နူးညံ့သော အသားအရေပိုင်ရှင် အတော် များများ မှာ ဖြစ်တတ်တာလေးကတော့ လက်ဝတ်ရတနာ ပစ္စည်း နဲ့ မတည့်တာမျိုးပါ။ မတည့်သော ရွှေဖြူ၊ ငွေ၊ ကြေး၊ နီကယ်ဒြပ်၊ သံ ၊ စတီး တို့များ ၀တ်မိလျှင် အနီကွက်များ ထခြင်း၊ ယားယံလာခြင်း၊ ဖူးရောင်လာတာမျိုးတွေ ဖြစ်ခြင်း၊ အဖိန့်များထလာခြင်းတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို မတည့်သော အရာများကို မ၀တ်မိအောင်ရှောင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။

skin allergy

လက်ဝတ်ရတနာ ဒီဇီုင်းလေးတွေ မှာ ပုံစံအမျိုးမျိုး နဲ့ နီကယ်ဒြပ်စင် ကို အများဆုံးအသုံးပြုထား တတ်ပါတယ်။ လူအတော်များများ မှာလဲ ဒီ နီကယ်ဒြပ် နဲ့ မတည့်သူ များကြပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ကိုယ်လိုချင်သော နာရီ ဒီဇိုင်း ကို ကိုယ်နဲ့ တည့်သည့် အရာဝတ္ထုနဲ့မှာယူ ၀တ်ဆင်လာတာကို တွေ့ကြရမှာပါ။

ဥပမာ- ဆွဲကြိုး ဒီဇိုင်း လေး ကြိုက်လို့ဝယ်လိုက်ပါတယ်။ ကိုယ်နဲ့ မတည့်သော ဒြပ်သား နဲ့ ပြုလုပ်ထားတာ ဆိုရင်လည်း လည်ပင်းသားနဲ့ ထိမယ့်နေရာကို အကြည်ရောင် တိတ်ပတ်ပြီး ၀တ်ရင်လည်းရပါတယ်။ ဆွဲသီး လေးကြိုက်လို့ ၀ယ်လိုက်ပါတယ် ဆွဲကြိုးက ငွေဖြစ်နေလို့ ၀တ်မရဘူး ဆိုရင်လဲ သားရည်ကြိုး လေးနဲ့ပြောင်းဆွဲလို့ရပါတယ်။

နားကပ် ၀တ်မယ်ဆိုလျှင် အလွယ်တကူ ၀တ်လို့မရရင် နားကပ်ရဲ့ အနောက်ဖင် နေရာကို Antibiotic Ointment ကိုနားကပ်မှာ သုပ်ပြီး ၀တ်ပါ။ နားရောင်တာ ယားတာတွေ ကိုမဖြစ်စေပါဘူး။ နားကပ်မ၀တ်ခင် မှာ နားကပ် နောက်ဖင် ကို အရပ်ပျံ စွတ်ပြီး အရင် ပိုးသတ်တာကောင်းပါတယ်။ ဆိုင်မှာ လူပေါင်းစုံ ၀တ်ကြည့်ထားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အရေပြားရောဂါ ကိုအလွယ်တကူ ကူးဆက်နိုင်စေပါတယ်။ ကိုယ်က အလွယ်တကူ ဓာတ်တစ်ခု နဲ့ မတည့်တတ်တာမျိုး ရှိတဲ့ သူဆိုရင် ကိုယ်အသုံးပြုသည့် ပစ္စည်းများကို သူများနှင့် အတူမသုံးပါနှင့်။ ကိုယ်မိသားစု အချင်းချင်း တောင်ယူမသုံးသင့်ပါ။

လက်ဝတ်ရတနာ ပစ္စည်းများ ကို ပုံမှန် ဆေးကြောသန့်စင် သင့်ပါတယ်။ နားကပ်ဆိုလျှင် ပိုတောင်သူများ တစ်လှည့်ကိုတစ်လှည့် မ၀တ်သင့်ပါ။ အရေပြားရောဂါပိုး ကူးစက် ယုံတင်မကပါ။ နားထဲ အထိ ပိုးရောက်ပြီး နားသွေးယိုခြင်း၊ နားအထဲအနာ ဖြစ်ခြင်း၊ နားပြည်တည်ခြင်းတွေဖြစ်တတ်ပါတယ်။

ဈေးပေါပေါ နဲ့ ရောင်းသော လက်ဝတ်ရတနာ ပစ္စည်းများ ကို ဒီဇိုင်းလှ လို့ဝယ်ဝတ်မိပြီဆိုရင်တော့ Antibiotic Cream ကိုသာဆောင်ထားပါ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ မဟုတ်ရင်တော့ နူးညံ့ပြီး ထိခိုက်လွယ်သော အသားအရေ ပိုင်ရှင်တွေဟာ သာမန် ငွေထည်၊ သံထည်၊ စတီး စသည့်တို့ဖြင့်လုပ်ထားတာများ ၀တ်မိလျှင် ဆေးရုံရောက်တဲ့အထိ အခြေအနေ ဆိုးတတ်ပါတယ်။ ဒါကြောင့် နားကပ်၊လက်ကောက် ၊ လက်စွပ် တို့ဝတ်ခါနီးရင် အရက်ပျံလေးနဲ့ အရင် ဆေးလိုက်ပါ။ ဒါမှမဟုတ်ရင် Antibiotic Cream သုတ်လိမ်းပြီးမှဝတ်တာ ပိုကောင်းပါတယ်။ တစ်စုံတစ်ခု ကိုဝတ်လိုက်တာနဲ့ မတည့်လျှင် ချက်ချင်း ယားယံပြီး အနီကွက်တွေ ဖုတွေ ထလာတတ် သလို အသားတွေ ခြောက်ပြီး အရေခွံတွေ ကွာတာလဲ ဖြစ်တတ်ပါတယ်။ တချို့ လူအတော်များများ သတိမပြုမိကြဘူးလေ။ အရေခွံကွာ တာအသားခြောက်လို့ကွာတာလို့ပဲ ထင်ကြတယ်။

