတယ်။

Oil Free ဖြစ်တဲ့ပစ္စည်းမျိုးတွေကိုသုံးပါ

မိတ်ကပ်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင်လည်း Oil Free ဖြစ်တဲ့ပစ္စည်းမျိုးတွေကိုပဲ ရွေးချယ်ပြီးအသုံးပြုသင့်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေက ဝက်ခြံဖြစ်စေမှုရာခိုင်နှုန်းပိုများတာကြောင့် အဆီပြန်တာကိုထိန်းချုပ်ပေးနိုင်မယ့် ပစ္စည်းမျိုးကိုအသုံးပြုတာကအကောင်းဆုံးပါပဲ။

သန့်ရှင်းရေး

ဝက်ခြံထွက်တတ်တဲ့သူတွေအတွက် သန့်ရှင်းမှုရှိဖို့ကလည်းအရေးကြီးလွန်းတဲ့အချက်ပါပဲ။ အိပ်ခါနီးမှာမျက်နှာမှာရှိနေတဲ့ မိတ်ကပ်တွေကိုသေချာပြောင်စင်အောင် သန့်စင်ပေးမှ ဝက်ခြံဖြစ်စေမယ့် ဘက်တီးရီးယားတွေကို မပြန့်ပွားစေမှာပေါ့။

တစ်နေ့ကို နှစ်ကြိမ်တော့ပုံမှန် မျက်နှာသစ်ပေးရမယ်နော်။ အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကိုလည်း အမြဲသန့်စင်ပေးသင့်ပါတယ်။ မျက်နှာနဲ့ထိတွေ့နေရတဲ့နေရာတွေကသန့်စင်နေမှလည်း ဝက်ခြံတွေကိုလျော့နည်းစေမှာပေါ့။

ဒီအချက်တွေကိုသေချာလိုက်နာပြီး ကျင့်သုံးမယ်ဆိုရင်တော့ ဝက်ခြံတွေကိုသိသိသာသာလျော့နည်းစေပြီး ဝက်ခြံတွေထပ်ပြီးဖြစ်မလာအောင်လည်း တားဆီးပေးနိုင်မှာပဲဖြစ်ပါတယ်။