မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

စီးပွာရေး

ဒီတစ်ပတ်အတွင်း လုန်းငန်းခွင်ထဲမှာ အတူတွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံပါ။ သို့မှသာ အထက်အရာရှိ အရှေ့မှာမျက်နှာသာရမှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်အတွက်လည်း အကျိုးရှိသလို ပေါင်းသင်းဆက်ဆံရေးမှာ ကွန်ယက်ကျယ်လာမှာပါ။

အချစ်ရေး

Relationship ရှိတဲ့သူဆိုရင် သတိရှိရှိနဲ့နေပါ။ ကိုယ့်လက်တွဲဖော်က ကိုယ့်ကို သစ္စာဖောက်နိုင်ချေရှိပါတယ်။ ကိုယ်သိချင်တဲ့ အရာတိုင်းကို စိတ်ထဲမှာမထားပဲ ပွင့်ပွင့်လင်းလင်း မေးသင့်တဲ့အချိန်ကောင်းပါပဲ။ Single ဆိုရင်တော့ ရည်စားရှိပြီးသားလူက ကိုယ့်ကိုလာနွယ်နိုင်ချေရှိလို့ ရှောင်ရှားဖို့ ပြင်ဆင်ထားပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

စီးပွားရေး

မထင်မှတ်ထားတဲ့ အရာက သင့်ကိုဘဝ ပြောင်းလဲမှုကြီးဖြစ်စေပြီး သင့်လုပ်လိုက်တဲ့ကိစ္စတိုင်းကို အထက်အရာရှိ မျက်စိကျစေမှာပဲဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမား ဆိုရင်တော့ စီစဉ်ထားတာကြာပြီဖြစ်တဲ့ Plan တွေဟာ အကောင်အထည်ပေါ်မှာပဲ ဖြစ်ပါတယ်။

အချစ်ရေး

ကြားစကားတွေကြောင့် အကြီးအကျယ်စကားများ ရန်ဖြစ်နိုင်ချေရှိလို့ သင့်မှာ ချစ်သူရည်စားရှိတယ်ဆိုရင် ဒီတပတ် အရင်ကထက်ပိုပြီး ဂရုစိုက်ပေးပါ။ Single ဆိုရင်တော့ ကိုယ့်အသည်းကို တကူးတက လာခွဲတဲ့သူနဲ့တွေ့နိုင်ချေရှိလို့ သတိထားပါ။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

စီးပွားရေး

အလုပ်နဲ့ပတ်သက်ပြီး သင်မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်မှာ ဖြစ်ပါတယ်။ စီးပွားရေးမှာလည်း ညှိနှိုင်းထားသမျှတွေ အဆင်ပြေမှာဖြစ်ပါတယ်။

အချစ်ရေး

Relationship ရှိတဲ့သူဆို အချစ်ရေးဟာ ပိုပြီး အဆင်ပြေချောမွေ့လာမှာဖြစ်ပြီး Single တွေအတွက်ကတော့ Crush ကို ဒီတပတ်အတွင်း ချဉ်းကပ်ရင် အဖတ်လုပ်ခံရနိုင်ချေရှိပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

စီးပွားရေး

အလုပ်မှာ ရာထူးတိုးရင်တိုး မတိုးရင်တောင် ပိုကောင်းတဲ့ အလုပ်သစ်တစ်ခုကို ဒီအပတ်အတွင်း ရှာတွေ့မှာဖြစ်ပါတယ်။ ဒီလို အခွင့်အရေးတွေနဲ့ ကြုံကြိုက်ရင်လက်မလွတ်ပါနဲ့။

အချစ်ရေး

ချစ်သူရည်စားရှိတဲ့သူဆိုရင် ကိစ္စအမျိုးမျိုးကြောင့် ခဏဝေးကွာရမှာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေပဲရောက်ရောက် အချစ်စစ်ရင် ပြန်လည်ဆုံစည်းနိုင်ချေ ရှိပါတယ်။ တစ်ကိုယ်တည်းသမားအနေနဲ့တော့ ကိုယ်မထင်မှတ်ထားတဲ့သူက Single ဘဝကိုကျွတ်ဖို့ ကူညီမှာဖြစ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

စီးပွားရေး

အလုပ်နဲ့ ပတ်သက်ပြီး အခက်အခဲအချို့ကို ဖြေရှင်းရပါလိမ့်မယ်။ အချိန်ယူပြီး အဖြေရှာရမယ်ဆိုပေမယ့် ကောင်းမွန်စွာ ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ထက်ဝါကြီးပြီး အတွေ့အကြုံပိုရှိသူရဲ့ လမ်းညွှန်မှုကိုရမှာဖြစ်ပြီး စီးပွားရေးအရ အခြေကျမှာပဲဖြစ်ပါတယ်။

အချစ်ရေး

Relationship ရှိသူဆို အချစ်ရေးဟာ ထင်ထားတာထက်ပိုပြီး ခိုင်မာမှာဖြစ်သလို Single ဆိုလည်း ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိစေတဲ့သူနဲ့ တွေ့မှာဖြစ်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

စီးပွားရေး

ဒီတစ်ပတ်အတွင်း စီးပွားရေးမှာ ထင်ထားသလောက် ဖြစ်မြောက်မှာမဟုတ်သလို အလုပ်မှာလည်း စိတ်ဓာတ်ကျစရာတွေ ကြုံတွေ့နိုင်တဲ့အပြင် လုပ်ဖော်ကိုင်ဖက်တစ်ချို့ရဲ့ ချောက်တွန်းတာကို ခံရနိုင်လို့ သတိဝီရိယနဲ့ နေတတ်ဖို့လိုပါတယ်။

