[Zawgyi]

မ်က္ႏွာသစ္ဖို႔ဆိုတာ ငယ္တုန္းအခ်ိန္မွာထဲက အက်င့္ျဖစ္လာတဲ့လုပ္ငန္းတစ္ခုေပါ႔။ အရြယ္ေရာက္လာတဲ့အခ်ိန္မွာ မ်က္ႏွာကိုေသခ်ာသန္႔စင္ဖို႔ဆိုတာ အရမ္းကိုအေရးႀကီးတဲ့အရာတစ္ခုျဖစ္လာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မ်က္ႏွာေလးကိုပိုၿပီးေတာ့ ျပည့္စံုတဲ့အလွအပမ်ိဳးျဖစ္ေအာင္ မိတ္ကပ္ေတြလိမ္းျခယ္ၾကတယ္။ အျပင္ေတြကိုသြားတဲ့အခါမွာလည္း ေလဒဏ္ေတြနဲ႔ ဖုန္ေတြေၾကာင့္ မ်က္ႏွာအေရျပားမွာအညစ္အေၾကးေတြလည္း ကပ္ပါလာေတာ့တာေပါ႔။ ဒီလုိအခ်ိန္မွာ မ်က္ႏွာကိုေသခ်ာသန္႔စင္ေပးႏိုင္ဖို႔က အရမ္းကိုအေရးႀကီးလာၿပီ။ မ်က္ႏွာကို ပံုမွန္ဂ႐ုစိုက္ၿပီး မသစ္ေပးတဲ့အခါမွာ ျဖစ္လာမယ့္ျပႆနာတစ္ခ်ိဳ႕ကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

မ်က္ႏွာကိုတစ္ရက္မသစ္ပဲအိပ္လိုက္တဲ့အခါမွာေတာ့ အရင္ရက္ေတြနဲ႔သိပ္ၿပီးကြာျခားတဲ့ ခံစားမႈမ်ိဳးေတြကိုေတာ့ ခံစားရအုန္းမွာမဟုတ္ပါဘူး။

ႏွစ္ရက္ သံုးရက္ေလာက္ၾကာလာတဲ့အခါမွာေတာ့ မ်က္ႏွာကိုအစပ်ိဳးလာတဲ့ ဝက္ၿခံေတြကိုျမင္ေတြ႔လာရမွာပဲျဖစ္ပါတယ္။ မ်က္ႏွာအေရျပားေပၚမွာ ဘက္တီရီးယားေတြမရွိေနမွ ဝက္ၿခံေတြကိုလည္း သက္သာေစမွာျဖစ္တဲ့အတြက္ မ်က္ႏွာကိုေသခ်ာမသစ္ေပးေနသေရြ႕ေတာ့ ဝက္ၿခံေတြဆိုတာရွိေနမွာပါပဲ။

အသားအေရေတြ ေျခာက္ေသြ႔လာတာကိုႀကံဳေတြ႔လာရမယ္။ မ်က္ႏွာကိုေသခ်ာမသန္႔စင္ေပးေတာ့တဲ့အခ်ိန္မွာ အေရျပားေတြကေျခာက္ေသြ႔ၿပီး စိုစိုေျပေျပမရွိေတာ့တာမ်ိဳးေတြကို သင္ႀကံဳေတြ႔လာရမွာပါ။

အဲဒါေတြထက္ပိုၿပီး တစ္ဆင့္တိုးလာတဲ့အခါမွာေတာ့ သင့္မ်က္ႏွာမွာအရင္ကမျဖစ္ဘူးတဲ့ အဆီျပန္တာေတြကိုခံစားလာရၿပီး အဲဒီအဆီေတြေၾကာင့္ မ်က္ႏွာအသားအေရက ေတာ္ေတာ္ေလးကိုပ်က္စီးလာတာကို ခံစားရမွာပဲျဖစ္ပါတယ္။

ပ်ိဳေမတို႔ေရ မ်က္ႏွာသစ္ေပးတယ္ဆိုတာ အခ်ိန္အမ်ားႀကီးေပးရတာမ်ိဳးမဟုတ္တဲ့အျပင္ ကိုယ့္မ်က္ႏွာအသားအေရကိုလည္း ေကာင္းမြန္ေစမယ့္အလားအလာေတြရွိေနတဲ့အတြက္ေၾကာင့္ ေမ႔ေလ်ာ့ထားလို႔ေတာ့မရဘူးေလေနာ္။ မ်က္ႏွာအသားအေရေလးေကာင္းမြန္ေနေအာင္ ေသခ်ာသန္႔စင္ေပးႏိုင္တဲ့ နည္းလမ္းေတြကိုဂ႐ုတစိုက္ေလးလုပ္ၿပီး ေနထိုင္မယ္ဆိုရင္ေတာ့ ၾကည္လင္လွပတဲ့အသားအေရမ်ိဳးကို ပိုင္ဆိုင္ရေစမွာပဲျဖစ္ပါတယ္။