skin allergy

တခါ တလေ ကိုယ်ဝတ်လိုက်တဲ့ လက်ဝတ်ရတနာ ရဲ့ဓာတ် နဲ့ ကိုယ့် အသားအရေနဲ့ မတည့်တာမျိုးဆို ရင် အသားအရေ အရောင်ပြောင်းတာမျိုးလဲဖြစ်တတ်ပါတယ်။ အသားအရည် ကာလာ ပြာတာတာ၊ အစိမ်းရောင်လို့ နဲ့ အမည်းရောင်သန်းနေရင် ဓာတ်မတည့်တာကြောင့် Allergy ဖြစ်နေတာသေချာပါတယ်။ ဆရာဝန် ဆီပြေးပြီး သောက်ဆေးနဲ့ လိမ်းဆေးတောင်းပါ။ ကိုယ်က ဘယ်လို အရာဝတ္ထုဓာတ်အားနဲ့ မတည့်ဘူးဆိုတာကို သိသင့် လေ့လာသင့်ပါတယ်။ တချို့လက်ဝတ် ရတနာ ပစ္စည်းများ မှာပါဝင် ပြုလုပ်ထားသော ဓာတ်သားများ က ကိုယ်နဲ့ မတည့်တာပါလာလျှင် အချိန် အကြာကြီး မ၀တ်ပါနဲ့။ လက်ဝတ်ရတာနာ ပစ္စည်းများ ဘာဓာတ်ပစ္စည်းနဲ့ဘဲ လုပ်ထားလုပ်ထား ည၀တ်မအိပ်သင့်ပါ။

တစ်နေ့တာ ၀တ်ဆင်ထားသည့် ပစ္စည်းများဟာ ကိုယ်နဲ့ တစ်နေ့တာလုံး ထိတွေ့ချိန်များနေမှာ သေချာပါသည်။ ဥပမာ – ရေချိုးလျှင် ဆပ်ပြာများ ကပ်ကျန်ခဲ့နိုင်ပါတယ။် ဒါကို မသိပဲ ဆက်ဝတ်ပြီး အိပ်မယ်ဆိုလျှင် ဆပ်ပြာက အသားအရေကို တစ်ညလုံး တိုက်စားပြီး အရေပြား ပွန်းပဲ့ကာ အနီကွက်ထတာတွေ အသားတွေ အလွှာလိုက်ကွာတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ်ဝတ်ဆင်သော လက်ဝတ်ရတနာ ပစ္စည်းများ ကို ရေနွေး၊ ရတနာ သန့်စင်ရေတို့ဖြင့် မကြာခဏဆေးကြောသန့်စင်ပေးနိုင်မှ Allergy ဖြစ်ချင်းမှကာကွယ်ပေးနိုင်မှာပါ။ လက်ဝတ်ရတနာများ ၀တ်ဆင်ပြီး ပြန်ချွတ်တဲ့ အခါမှာ ကိုယ်လက်ဆေးကြောသင့်ပါတယ်။ ပြီးလျှင် lotion လိုရှင်းများများ လူးထားသင့်ပါတယ်။

Allergy မဖြစ်အောင် ကာကွယ်လို့ ရတာလေး က လက်ဝတ်ရတနာ ပစ္စည်း ၀တ်မယ်ဆို လျှင် ပေါင်ဒါအနည်း လိမ်းပြီးမှ ၀တ်လျှင် လဲ Allergy ဖြစ်တာကို ကာကွယ်ပေးပါတယ်။ အသားအရေနူးညံ့သူတွေဟာ လက်ဝတ်ရတနာ ပစ္စည်းများဝတ်ဆင်ရာမှာ ပေါ့ပါးပြီး ချောင်ချောင်ချိချဘဲ ၀တ်သင့်ပါတယ်။ ၀တ်ထားသော ပစ္စည်းများ ကြပ်နေရင် အဲဒီနေရာမှာ အနာဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပစ္စည်းမျိုး ကိုပဲဝတ်ဝတ်ပါ အဓိက ကတော့ ကိုယ်ဝတ်မယ့် ပစ္စည်း လုပ်ထားတာ ဘာနဲ့လဲ ဘယ်လိုနေရာက ၀ယ်တာလဲ စသည့်ဖြင့်ကိုလေ့လာပြီးမှာ ကိုယ်ပေါ်တင်ပါ။ အသားအရေ နူးညံ့ပြီး ထိခိုက်လွယ်သော အသားအရေ ပိုင်ရှင်များ လှချင်တာ တစ်ခုတည်းပဲ ကြည့်ပြီး လက်ဝတ်ရတနာ ပစ္စည်းများ ကို အလွယ်ဝယ်ယူ မသုံးမိစေရန် သတိပေးရင်း ဒီလောက်နဲ့ဘဲရပ်နားခွင့်ပြုပါ။

Credit: Skincare.com