အချစ်ရေး

ရည်းစားရှိတဲ့သူဆိုရင်တော့ အချစ်ရေးက အေးစက်နေမှာဖြစ်ပြီး Single ဆိုရင်တော့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ ရည်စားက ကိုယ်နဲ့လာနွယ်နိုင်ချေရှိလို့ ရှောင်တိမ်းတတ်ဖို့ လိုပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

စီးပွားရေး

လုပ်ငန်းထဲမှာပဲဖြစ်ဖြစ် ကိုယ်ပိုင်စီးပွားရေးမှာပဲဖြစ်ဖြစ် အခြေအနေကောင်းပြီး အလားအလာ ပိုရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။

အချစ်ရေး

ချစ်သူရည်စားရှိတဲ့သူဆိုရင် ကိုယ်ဘယ်လောက်ဆိုးဆိုး တစ်ဖက်လူကိုပိုချစ်တာကို သိရပါလိမ့်မယ်။ တစ်ယောက်တည်းသမားဆိုရင်တော့ သင့်ကိုကြွေနေတဲ့သူတွေ ဘယ်လောက်များတယ်ဆိုတာကို လက်တွေ့ မြင်ရမှာ ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

စီးပွားရေး

အလုပ်ထဲမှာပဲဖြစ်ဖြစ် ကိုယ့်စီးပွားရေးပဲဖြစ်ဖြစ် တိုးတက်စေမယ့် ပိုပြီးအလားအလာကောင်းစေမယ့် ကြုံတောင့်ကြုံခဲ အခွင့်အရေးကိုရရှိမှာဖြစ်လို့ သတိထားမိဖို့ လိုပါတယ်။

အချစ်ရေး

Relationship ရှိတဲ့သူဆို အခုကိုယ့်လက်ကို တွဲထားတဲ့သူက လာမယ့်အနာဂတ်မှာလည်း ကိုယ်နဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးမှာမို့ လက်မလွှတ်သင့်ပါဘူး။ Single ဆိုရင်တော့ ကိုယ်ထက်ရင့်ကျက်ပြီး အားကိုးထိုက်တဲ့သူကို ရည်းစားတော်နိုင်ရချေရှိပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

စီးပွားရေး

အလုပ်ကိစ္စနဲ့ ပြင်ပကို အထက်အရာရှိက လွတ်မှာဖြစ်လို့ အခွင့်အရေးရရင်လက်မလွတ်ပါနဲ့။ သင့်ဘဝပြောင်းလဲနိုင်ဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။

အချစ်ရေး

ဒီတစ်ပတ်အတွင်း ရည်စားရှိသူတွေအတွက်ကတော့ အချစ်လမ်းခရီးမှာ အဆင်မပြေမှု လက်လျှော့ချင်ရလောက်အောင် စိတ်ပျက်မှုတွေ ကြုံနိုင်လို့ တကယ်ချစ်ရင် ခွင့်လွှတ်ဖို့ပြင်ဆင်ထားပါ။ Single တွေအတွက်ကတော့ အချစ်စစ်ကိုတွေ့နိုင်မယ့် အခွင့်အရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

စီးပွားရေး

အလုပ်ခွင်ထဲမှာ ဒရမ်မာတွေနဲ့ တွေ့ကြုံရပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ ဖြေရှင်းတတ်ဖို့ပဲ လိုပါတယ်။ ဂယက်အနည်းငယ်ထမယ်ဆိုပေမယ့် နောက်တော့ အဆင်ပြေသွားမှာပါ။

အချစ်ရေး

Relationship သမားတွေအတွက်ကတော့ စကားများရန်ဖြစ်နိုင်ရချေရှိပြီး အဆင်ပြန်ပြေဖို့ဆို မနည်းပြန်ညှိယူရမှာဖြစ်ပါတယ်။ Single တွေအတွက်ကတော့ Date ဖို့အချိန်ကိုမရအောင် အလုပ်ကိစ္စ၊ လူမှုရေးကိစ္စ၊ မိသားစုကိစ္စတွေနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

စီးပွားရေး

ဒီတစ်ပတ်အတွင်း အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စိန်ခေါ်မှု၊ စိတ်ဖိစီးမှုတွေကို လက်လျှော့ချင်လောက်အောင် တွေ့ကြုံရမှာဖြစ်လို့ အားတင်းထားပါ။

အချစ်ရေး

ရည်းစားရှိတဲ့သူဆို ဒီရက်ပိုင်းအတွင်း ခဏခဏ ရန်ဖြစ်သော်လည်း နောက်ဆုံးမှာ ပြန်ပြီးအဆင်ပြေမှာမို့ စိုးရိမ်စရာမလိုပါဘူး။ တစ်ကိုယ်တည်းသမားဆိုရင်တော့ ကိုယ်ထက်အသက်ငယ်တဲ့သူရဲ့ Crush တာကိုခံရမှာဖြစ်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

စီးပွားရေး

ရေမြေခြားမှာ အလုပ်သွားလုပ်ပြီး ဘဝရဲ့ အိမ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

အချစ်ရေး

Couples တွေအတွက် အချစ်ရေးဟာဆိုရင် Rollercoaster စီးရသလို အတက်အကျဖြစ်နေပါလိမ့်မယ်။ စိတ်ခံစားချက် အနိမ့်အမြင့်ကို သေချာကိုင်တွယ်နိုင်မှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ Single တွေအတွက်ကတော့ ကိုယ့်ကို လာကြိုက်တဲ့သူကို ချက်ချင်းကြီးမကြိုက်လိုက်ဖို့ သတိပေးချင်ပါတယ်။ ကိုယ့်ခံစားချက်ကို လာပြီးကစားတဲ့သူနဲ့တွေ့နိုင်ချေရှိပါတယ်။