ရင်ခုန်စရာကောင်းတဲ့ ဒိတ်တင်ကိုသွားရတော့မှာပါလား။ ငါ့ရုပ်ကို သူသဘောကျပါ့မလား။ ငါ့ Type နဲ့ သူ့ Type အဆင်မှပြေပါ့မလား။ အသံအနေအထား၊ ဝတ်ပုံစားပုံ၊ စားပုံသောက်ပုံနဲ့ ဘာညာတွေကိုကြည့်ပြီးတော့များ ငါ့ကိုစိတ်ပျက်သွားလေမလား။ အိုးမိုင်ဂေါ့ဒ် … တွေးကြည့်တာနဲ့တင် တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းနေပါပြီ။

ဒါပေမဲ့လည်းပျိုမေတို့ရယ် … အစကောင်းမှ အနှောင်းသေချာဆိုသလို ကိုယ်ကအတည်တွဲမယ်လို့စဉ်းစားထားရင်တော့ ခုထဲကမေးခွန်းလေးတစ်ချို့ကို ကြိုမေးထားဖို့လိုပါမယ်။

၁။ ဘာအလုပ်လုပ်လဲ။ အလုပ်မှာပျော်ရဲ့လား


Source: It’s Just Lunch Chicago

အရေးကြီးဆုံးမေးခွန်းပါပဲ။ သူ့တစ်နေ့တာကို ဘယ်လိုအလုပ်မျိုးနဲ့ ကုန်ဆုံးလဲ။ ဘယ်လောက်အချိန်ပေးလဲ။ အလုပ်ကို ဘယ်လောက်တန်ဖိုးထားတတ်သူလဲ။ လုပ်နေတဲ့အလုပ်မှာမပျော်လည်း တခြားဘာဝါသနာတွေ၊ ဘာရည်မှန်းချက်တွေရှိသေးလဲ။ ဘဝအတွက်ဘယ်လောက်အခြေခိုင်မာလဲစသဖြင့် မေးခွန်းလေးတစ်ခုထဲကနေမှ သူ့တစ်နေ့တာဖြတ်သန်းပုံနဲ့ အနာဂတ်အစီအစဉ်တွေအထိ သိရှိနိုင်ပါတယ်။

၂။ ဘာအစားအစာတွေ ကြိုက်တတ်လဲ

Source: Money Crashers

ဒါကတော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပိုမိုနွေးထွေးလာစေမယ့်မေးခွန်းပါ။ နောက်တစ်ခါဒိတ်ဖြစ်ရင်လည်း ဘယ်သွားပြီး၊ ဘာစားကြမယ်ဆိုတာမျိုး Plan လုပ်ထားလို့ရပါတယ်။ မတည့်တဲ့အစားအစာမျိုးတွေရှိလားဆိုတဲ့မေးခွန်းလေးတွေမေးပြီးတော့လည်း သင့်ရဲ့ဂရုစိုက်တတ်မှုကိုပြပြီး အမှတ်ယူလို့ရပါသေးတယ် ပျိုမေတို့ရေ။

၃။ ဘယ်ဇာတိဖွားလဲ

Source: estarguapas.com

ဒီလေးမေးခွန်းလေးမေးပြီးတော့လည်း သူ့မိသားစုအကြောင်းကို လေ့လာလို့ရပါသေးတယ်။ တစ်ချို့သူတွေက သူတို့မွေးဖွားနေထိုင်ခဲ့တဲ့ဇာတိအကြောင်းကို အလွန်တရာမှ ဂုဏ်ယူစွာပြောတတ်ကြပါတယ်။ ဒီကနေမှတစ်ဆင့် သူ့မိဘတွေကရော ဒီဇာတိပဲလား။ မိသားစုတွေနဲ့ရော ခွဲနေလား။ တူတူနေလား။ မိသားစုစီးပွားရေးကဘာလဲစသဖြင့် ဘာဘာညာညာ နောက်ကြောင်းလိုက်လို့ရပါတယ်။

၎။ ဘာသံစဉ်မျိုးနားထောင်ရတာကြိုက်လဲ

Source: The Cheat Sheet

တစ်ချို့ကသီချင်းအရမ်းကြိုက်တတ်ကြပါတယ်။ နားထောင်တဲ့အမျိုးအစားပေါ်မူတည်ပြီး သူတို့စိတ်ခံစားချက်တွေကလည်း ပြောင်းလဲသွားတတ်ကြပါတယ်။ နောက်ပိုင်းသူသဘောကျတဲ့အဆိုတော်ရဲ့ ဂီတဖျော်ဖြေပွဲကို နှစ်ယောက်အတူတူသွားပြီး ဒိတ်လုပ်နိုင်တဲ့အခွင့်အရေးရှိလာနိုင်မလားဆိုတာကိုလည်း ဘယ်သူကပြောနိုင်မှာလဲနော်။

၅။ ဘာလုပ်ရတာဝါသနာပါလဲ

Source: Viva Glam Magazine

အိပ်ရတာဝါသနာပါတယ်လို့ဖြေရင်တော့ သင်ဒုက္ခရောက်ပါပြီ။ စတာပါ။ ဒါပေမဲ့တကယ်လည်းဟုတ်ပါတယ်။ တွဲပြီးလို့မှ ကိုယ်ကသူ့ကိုစိတ်ဆိုးလိုက်၊ ဒေါသထွက်နေလိုက်နဲ့ ခေါင်းမီးတွေတောက်နေတုန်းမှာ သူကတော့နောက်တစ်နေ့ကူးပြီး ညနေလောက်မှ ကိုကိုအိပ်ပျော်သွားလို့ဆိုရင်တော့ ကြည့်လို့လှပါပြီ။ အရှပ်အရှင်းတွေရှိမှာတော့ မပူရဘူးပေါ့လေ။

၆။ ရုပ်ရှင်ကြည့်ရင်းငိုဖူးလား

Source: Stellar Magazine

မထင်နဲ့နော်။ ယောကျာ်းလေးတွေလည်း ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကြတတ်ကြပါတယ်။ ဘယ်ကားကိုကြည့်တုန်းကကျတာလဲဆိုတာကိုသိရင် သူ့ရဲ့အားနည်းချက်နဲ့ သူဘယ်လိုအချိန်မျိုးတွေမှာ စိတ်ခံစားလွယ်တတ်လဲဆိုတာကို သင်အလွယ်လေးသိရှိနိုင်ပါပြီ။

၇။ ဘာသာရေးအယူအဆ

Source: express.co.uk

ဘာသာရေးအယူအဆတွေနဲ့ ပတ်သတ်ပြီးတော့လည်း မေးခွန်းနည်းနည်းထုတ်ကြည့်ပါ။ ဒါကစစချင်းဘာမှမဟုတ်သေးပေမဲ့ အချိန်ကြာလာလေ ပိုအရေးပါလာလေဖြစ်လောက်ပါတယ်။

Featured image source: Morethanglam