[Zawgyi]

အားလံုးပဲမဂၤလာပါေနာ္။ လူတိုင္း ဘဝေနထိုင္ ရပ္တည္ေရးအတြက္ အလုပ္တစ္ခုေတာ့ မျဖစ္မေနလုပ္ရပါတယ္။

ကိုယ္ပိုင္ အလုပ္လုပ္ႏိုင္တဲ့သူအတြက္ကေတာ့ ေကာင္းတာေပါ့။ ဒါေပမယ့္ ကိုယ္ပိုင္အလုပ္ဆိုတာကလည္း ေျပာေတာ့သာလြယ္တာ အရင္းအႏွီးရွိတိုင္း လုပ္လို႔ရတာမဟုတ္ပါဘူး။ စီမံခန္႔ခြဲမႈအပိုင္းမွာလည္း တတ္ကၽြမ္းနားလည္ဖို႔လိုသလို ဝန္ထမ္းေတြရဲ႕အေၾကာင္းလည္းသိဖို႔လိုပါတယ္။

တျခားသူေတြရဲ႕လုပ္ငန္းမွာ ဝန္ထမ္းအျဖစ္လုပ္ကိုင္ဖူးသူေတြက ကိုယ္ပိုင္လုပ္ငန္းလုပ္တဲ့အခါ ပိုင္ရွင္ေကာင္း၊ ေခါင္းေဆာင္ေကာင္းေတြျဖစ္တတ္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔လည္း ဒီလိုအခက္အခဲေတြကို ႀကံဳဖူးၾကလို႔ပါပဲ။

ကုမၸဏီတစ္ခုမွာပဲျဖစ္ျဖစ္ လုပ္ငန္းတစ္ခုမွာပဲျဖစ္ျဖစ္ အလုပ္ရဖို႔ အင္တာဗ်ဴးသြားတဲ့အခါ ကိုယ့္ကို သေဘာက်လာေအာင္ ဘယ္လိုအခ်က္ေတြကို ျပင္ဆင္ရမလဲဆိုတာ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ ေလ့က်င့္ပါ ျပင္ဆင္ပါ

အလုပ္အင္တာဗ်ဴးသြားတဲ့အခါ ဘယ္လိုေမးခြန္းေတြေမးလာႏိုင္မလဲဆိုတာ ျပင္ဆင္ပါ။ အေျဖေတြကို ေလ့က်င့္ၾကည့္ပါ။ သြက္သြက္လက္လက္ေျဖႏိုင္ဖို႔ႀကိဳးစားပါ။ တျခားသူ ကိုယ့္ကို တခုခုေမးလာတဲ့အခါ သြက္သြက္လက္လက္နဲ႔ ျပန္ေျဖႏိုင္တာကလည္း သင့္ကို အလုပ္ရွင္က သေဘာက်ေစတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ ႀကိဳတင္ျပင္ဆင္ထားမယ္ဆိုရင္ေတာ့ အဆင္ေျပမွာပါ။ သူေျပာတာကို ေသခ်ာနားေထာင္ပါ။ အေကာင္းဆံုးအေျဖေပးပါ။

၂။ အင္တာဗ်ဴးတဲ့သူနဲ႔ ဆက္ဆံေရးပိုေကာင္းမြန္ေအာင္တည္ေဆာက္ပါ

ကိုယ့္ကို အင္တာဗ်ဴးလုပ္တဲ့သူနဲ႔ ရင္းရင္းႏွီးႏွီးစကားေျပာပါ။ သူ႕ရဲ႕ နာမည္ကို စံုစမ္းၿပီး သိထားရင္ပိုေကာင္းပါတယ္။ သူ႔ကို ေလးစားမႈနဲ႔ မ ဘယ္သူ၊ ကို ဘယ္သူဆိုၿပီး သံုးႏႈန္းတာမ်ိဳးက သင့္ကို သေဘာက်ေစပါတယ္။

