[Zawgyi]

ကဗ်ာဆန္လွတဲ့ ခ်စ္သူႏွစ္ဦး ဆက္ဆံေရးမွာ ေန႔စဥ္ မရိုးႏိုင္တဲ့ ခ်စ္ျခင္းေတြ ပါ၀င္ပါတယ္။

သင္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို အတားအဆီျဖစ္ေစၿပီး ေနာက္ဆံုး တစ္ေယာက္ကိုယ္တစ္ေယာက္ လမ္းခြဲရဖို႔ထိ ျဖစ္လာေစတဲ့ အျပဳအမူတခ်ိဳ႕ကို မွ်ေ၀ေပးပါမယ္။

၁။ သင့္အခက္အခဲေတြကို ေျပာခြင့္မရဘူး

တခါတေလ သင့္မွာ ႀကံဳေတြ႕ေနရတဲ့ အခက္အခဲေတြကို သင္ရဲ႕ ခ်စ္သူကို ရင္ဖြင့္ခ်င္တာ သဘာ၀ပါပဲ။ တစ္ေန႔တာလံုး ႀကံဳေတြ႕ခဲ့ရတဲ့ ျပႆနာေတြ၊ အေတြ႔အႀကံဳေတြကိုလည္း မွ်ေ၀ခ်င္ၾကပါတယ္။ ဒါေပမယ့္ သူ႕အေနနဲ႔ သင့္စကားေတြကို နားေထာင္မေပးဘူး။ ဘာမွ အထာက္အပံ့ေတြမေပးဘူးဆိုရင္ သင္ဟာ သူ႔အတြက္ ဦးစားေပးတစ္ေယာက္မဟုတ္ပါဘူး။

၂။ သင့္ကို မယံုၾကည္ဘူး

သင့္ဖုန္းမွာ မက္ေစ့တစ္ေစာင္ေရာက္ေနတဲ့အခါ သင္မသိခင္ သင့္ကို အသိမေပးဘဲ ဖုန္းကို စစ္တာမ်ိဳး။ သံသယနဲ႔ အၿမဲတေစ ခ်ဳပ္ခ်ယ္ေမးတာမ်ိဳးဟာလည္း သင္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို သာယာစိုေျပေစမွာမဟုတ္ပါဘူး။

၃။ အၿမဲတမ္း ေနာက္က်တတ္တယ္

သင္တို႔ႏွစ္ေယာက္ ေတြ႔ဖို႔ ခ်ိန္းထားတဲ့အခိ်န္တိုင္း အၿမဲလိုလို ေနာက္က်တတ္တယ္ဆိုရင္ သင္တို႔ႏွစ္ေယာက္ ဆက္ဆံေရးအတြက္ မေကာင္းႏိုင္ပါဘူး။ ေနာက္က်တယ္။ ကိုယ္ကေစာင့္ေနေပမယ့္ ေနာက္ဆံုး ေရာက္မလာတာမ်ိဳး ျဖစ္ရင္ ပိုလို႕ေတာင္ စိတ္ထိခိုက္ႏိုင္ပါတယ္။

၄။ သင့္ကို မၾကင္နာဘူး

ခ်စ္သူႏွစ္ဦးဆိုတာ တေယာက္ကိုယ္တေယာက္ ဖက္တာ၊ နမ္းတာ၊ လက္ခ်င္းကိုင္တာ စသျဖင့္ ၾကည္ႏူးစရာေကာင္းတဲ့ အခိုက္အတန္႔ေတြကို အတူတူ မွ်ေ၀ၾကပါတယ္။ သင့္ခ်စ္သူက သင့္နဲ႔ အနည္းကပ္ေနရတာ အဆင္မေျပဘူး။ အၿမဲလိုလို ေရွာင္တိမ္းေနတတ္ရင္ သင္တို႔ႏွစ္ေယာက္ ဆက္ဆံေရးကို ျပန္ၿပီး သံုးသပ္ၾကည့္ပါ။

