ဖက်ရှင်နဲ့ အရောင်တွေက လူတစ်ယောက်ကို အများကြီးပြောင်းလဲပေးနိုင်ပါတယ်။ ကိုယ်ဝတ်လိုက်တဲ့ ဖက်ရှင်နဲ့ အရောင်တွေကြောင့် ရုပ်ပိုရင့်သွားတာလည်းရှိသလို၊ ရုပ်ပိုနုသွားစေတာလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ကိုတော့ ရုပ်ရင့်တာထက် ရုပ်နုသွားတာကိုပဲ ပိုလိုချင်ကြတာပါ။

ဒါကြောင့် လူငယ်ဆန်ဆန်နဲ့ ဖက်ရှင်လည်းကျပြီး ပိုမိုနိုပျိုသွားစေမယ့် အရောင်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

ပန်းရောင်

Source: www.pinterest.com

ပန်းရောင်ကတော့ မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ အရောင်ဖြစ်ပြီး မိန်းကလေးဆန်ဆန်နဲ့ နူးညံ့သိမ်မွေ့တဲ့ပုံကို ပေါ်လွင်စေပါတယ်။ ဒါ့အပြင် ပန်းရောင်ကိုမှ အရောင်နုတာလေးတွေက ပိုပြီးနုပျိုစေပါတယ်။ မိန်းကလေးဆန်ဆန်နဲ့ အမြဲနုပျိုလှပချင်ရင်တော့ ပန်းရောင်ကိုထိပ်ဆုံးကထားပြီး ရွေးချယ်လိုက်ပါ။

အဝါရောင်

Source: www.pinterest.com

အဝါရောင်ကတော့ ၂၀၁၈ ထဲက အရမ်းကို ခေတ်စားလာခဲ့တဲ့ ဖက်ရှင်ကာလာတစ်ခုလို့ ပြောလို့ရပါတယ်။ အရောင်မှိုင်းမှိုင်းတွေနဲ့ အရောင်ရင့်တာတွေက စိတ်ကိုထိုင်းမှိုင်းပြီး ရုပ်ရင့်သွားစေပါတယ်။ ဒါကြောင့် ဖက်ရှင်ကျကျနဲ့ နုပျိုချင်ရင် အဝါရောင်ကိုလည်း ရွေးချယ်သင့်ပါတယ်။

အပြာရောင်

Source: www.pinterest.com

တော်တော်များများက အပြာရောင်ဆိုရင် နည်းနည်းရင့်တာကို ရွေးချယ်တတ်ကြပါတယ်။ သူများနဲ့မတူပဲ ဖက်ရှင်ကျပြီး နုပျိုချင်ရင်တော့ အပြာရောင်အနုလေးတွေကို ရွေးချယ်ပေးပါ။ အများကြားမှာ ထင်ပေါ်နေမှာ သေချာပါတယ်။

လိမ္မော်ရောင်

Source: www.pinterest.com

လိမ္မော်ရောင်ကတော့ အခုနောက်ပိုင်းမှာ အရောင်ဆန်းလေးအဖြစ်နဲ့ ခေတ်စားလာတာပါ။ လူငယ်ဆန်ပြီး ဖက်ရှင်ကျတဲ့အရောင်လို့ ပြောရမှာပါပဲ။ အနက်ရောင်ဝတ်မှ အထာကျတာမဟုတ်ဘူးနော်။ လိမ္မော်ရောင်ကလည်း အရမ်းအထာကျပြီး နုပျိုစေတဲ့ အရောင်လေးပါ။

ခရမ်းရောင်အနု

Source: www.pinterest.com

ခရမ်းရောင်ကိုမှ အရောင်အနုလေးကို ရွေးချယ်လိုက်ပါ။ ခရမ်းရောင်အနုက ပန်းရောင်လိုပဲ မိန်းကလေးဆန်ဆန်နဲ့ နူးညံ့သိမ်မွေ့မှုကို ပေါ်လွင်စေပါတယ်။ ဒါ့အပြင် ပန်းရောင်ဆိုရင်တောင် ဝတ်တဲ့သူများပါသေးတယ်။ ခရမ်းရောင်အနုလေးက အရောင်လည်းရှားပြီး လူကိုပိုမိုနုပျိုစေလို့ ထပ်ရွေးချယ်သင့်တဲ့ အရောင်လေးပါ။

By MyStyle Myanmar