၃။ ကိုယ္အလုပ္ေလွ်ာက္မယ့္ကုမၸဏီအေၾကာင္းေလ့လာထားပါ

တခ်ိဳ႕ အင္တာဗ်ဴးတဲ့သူေတြက သူတို႔ ကုမၸဏီအေၾကာင္း သင္ဘယ္ေလာက္သိထားသလဲ၊ သင္ဘယ္ေလာက္အထိ စိတ္ဝင္စားမႈရွိသလဲဆိုတဲ့ ေမးခြန္းကို ေမးတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကိုယ္လုပ္မယ့္ ကုမၸဏီအေၾကာင္းကို ေလ့လာထားသင့္ပါတယ္။

၄။ အေသးစိတ္ကအစ ႀကိဳတင္ ျပင္ဆင္ပါ

အင္တာဗ်ဴးဖို႔ ခ်ိန္းထားတဲ့အခ်ိန္ထက္ ေနာက္က်ၿပီး မေရာက္ပါေစနဲ႔။ ၿပီးေတာ့ ကိုယ္အင္တာဗ်ဴးသြားတဲ့အခါ အဝတ္အစားကို သပ္သပ္ရပ္ရပ္ဝတ္ဆင္ပါ။ အဝတ္အစား သပ္သပ္ရပ္ရပ္ဝတ္ဆင္တာကလည္း အဲဒီအလုပ္အေပၚ ကိုယ္ဘယ္ေလာက္ အေလးထားသလဲဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ညကတည္းက ကိုယ္ဘာဝတ္မလဲဆိုတာ ျပင္ဆင္ထားပါ။

၅။ တည္တည္ၿငိမ္ၿငိမ္နဲ႔ေျဖႏိုင္ေအာင္ႀကိဳးစားပါ

အင္တာဗ်ဴးမေျဖခင္မွာ စိတ္ကိုေလွ်ာ့ထားပါ။ အတတ္ႏိုင္ဆံုး တည္ၿငိမ္ေအာက္ထားပါ။ ကိုယ့္ရဲ႕ စကားေျပာတဲ့ ကိုယ္ဟန္အမူအယာကလည္း အေရးပါတယ္ဆိုတာကို သတိထားပါ။

၇။ အင္တာဗ်ဴးေျဖၿပီးတိုင္းေနာက္ဆက္တြဲ စကားေျပာပါ

အင္တာဗ်ဴးေျဖၿပီးတိုင္း ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားကို ထည့္ေျပာေပးပါ။ အင္တာဗ်ဴးေတြအားလံုး ေျဖၿပီးမွ ေက်းဇူးပါလို႔ သံုးႏႈန္းလို႔ရပါတယ္။

By: MyStyle Myanmar

[Unicode]

အားလုံးပဲမင်္ဂလာပါနော်။ လူတိုင်း ဘဝနေထိုင် ရပ်တည်ရေးအတွက် အလုပ်တစ်ခုတော့ မဖြစ်မနေလုပ်ရပါတယ်။

ကိုယ်ပိုင် အလုပ်လုပ်နိုင်တဲ့သူအတွက်ကတော့ ကောင်းတာပေါ့။ ဒါပေမယ့် ကိုယ်ပိုင်အလုပ်ဆိုတာကလည်း ပြောတော့သာလွယ်တာ အရင်းအနှီးရှိတိုင်း လုပ်လို့ရတာမဟုတ်ပါဘူး။ စီမံခန့်ခွဲမှုအပိုင်းမှာလည်း တတ်ကျွမ်းနားလည်ဖို့လိုသလို ဝန်ထမ်းတွေရဲ့အကြောင်းလည်းသိဖို့လိုပါတယ်။

တခြားသူတွေရဲ့လုပ်ငန်းမှာ ဝန်ထမ်းအဖြစ်လုပ်ကိုင်ဖူးသူတွေက ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ ပိုင်ရှင်ကောင်း၊ ခေါင်းဆောင်ကောင်းတွေဖြစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း ဒီလိုအခက်အခဲတွေကို ကြုံဖူးကြလို့ပါပဲ။

