အားလုံးပဲမင်္ဂလာပါနော်။ လူတစ်ယောက်နဲ့တစ်ယောက် အချစ်ချင်းထပ်တူကျဖို့ မလွယ်ကူသလို အတူတူ လက်တွဲပြီး အိမ်ထောင်တစ်ခုတည်ထောင်ဖို့ဟာလည်း မလွယ်ကူလှပါဘူး။

လူတိုင်း ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ထောင်ချင်ကြပါတယ်။ ဒါပေမယ့် လက်ထပ်ထားကြတဲ့ အိမ်ထောင်ရေးရဲ့ ၅၀% ခန့်ဟာ အိမ်ထောင်ရေးပြိုကွဲနေကြရပါတယ်။

အိမ်ထောင်ရေးကွဲကွာစေတဲ့ အကြောင်းအရင်းတွေတော့အများကြီးရှိပါတယ်။ နားလည်မှုလွဲတာ၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာ၊ တိုင်ပင်မှုမရှိတာ အိုး အများကြီးပါပဲ။ ဒီလိုအများကြီးထဲကမှာ အားလုံးလည်းရှောင်လို့ရအောင် အိမ်ထောင်ရေး ပြိုကွဲစေတဲ့အကြောင်းရင်းကို မျှဝေပေးချင်ပါတယ်။

အလျင်အမြန်လက်ထပ်ခြင်း

လက်ထပ်တယ်ဆိုတာ ဆန္ဒမစောသင့်ပါဘူး။ သူ့မိသားစု ကိုယ့်မိသားစုအကြောင်း သေချာမသိဘဲ လက်တွဲသင့်ပါဘူး။ သေချာစဉ်းစား အချိန်ယူပြီးမှ လက်ထပ်သင့်ပါတယ်။ လက်ထပ်ခြင်းရဲ့ နောက်မှာ တာဝန်ယူမှု တာဝန်ခံမှုတွေပါလာလို့ပါ။

အချိန်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း

ဒါကလည်း သင့်ရဲ့ အိမ်ထောင်ရေးကို ပျက်စီးစေနိုင်ပါတယ်။ အချိန်တွေမအားလပ်တာ၊ မိသားစုအတွက်အချိန်မပေးနိုင်တာ၊ မိမိစီးပွားရေးကိုပဲ အာရုံစိုက်ပြီး အလုပ်တွေရှုပ်မအားလပ်ဖြစ်နေမယ်ဆိုရင်တော့ သင့်အိမ်ထောင်ရေးကို ပျက်စီးစေနိုင်ပါတယ်။ အဲဒီလို အလုပ်များတာကနေ စိတ်ဖိစီးမှုများလာပြီး မလိုအပ်ဘဲ ရန်ဖြစ်တာမျိုး ဒေါသထွက်တာမျိုးဖြစ်လာစေမှာပါ။

သင့်မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကွာရှင်းပြတ်ဆဲမှုများ

သင့်မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ကွာရှင်းပြတ်ဆဲမှုတွေကလည်း သင်တို့ အိမ်ထောင်ရေးအပေါ် သွယ်ဝိုက်သောနည်းနဲ့ သက်ရောက်စေပါတယ်။ သင့်မိသားစုအတွင် မပြေလည်မှုတွေဖြစ်ရင်ပိုဆိုးတာပေါ့။

ဖုံးကွယ်ထားခြင်း

သင့်ဘဝလက်တွဲဖော်ကို ဘာကိစ္စပဲဖြစ်ဖြစ် ဖုံးကွယ်မထားသင့်ပါဘူး။ မလိမ်သင့်ပါဘူး။ အမှန်အတိုင်းပြောပြီး တာဝန်ယူမှု ရှိသင့်ပါတယ်။

Source: www.blushbabe.com