၅။ သင့္ကို ဂရုမစိုက္ဘူး

အခ်စ္ဆိုတဲ့ ဆက္ဆံေရးမွာ တစ္ေယာက္ကိုယ္တစ္ေယာက္ ဂရုစိုက္ဖို႔ဆိုတာ အေရးႀကီးပါတယ္။ သင့္ခ်စ္သူက သင့္အေပၚ ဂရုစိုက္ဖို႔အၿမဲတမ္း ပ်က္ကြက္တယ္ဆိုရင္ သင္တို႔ႏွစ္ေယာက္ ေရွ႕ေရးအတြက္ အလားအလာမေကာင္းႏိုင္ပါဘူး။

၆။ ႏွစ္ေယာက္အတူတူ အခ်ိန္မကုန္ဆံုးခ်င္ဘူး

ခ်စ္သူႏွစ္ဦးကို လမ္းခြဲရတဲ့ထိ ျဖစ္ေစတဲ့ ေသးေသးမႊားမႊား အျပဳအမူမ်ား

ခ်စ္သူႏွစ္ဦး ဆက္ဆံေရးမွာ တစ္ေယာက္ကိုယ္တစ္ေယာက္ အတူတူေတြ႔ၿပီး ၀ါသနာတူရာေတြကို အတူတူ လုပ္ေဆာင္ၾကတာ သဘာ၀ပါပဲ။ သူ႔မိတ္ေဆြ ကိုယ့္မိတ္ေဆြေတြ မိတ္ဖြဲ႔ရင္းလည္း တစ္ဦးကိုယ္ တစ္ဦး ပိုၿပီး ရင္းႏွီးသြားၾကပါတယ္။ သင့္ခ်စ္သူက သူ႔မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ေတြ႔တဲ့အခါမွာပဲျဖစ္ျဖစ္၊ သင္နဲ႔ ႏွစ္ေယာက္တည္းပဲျဖစ္ျဖစ္ အတူတူ လုပ္ေဆာင္ဖုိ႔ စိတ္မပါဘူးဆိုရင္ သင့္အေနနဲ႔ အဲဒီအခ်က္ကို ဥေပကၡာမျပဳသင့္ပါဘူး။

ဘယ္လိုလုပ္မလဲ

ဒီလိုျပႆနာေတြ စၿပီးရင္ ဆိုင္လာရရင္ဘယ္လိုလုပ္ရမလဲဆိုတာ မွ်ေ၀ေပးမယ္ေနာ္။ တစ္ေယာက္ကိုယ္တစ္ေယာက္ ေသေသ ခ်ာခ်ာ ပြင့္ပြင့္လင္းလင္းတိုင္ပင္ပါ။ မျဖစ္ႏိုင္ရင္ သင္တို႔ႏွစ္ေယာက္ အေျခအေနကို သင္နဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြဆီ ရင္ဖြင့္ပါ။ အခုလို အပ်က္ဖက္ကလုပ္ေနတာ သင္ကိုယ္တိုင္လည္းျဖစ္ႏိုင္ပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာဆို ဆက္ဆံပါ။ သင္လုပ္သင့္တဲ့အရာေတြကို ပိုၿပီး ဂရုစိုက္ပါ။

[Unicode]

ကဗျာဆန်လှတဲ့ ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ နေ့စဉ် မရိုးနိုင်တဲ့ ချစ်ခြင်းတွေ ပါဝင်ပါတယ်။

သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အတားအဆီဖြစ်စေပြီး နောက်ဆုံး တစ်ယောက်ကိုယ်တစ်ယောက် လမ်းခွဲရဖို့ထိ ဖြစ်လာစေတဲ့ အပြုအမူတချို့ကို မျှဝေပေးပါမယ်။

၁။ သင့်အခက်အခဲတွေကို ပြောခွင့်မရဘူး

တခါတလေ သင့်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သင်ရဲ့ ချစ်သူကို ရင်ဖွင့်ချင်တာ သဘာဝပါပဲ။ တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ၊ အတွေ့အကြုံတွေကိုလည်း မျှဝေချင်ကြပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သင့်စကားတွေကို နားထောင်မပေးဘူး။ ဘာမှ အထာက်အပံ့တွေမပေးဘူးဆိုရင် သင်ဟာ သူ့အတွက် ဦးစားပေးတစ်ယောက်မဟုတ်ပါဘူး။