ကုမ္ပဏီတစ်ခုမှာပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုမှာပဲဖြစ်ဖြစ် အလုပ်ရဖို့ အင်တာဗျူးသွားတဲ့အခါ ကိုယ့်ကို သဘောကျလာအောင် ဘယ်လိုအချက်တွေကို ပြင်ဆင်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

၁။ လေ့ကျင့်ပါ ပြင်ဆင်ပါ

အလုပ်အင်တာဗျူးသွားတဲ့အခါ ဘယ်လိုမေးခွန်းတွေမေးလာနိုင်မလဲဆိုတာ ပြင်ဆင်ပါ။ အဖြေတွေကို လေ့ကျင့်ကြည့်ပါ။ သွက်သွက်လက်လက်ဖြေနိုင်ဖို့ကြိုးစားပါ။ တခြားသူ ကိုယ့်ကို တခုခုမေးလာတဲ့အခါ သွက်သွက်လက်လက်နဲ့ ပြန်ဖြေနိုင်တာကလည်း သင့်ကို အလုပ်ရှင်က သဘောကျစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ သူပြောတာကို သေချာနားထောင်ပါ။ အကောင်းဆုံးအဖြေပေးပါ။

၂။ အင်တာဗျူးတဲ့သူနဲ့ ဆက်ဆံရေးပိုကောင်းမွန်အောင်တည်ဆောက်ပါ

ကိုယ့်ကို အင်တာဗျူးလုပ်တဲ့သူနဲ့ ရင်းရင်းနှီးနှီးစကားပြောပါ။ သူ့ရဲ့ နာမည်ကို စုံစမ်းပြီး သိထားရင်ပိုကောင်းပါတယ်။ သူ့ကို လေးစားမှုနဲ့ မ ဘယ်သူ၊ ကို ဘယ်သူဆိုပြီး သုံးနှုန်းတာမျိုးက သင့်ကို သဘောကျစေပါတယ်။

၃။ ကိုယ်အလုပ်လျှောက်မယ့်ကုမ္ပဏီအကြောင်းလေ့လာထားပါ

တချို့ အင်တာဗျူးတဲ့သူတွေက သူတို့ ကုမ္ပဏီအကြောင်း သင်ဘယ်လောက်သိထားသလဲ၊ သင်ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိသလဲဆိုတဲ့ မေးခွန်းကို မေးတတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်လုပ်မယ့် ကုမ္ပဏီအကြောင်းကို လေ့လာထားသင့်ပါတယ်။

၄။ အသေးစိတ်ကအစ ကြိုတင် ပြင်ဆင်ပါ

အင်တာဗျူးဖို့ ချိန်းထားတဲ့အချိန်ထက် နောက်ကျပြီး မရောက်ပါစေနဲ့။ ပြီးတော့ ကိုယ်အင်တာဗျူးသွားတဲ့အခါ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ။ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ဆင်တာကလည်း အဲဒီအလုပ်အပေါ် ကိုယ်ဘယ်လောက် အလေးထားသလဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ညကတည်းက ကိုယ်ဘာဝတ်မလဲဆိုတာ ပြင်ဆင်ထားပါ။

၅။ တည်တည်ငြိမ်ငြိမ်နဲ့ဖြေနိုင်အောင်ကြိုးစားပါ

အင်တာဗျူးမဖြေခင်မှာ စိတ်ကိုလျှော့ထားပါ။ အတတ်နိုင်ဆုံး တည်ငြိမ်အောက်ထားပါ။ ကိုယ့်ရဲ့ စကားပြောတဲ့ ကိုယ်ဟန်အမူအယာကလည်း အရေးပါတယ်ဆိုတာကို သတိထားပါ။

၇။ အင်တာဗျူးဖြေပြီးတိုင်းနောက်ဆက်တွဲ စကားပြောပါ

အင်တာဗျူးဖြေပြီးတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ထည့်ပြောပေးပါ။ အင်တာဗျူးတွေအားလုံး ဖြေပြီးမှ ကျေးဇူးပါလို့ သုံးနှုန်းလို့ရပါတယ်။

By: MyStyle Myanmar

Featured Image Source: buzzive.com