မွေးသမိခင်ကျေးဇူးရှင်ကို သားသမီးတိုင်း ချစ်မြတ်နိုးကြပါတယ်။ စုန်ရေပဲရှိတယ် ဆန်ရေမရှိဘူးဆိုတဲ့အတိုင်း မိဘတွေက သူတို့သားသမီးကို ဘယ်လောက်ပဲဂရုစိုက်ပြနေပါစေ၊ သားသမီးတွေက တစ်ဖန်ပြန်ပြီး ဂရုစိုက်ပြီး တန်ဖိုးထားပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။

တစ်ချို့ သားသမီးတွေကျတော့ သူတို့အမေကို ချစ်တာကို ဖော်ပြတတ်ပေမဲ့ တစ်ချို့ကျတော့ ဘယ်လောက်ပဲချစ်ချစ် ကိုယ်ချစ်တာကို မဖော်ပြတတ်ကြပါဘူး။ အဲ့လိုမဖော်ပြတတ်တဲ့ သားသမီးအလိမ္မာလေးတွေအတွက် ကိုယ့်အမေကို ဘယ်လိုချစ်ကြောင်း ပြပေးသင့်လဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ ချစ်တယ်လို့ပြောပါ

Photo Source: www.pinterest.com

သင့်အမေကို ချစ်ကြောင်းပြောပြဖို့ ဘာကိုဦးနှောက်အခြောက်ခံစဉ်းစားနေမှာလဲ။ သူမကို ချစ်တယ်လို့သာ ပြောလိုက်ပါ။ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းလေးပါပဲ။

၂။ ဖုန်းဆက်ပါ

Photo Source: iconstyle.al

သင့်မြို့ရွာနဲ့ခွဲခွာပြီးတော့ ကျောင်းသွားတက်နေရတာပဲဖြစ်စေ၊ အလုပ်သွားလုပ်နေရတာပဲဖြစ်စေ အမေနဲ့ဝေးနေရတဲ့အချိန်မှာ သင့်အမေကို အနည်းဆုံးတော့ သတိတရရှိကြောင်း ဖုန်းဆက်ပေးပါ။

၃။ သင့်အမေအကြိုက်ဆုံး ပန်းစည်းလက်ဆောင်ပေးပါ၊ ရေမွှေးလက်ဆောင်ပေးပါ

Photo Source: eldiariony.com

သူ(မ)အကြိုက်ဆုံးပန်းစည်းလက်ဆောင်ပေးပြီး ပန်းစည်းထဲမှာ မေမေ့ကိုချစ်တယ် ဆိုပြီး ရေးသားထားတဲ့ ပို့စကတ်လေးထည့်ပေးလိုက်ပါ။ သင့်အမေ အတိုင်းထက်အလွန်ပျော်ရွှင်သွားပါလိမ့်မယ်။ ပန်းစည်းမဟုတ်ရင်လည်း သူကြိုက်တတ်တဲ့ ရေမွှေးဖြစ်ဖြစ်၊ လက်ကိုင်အိတ်လေးဖြစ်ဖြစ် လက်ဆောင်ပေးလို့ရပါသေးတယ်။

၎။ သင့်အဖေနဲ့အတူ စီစဉ်ပါ

Photo Source: mandarincallcenter.com

သူ(မ) မွေးနေ့အတွက် အမှတ်တရလေးတွေ ပြုလုပ်ပေးတဲ့အခါ သင့်အဖေကိုလည်း အသိပေးပြီး တိတ်တိတ်လေး စီစဉ်ပေးခြင်းက သူ့အတွက် ပျော်ရွှင်စရာလေးတွေ ဆောင်ကျဉ်းပေးပါလိမ့်မယ်။

၅။ သားအမိတွေ အတူတူအပြင်မှာ ထွက်စားကြပါ

Photo Source: www.gourmetbangkok.com

သူ(မ) ကြိုက်တတ်တဲ့စားသောက်ဆိုင်မှာ ဘိုကင်လုပ်ထားပြီး နေ့လည်စာ၊ ဒါမှမဟုတ် ညစာအတူတူ ထွက်စားကြပါ။ သင်တို့နှစ်ယောက် အေးအေးဆေးဆေးနဲ့ စကားလက်ဆုံကျပြီး ပျော်ရွှင်နိုင်ပါတယ်။

၆။ အစားအသောက်ချက်ပြုတ်ပေးပါ

Photo Source: www.besthealthmag.ca

သင့်မေမေက သင့်အတွက် အစားအစာပြင်ဆင်ချက်ပြုတ်ပေးပေါင်း များလှပါပြီ။ သင်ကလည်း သင့်အမေကို ချစ်ကြောင်းပြတဲ့အနေနဲ့ တစ်ခါလောက်ပဲဖြစ်ဖြစ် သူ(မ) အကြိုက်ဆုံးအစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ပေးလိုက်ပါ။ အကယ်၍ သင်က ဟင်းမချက်တတ်ဘူးဆိုရင်လည်း သင့်မေမေ ထမင်း၊ဟင်းချက်နေချိန်မှာ ကူလုပ်ပေးလိုက်ပါ။

၇။ သူ(မ)အလှကို ချီးမွမ်းပါ

Photo Source: www.huffingtonpost.com

သင်က သူ့ဘဝအတွက် အရေးပါဆုံးလူတစ်ယောက်ဖြစ်တဲ့အတွက် သင့်ထင်မြင်ယူဆချက်ကို သူ(မ) သိပ်တန်ဖိုးထားတဲ့အတွက်ကြောင့် သူဘယ်အရာပဲလုပ်လုပ် အကောင်းဆုံးဖြစ်ကြောင်း ချီးမွမ်းပေးလိုက်ပါ။

၈။ သူ(မ)က ဘယ်လောက်တောင် ကြီးမြတ်ကြောင်း ပြောပြပါ

Photo Source: www.playbuzz.com

သူ(မ)က ကမ္ဘာပေါ်မှာ အကောင်းဆုံးမိခင်တစ်ယောက်ဖြစ်တာကြောင့် သူ(မ)ရဲ့သားသမီးတစ်ယောက်ဖြစ်ရတာ ကံအကောင်းဆုံးဖြစ်ကြောင်း၊ ဘယ်လောက်တောင်ဂုဏ်ယူမဆုံးဖြစ်ရကြောင်း သူ(မ) သိအောင်ပြောပြပေးပါ။