ပထမဦးဆုံးအချိန် ဂီတဖျော်ဖြေပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို သွားရမှာဖြစ်တာကြောင့် ဘာကိုဘယ်လိုဝတ်ရမယ်ကို စဉ်းစားမရဖြစ်နေပါသလား။ ဒါမှမဟုတ် မရေမတွက်နိုင်အောင် သွားပြီးခဲ့ပြီး ဆန်းသစ်တဲ့ဝတ်စုံဒီဇိုင်းသစ်ကို လိုချင်လို့ ခေါင်းစားနေပါသလား။

ဒါတွေနဲ့ပတ်သက်ပြီး ခေါင်းကိုက်မခံပါနဲ့။ ယခုတခါမှာ MyStyle Myanmar ကနေပြီး နွေရာသီအချိန် ဂီတဖျော်ဖြေပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို သွားတဲ့အခါ ၀တ်ဆင်သွားနိုင်မယ့် ဖက်ရှင်ဒီဇိုင်းလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် သေချာဖတ်ရှုပြီး လိုက်လံဝတ်ဆင်နိုင်ပါတယ်နော်။

၁။ စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါးဒီဇိုင်း (Boho)

အ၀တ်အစားက ခန္ဓာကိုယ်မှာ သက်သောင့်သက်သာရှိနေမှ ပွဲစဉ်တစ်လျှောက်လုံး လွတ်လွတ်လပ်လပ်ကခုန်နိုင်မှာဖြစ်ပြီး တချိန်တည်းမှာပဲ ခေတ်အဆန်ဆုံး ဖက်ရှင်အသွင်ကိုပါ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။

၂။ ရော့ခ်ဒီဇိုင်း (Rock)

တီရှပ်အပါးတစ်ထည်ပေါ်မှာမှ ဂျင်းဂျာကင်တစ်ထည်၊ အနားအပြဲဒီဇိုင်းနဲ့ဂျင်းဘောင်းဘီအတိုအပြင် အကွက်ဒီဇိုင်းလက်ရှည်အင်္ကျီကိုခါးမှာ ချည်ပေးလိုက်မယ်ဆိုရင်တော့ စတိုင်အမိုက်စားနဲ့ ပြီးပြည့်စုံတဲ့ရော့ခ်အသွင်ကို ရရှိနိုင်မှာပါ။ ဖိနပ်ကိုတော့ လမ်းလျှောက်ရတာနဲ့ ကခုန်ရတဲ့အခါ သက်သောင့်သက်သာရှိစေဖို့ ရှူးဖိနပ်ကို ၀တ်ဆင်ပေးပါ။

၃။ EDM

EDM ပွဲအများစုက အရောင်အသွေးစုံလင်ပြီး မြူးမြူးကြွကြွရှိတာကြောင့် စည်းချက်နဲ့လိုက်ဖက်ညီမှုရှိမယ့် ချစ်စဖွယ်ဟန်ကြိုးတစ်ချောင်းခါးတိုအင်္ကျီနဲ့ ဂျင်းဘောင်းဘီတိုကို ၀တ်ဆင်ပေးနိုင်ပါတယ်။ ကွင်းထိုးဖိနပ်အပါးလေးကို ပေါင်းစပ်လိုက်ရင်တော့ ပြီးပြည့်စုံသွားပါပြီ။

၎။ Country Western

အနောက်ပိုင်းအသွင်ရရှိဖို့ ရိုးရိုးရှင်းရှင်း ဂျင်းဘောင်းဘီကို စတစ်ကာပါတီရှပ်အင်္ကျီ၊ ဖလန်နယ်အင်္ကျီအကွက်တို့နဲ့ ပေါင်းစပ်ပေးနိုင်ပါတယ်။ ဒီ့ထက်ပိုပြီးစတိုင်ကျချင်ရင်တော့ နေရောင်ခြည်မှလဲကာကွယ်နိုင်မယ့် နေကာမျက်မှန်၊ ကောင်းဘွိုင်ဦးထုပ်တို့အပြင် ခါးပတ်၊ ကောင်းဘွိုင်ဖိနပ်တို့ကို ၀တ်ဆင်လိုက်မယ်ဆိုရင်တော့ ပြောစရာကိုမလိုတော့ပါဘူး။