[Zawgyi]

ကိုယ့္ရဲ့ ေမးေစ့ကို အနီးကပ္ၾကည့္ဖူးပါသလား။ မၾကည့္ဖူးရင္ အခုပဲ မွန္ေလးေထာင္ၿပီး ၾကည့္လိုက္ေတာ့ေနာ္။ ေမးရိုး ကေနတစ္ဆင့္ သင့္ရဲ့ စိတ္ေနစိတ္ထားတစ္ခ်ိဳ႕ကို ေဖာ္ျပေနပါတယ္။ အားလံုးမွန္တယ္လို႔ေတာ့မဆိုႏိုင္ေပမယ့္ တိုက္ဆိုင္မႈေတြရွိၾကတာကိုေတာ့ ကမၻာတစ္၀ွမ္းက လက္ခံၾကပါတယ္။ ဒါဆို အခ်က္ေလး နည္းနည္းေလာက္တိုက္ဆိုင္ရင္ မွတ္ခ်က္ေလးေတြ ေပးခဲ့ၾကပါဦးေနာ္။

၁။ ေလးေထာင့္ဆန္တဲ့ ေမးရိုး

ေလးေထာင့္ဆန္ဆန္ ေမးရိုး  ပိုင္ရွင္ေတြဟာ စြဲေဆာင္မႈရွိၾကတယ္။ ဒါေပမယ့္ သတိေတာ့ထားပါေနာ္။ သူတို႔ေတြဟာ ေခါင္းသိပ္မာတာပဲတဲ့။ သူတို႔ရဲ့ စိတ္ခံစားခ်က္ကို အလြယ္တကူ အသာတၾကည္ ထုတ္ေဖာ္မျပတတ္ပါဘူး။ သူတို႔ကို ၾကမ္းတမ္းတယ္ နည္းနည္းရိုင္းတယ္လို႔ ထင္ၾကေပမယ့္ သူတို႔ေတြဟာ တကယ္ပဲ စိတ္ထားမွန္တဲ့သူေတြပါ။

၂။ ေမးရိုး ခၽြန္ခၽြန္ေလး

ေမးရိုး ခၽြန္ၿပီး တိုတိုေလးဆိုရင္ သင္ဟာ ဆတ္ဆတ္ထိမခံတဲ့သူျဖစ္ပါတယ္။ သင္က စကားကို ပြင့္ပြင့္လင္းလင္းေျပာတတ္ပါတယ္။ အဲဒီလို ဘြင္းဘြင္းရွင္းရွင္းႀကီးေျပာတတ္ေပမယ့္ သင့္ကို လူေတြက ခ်စ္ၾကပါတယ္တဲ့။

၃။ ေမးရိုး အေရွ႕ဘက္ခၽြန္တဲ့ပံုစံ

အေရွ႕ဘက္မွာ ခၽြန္ထြက္ေနတဲ့ေမးရိုး ပိုင္ရွင္ေတြဟာ အၿမဲတမ္း အားအင္ျပည့္၀ေနတဲ့သူေတြပါ။ ဒါ့ေၾကာင့္ သူတို႔ေတြဟာ ေခါင္းေဆာင္ႏိုင္တဲ့ အရည္အခ်င္းေတြရွိၾကပါတယ္။ သင့္ရဲ့ လုပ္ငန္းေတြမွာလည္း ေရွ႕ေရာက္ၿပီး အနာဂတ္ဟာလည္း လွပေနမွာပါေနာ္။

၄။ အတြင္းဘက္၀င္ေနတဲ့ ေမးရိုး

ဒီေမးရိုး ပံုစံေလးကေတာ့ ေမွးမရွိသလိုပါပဲ။ သူတို႔ေလးေတြဟာ သစၥာရွိတယ္ လူသိမ်ားေက်ာ္ၾကားတဲ့သူေတြျဖစ္တယ္။ ေငြေၾကးကို စနစ္တက်သံုးစြဲႏိုင္တယ္။ ဆံုးျဖတ္ခ်က္ခ်ေတာ့မယ္ဆို အၿမဲတမ္း အခက္ေတြ႔ရေလ့ရွိတယ္။

၅။ေမးရိုး ရွည္ရွည္

သင္ဟာ ေပါင္းသင္းရလြယ္တယ္။ သစၥာရွိတယ္။ သူငယ္ခ်င္းမိတ္ေဆြဖြဲ႔တာသိပ္လြယ္တယ္။ ေပ်ာ္ရႊင္တဲ့မိသားစုကို ပိုင္ဆိုင္ထားတယ္။

၆။ ေမးရိုး ၀ိုင္း၀ိုင္း

အေကာင္းျမင္တတ္တယ္။ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္တယ္။ သူငယ္ခ်င္းေတြအတြက္ဆိုရင္လည္း အတတ္ႏိုင္ဆံုး ကူညီေပးတယ္။ သူတို႔က ေခါင္းေဆာင္ေတြေတာ့မဟုတ္ဘူး။ သူမ်ားကိုဦးေဆာင္ရတာထက္ ကိုယ့္ကိုကိုယ္ အေကာင္းဆံုးလုပ္ရတာကိုပဲ ပိုႏွစ္သက္ၾကတယ္။