Photo Source: Shutterstock

[Unicode]

မျက်နှာသစ်ဖို့ဆိုတာ ငယ်တုန်းအချိန်မှာထဲက အကျင့်ဖြစ်လာတဲ့လုပ်ငန်းတစ်ခုပေါ့။ အရွယ်ရောက်လာတဲ့အချိန်မှာ မျက်နှာကိုသေချာသန့်စင်ဖို့ဆိုတာ အရမ်းကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာလေးကိုပိုပြီးတော့ ပြည့်စုံတဲ့အလှအပမျိုးဖြစ်အောင် မိတ်ကပ်တွေလိမ်းခြယ်ကြတယ်။ အပြင်တွေကိုသွားတဲ့အခါမှာလည်း လေဒဏ်တွေနဲ့ ဖုန်တွေကြောင့် မျက်နှာအရေပြားမှာအညစ်အကြေးတွေလည်း ကပ်ပါလာတော့တာပေါ့။ ဒီလိုအချိန်မှာ မျက်နှာကိုသေချာသန့်စင်ပေးနိုင်ဖို့က အရမ်းကိုအရေးကြီးလာပြီ။ မျက်နှာကို ပုံမှန်ဂရုစိုက်ပြီး မသစ်ပေးတဲ့အခါမှာ ဖြစ်လာမယ့်ပြဿနာတစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်နှာကိုတစ်ရက်မသစ်ပဲအိပ်လိုက်တဲ့အခါမှာတော့ အရင်ရက်တွေနဲ့သိပ်ပြီးကွာခြားတဲ့ ခံစားမှုမျိုးတွေကိုတော့ ခံစားရအုန်းမှာမဟုတ်ပါဘူး။

နှစ်ရက် သုံးရက်လောက်ကြာလာတဲ့အခါမှာတော့ မျက်နှာကိုအစပျိုးလာတဲ့ ဝက်ခြံတွေကိုမြင်တွေ့လာရမှာပဲဖြစ်ပါတယ်။ မျက်နှာအရေပြားပေါ်မှာ ဘက်တီရီးယားတွေမရှိနေမှ ဝက်ခြံတွေကိုလည်း သက်သာစေမှာဖြစ်တဲ့အတွက် မျက်နှာကိုသေချာမသစ်ပေးနေသရွေ့တော့ ဝက်ခြံတွေဆိုတာရှိနေမှာပါပဲ။

အသားအရေတွေ ခြောက်သွေ့လာတာကိုကြုံတွေ့လာရမယ်။ မျက်နှာကိုသေချာမသန့်စင်ပေးတော့တဲ့အချိန်မှာ အရေပြားတွေကခြောက်သွေ့ပြီး စိုစိုပြေပြေမရှိတော့တာမျိုးတွေကို သင်ကြုံတွေ့လာရမှာပါ။

အဲဒါတွေထက်ပိုပြီး တစ်ဆင့်တိုးလာတဲ့အခါမှာတော့ သင့်မျက်နှာမှာအရင်ကမဖြစ်ဘူးတဲ့ အဆီပြန်တာတွေကိုခံစားလာရပြီး အဲဒီအဆီတွေကြောင့် မျက်နှာအသားအရေက တော်တော်လေးကိုပျက်စီးလာတာကို ခံစားရမှာပဲဖြစ်ပါတယ်။

ပျိုမေတို့ရေ မျက်နှာသစ်ပေးတယ်ဆိုတာ အချိန်အများကြီးပေးရတာမျိုးမဟုတ်တဲ့အပြင် ကိုယ့်မျက်နှာအသားအရေကိုလည်း ကောင်းမွန်စေမယ့်အလားအလာတွေရှိနေတဲ့အတွက်ကြောင့် မေ့လျော့ထားလို့တော့မရဘူးလေနော်။ မျက်နှာအသားအရေလေးကောင်းမွန်နေအောင် သေချာသန့်စင်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဂရုတစိုက်လေးလုပ်ပြီး နေထိုင်မယ်ဆိုရင်တော့ ကြည်လင်လှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ရစေမှာပဲဖြစ်ပါတယ်။

Photo Source: Shutterstock

Featured Image Source: Eluxe Magazine