၂။ သင့်ကို မယုံကြည်ဘူး

သင့်ဖုန်းမှာ မက်စေ့တစ်စောင်ရောက်နေတဲ့အခါ သင်မသိခင် သင့်ကို အသိမပေးဘဲ ဖုန်းကို စစ်တာမျိုး။ သံသယနဲ့ အမြဲတစေ ချုပ်ချယ်မေးတာမျိုးဟာလည်း သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သာယာစိုပြေစေမှာမဟုတ်ပါဘူး။

၃။ အမြဲတမ်း နောက်ကျတတ်တယ်

သင်တို့နှစ်ယောက် တွေ့ဖို့ ချိန်းထားတဲ့အချိန်တိုင်း အမြဲလိုလို နောက်ကျတတ်တယ်ဆိုရင် သင်တို့နှစ်ယောက် ဆက်ဆံရေးအတွက် မကောင်းနိုင်ပါဘူး။ နောက်ကျတယ်။ ကိုယ်ကစောင့်နေပေမယ့် နောက်ဆုံး ရောက်မလာတာမျိုး ဖြစ်ရင် ပိုလို့တောင် စိတ်ထိခိုက်နိုင်ပါတယ်။

၄။ သင့်ကို မကြင်နာဘူး

ချစ်သူနှစ်ဦးဆိုတာ တယောက်ကိုယ်တယောက် ဖက်တာ၊ နမ်းတာ၊ လက်ချင်းကိုင်တာ စသဖြင့် ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တွေကို အတူတူ မျှဝေကြပါတယ်။ သင့်ချစ်သူက သင့်နဲ့ အနည်းကပ်နေရတာ အဆင်မပြေဘူး။ အမြဲလိုလို ရှောင်တိမ်းနေတတ်ရင် သင်တို့နှစ်ယောက် ဆက်ဆံရေးကို ပြန်ပြီး သုံးသပ်ကြည့်ပါ။

၅။ သင့်ကို ဂရုမစိုက်ဘူး

အချစ်ဆိုတဲ့ ဆက်ဆံရေးမှာ တစ်ယောက်ကိုယ်တစ်ယောက် ဂရုစိုက်ဖို့ဆိုတာ အရေးကြီးပါတယ်။ သင့်ချစ်သူက သင့်အပေါ် ဂရုစိုက်ဖို့အမြဲတမ်း ပျက်ကွက်တယ်ဆိုရင် သင်တို့နှစ်ယောက် ရှေ့ရေးအတွက် အလားအလာမကောင်းနိုင်ပါဘူး။

၆။ နှစ်ယောက်အတူတူ အချိန်မကုန်ဆုံးချင်ဘူး

ချစ်သူနှစ်ဦးကို လမ်းခွဲရတဲ့ထိ ဖြစ်စေတဲ့ သေးသေးမွှားမွှား အပြုအမူများ

ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ တစ်ယောက်ကိုယ်တစ်ယောက် အတူတူတွေ့ပြီး ဝါသနာတူရာတွေကို အတူတူ လုပ်ဆောင်ကြတာ သဘာဝပါပဲ။ သူ့မိတ်ဆွေ ကိုယ့်မိတ်ဆွေတွေ မိတ်ဖွဲ့ရင်းလည်း တစ်ဦးကိုယ် တစ်ဦး ပိုပြီး ရင်းနှီးသွားကြပါတယ်။ သင့်ချစ်သူက သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမှာပဲဖြစ်ဖြစ်၊ သင်နဲ့ နှစ်ယောက်တည်းပဲဖြစ်ဖြစ် အတူတူ လုပ်ဆောင်ဖို့ စိတ်မပါဘူးဆိုရင် သင့်အနေနဲ့ အဲဒီအချက်ကို ဥပေက္ခာမပြုသင့်ပါဘူး။

ဘယ်လိုလုပ်မလဲ

ဒီလိုပြဿနာတွေ စပြီးရင် ဆိုင်လာရရင်ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးမယ်နော်။ တစ်ယောက်ကိုယ်တစ်ယောက် သေသေ ချာချာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ။ မဖြစ်နိုင်ရင် သင်တို့နှစ်ယောက် အခြေအနေကို သင်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ ရင်ဖွင့်ပါ။ အခုလို အပျက်ဖက်ကလုပ်နေတာ သင်ကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံပါ။ သင်လုပ်သင့်တဲ့အရာတွေကို ပိုပြီး ဂရုစိုက်ပါ။