စာဖတ္သူတို႔ေကာ နံပါတ္ဘယ္ေလာက္လဲ။ တိုက္ဆိုင္ရဲ့လားရွင္။ မတိုက္ဆိုင္ရင္လည္း ပြင့္ပြင့္လင္းလင္းေရးခဲ့ပါဦးေနာ္။ ေက်းဇူးတင္ပါတယ္။

[Unicode]

ကိုယ့်ရဲ့ မေးစေ့ကို အနီးကပ်ကြည့်ဖူးပါသလား။ မကြည့်ဖူးရင် အခုပဲ မှန်လေးထောင်ပြီး ကြည့်လိုက်တော့နော်။ မေးရိုး ကနေတစ်ဆင့် သင့်ရဲ့ စိတ်နေစိတ်ထားတစ်ချို့ကို ဖော်ပြနေပါတယ်။ အားလုံးမှန်တယ်လို့တော့မဆိုနိုင်ပေမယ့် တိုက်ဆိုင်မှုတွေရှိကြတာကိုတော့ ကမ္ဘာတစ်ဝှမ်းက လက်ခံကြပါတယ်။ ဒါဆို အချက်လေး နည်းနည်းလောက်တိုက်ဆိုင်ရင် မှတ်ချက်လေးတွေ ပေးခဲ့ကြပါဦးနော်။

၁။ လေးထောင့်ဆန်တဲ့ မေးရိုး

လေးထောင့်ဆန်ဆန် မေးရိုး  ပိုင်ရှင်တွေဟာ စွဲဆောင်မှုရှိကြတယ်။ ဒါပေမယ့် သတိတော့ထားပါနော်။ သူတို့တွေဟာ ခေါင်းသိပ်မာတာပဲတဲ့။ သူတို့ရဲ့ စိတ်ခံစားချက်ကို အလွယ်တကူ အသာတကြည် ထုတ်ဖော်မပြတတ်ပါဘူး။ သူတို့ကို ကြမ်းတမ်းတယ် နည်းနည်းရိုင်းတယ်လို့ ထင်ကြပေမယ့် သူတို့တွေဟာ တကယ်ပဲ စိတ်ထားမှန်တဲ့သူတွေပါ။

၂။ မေးရိုး ချွန်ချွန်လေး

မေးရိုး ချွန်ပြီး တိုတိုလေးဆိုရင် သင်ဟာ ဆတ်ဆတ်ထိမခံတဲ့သူဖြစ်ပါတယ်။ သင်က စကားကို ပွင့်ပွင့်လင်းလင်းပြောတတ်ပါတယ်။ အဲဒီလို ဘွင်းဘွင်းရှင်းရှင်းကြီးပြောတတ်ပေမယ့် သင့်ကို လူတွေက ချစ်ကြပါတယ်တဲ့။

၃။ မေးရိုး အရှေ့ဘက်ချွန်တဲ့ပုံစံ

အရှေ့ဘက်မှာ ချွန်ထွက်နေတဲ့မေးရိုး ပိုင်ရှင်တွေဟာ အမြဲတမ်း အားအင်ပြည့်ဝနေတဲ့သူတွေပါ။ ဒါ့ကြောင့် သူတို့တွေဟာ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေရှိကြပါတယ်။ သင့်ရဲ့ လုပ်ငန်းတွေမှာလည်း ရှေ့ရောက်ပြီး အနာဂတ်ဟာလည်း လှပနေမှာပါနော်။

၄။ အတွင်းဘက်ဝင်နေတဲ့ မေးရိုး

ဒီမေးရိုး ပုံစံလေးကတော့ မှေးမရှိသလိုပါပဲ။ သူတို့လေးတွေဟာ သစ္စာရှိတယ် လူသိများကျော်ကြားတဲ့သူတွေဖြစ်တယ်။ ငွေကြေးကို စနစ်တကျသုံးစွဲနိုင်တယ်။ ဆုံးဖြတ်ချက်ချတော့မယ်ဆို အမြဲတမ်း အခက်တွေ့ရလေ့ရှိတယ်။

၅။မေးရိုး ရှည်ရှည်

သင်ဟာ ပေါင်းသင်းရလွယ်တယ်။ သစ္စာရှိတယ်။ သူငယ်ချင်းမိတ်ဆွေဖွဲ့တာသိပ်လွယ်တယ်။ ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားတယ်။

၆။ မေးရိုး ဝိုင်းဝိုင်း

အကောင်းမြင်တတ်တယ်။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်။ သူငယ်ချင်းတွေအတွက်ဆိုရင်လည်း အတတ်နိုင်ဆုံး ကူညီပေးတယ်။ သူတို့က ခေါင်းဆောင်တွေတော့မဟုတ်ဘူး။ သူများကိုဦးဆောင်ရတာထက် ကိုယ့်ကိုကိုယ် အကောင်းဆုံးလုပ်ရတာကိုပဲ ပိုနှစ်သက်ကြတယ်။

စာဖတ်သူတို့ကော နံပါတ်ဘယ်လောက်လဲ။ တိုက်ဆိုင်ရဲ့လားရှင်။ မတိုက်ဆိုင်ရင်လည်း ပွင့်ပွင့်လင်းလင်းရေးခဲ့ပါဦးနော်။ ကျေးဇူးတင်ပါတယ်။