မင်္ဂလာပါနော်။ စာဖတ်သူတွေထဲမှာ အိမ်ရှင်မလေးတွေလည်း ပါမယ်လို့ထင်ပါတယ်။ အိမ်မတို့ရေ မိမိအိမ်မှာ ကြုံတွေ့နေရတဲ့ ဒီအခက်ခဲ ပြဿနာတွေကို ဒီလိုလေးအလွယ်တကူ ဖြေရှင်းလိုက်ရအောင်နော်။

၁။ သံပုယိုသီးနဲ့ Microwave ကိုသန့်ရှင်းရေးလုပ်မယ်

Microwave ကိုသုံးနေတဲ့သူတွေသိပါတယ်နော်။ သုံးတာကြာရင် အနံ့မကောင်းတာ၊ ညစ်ပေနေတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရေတစ်ခွက်၊ သံပုယိုသီးတစ်လုံးညှစ်ထည့်လိုက်ပါ။ အရင်ဆုံး သံပုယိုသီးခွံနဲ့ Microwave ကို သန့်ရှင်းရေးလုပ်လိုက်ပါ။ ပြီးရင် စောစောက ရေနဲ့ သံပုယိုရည်ရောထားတာကို ခွက်တစ်လုံထဲထည့်ပြီး Microwave ထဲထည့်ကာ ၁၀ မိနစ်လောက် Microwave ကို ဖွင့်ထားလိုက်ပါ။ ပြီးရင်တော့ အ၀တ်စ တစ်ခုနဲ့ အဲဒီအရည်ကိုစွတ်ပြီး Microwave ကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။

၂။ အိုးမှာကပ်နေတဲ့ ချေးတွေကို ဒီလိုချွတ်မယ်

သံလွင်ဆီ ၁ ဇွန်း နဲ့ မှုန့်ဖုတ်ဆိုဒါ ၂ ဇွန်းရောလိုက်ပါ။ ပြီးရင် အိုးကို တိုက်ချွတ်လိုက်ပါ။

၃။ ဘေလ်စင်မှာ ပေနေတဲ့ အညစ်အကြေးတွေကိုသန့်ရှင်းရေုးလုပ်မယ်

သံပုယိုသီးကိုတစ်ခြမ်းခြမ်းလိုက်ပြီး ဆားတင်လိုက်ပါ။ ပြီး၇င် ပွတ်တိုက်ပေးလိုက်ပါ။

၎။ ရေပန်းခေါင်းကို သန့်ရှင်းရေးလုပ်မယ်

ရေပန်းခေါင်းမှာ ပိတ်ဆို့နေလို့ရေသိပ်မလာရင် ရှလကာရည်ကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေပန်းခေါင်းကို ချည်လိုက်ပါ။ ရေပန်းခေါင်းထဲ ရှလကာရည် ၀င်သွားအောင် မိနစ် ၂၀ လောက်ထားပါ။ ရေမရမ်းကျမလာသေးရင် နောက်ထပ် ၁ နာရီထပ်ထားပါ။

၅။ ပီကေကပ်တာကို ဖယ်ရှားမယ်

သင်နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတချို့ကို ပညာသားပါပါ ဖြေရှင်းမယ်

ပီကယ် ဘောင်းဘီ၊ အကျီ င်္ တွေမှာကပ်တဲ့အခါပဲဖြစ်ဖြစ် ကြမ်းပြင် ကော်ဇောမှာကပ်ရင်ပဲဖြစ်ဖြစ် ရေခဲတုံးနဲ့ ကပ်ပြီး အေးအောင်ထားပါ။ ပြီးရင် အလွယ်တကူ ပြန်ခွာလိုက်လို့ရပါတယ်။