ကိုယ်လိမ်းလိုက်တဲ့ မိတ်ကပ်၊ ဆံပင် အဝတ်အစားတွေကြောင့်လည်း သင့်ရဲ့ ရုပ်ရည်ဟာ ပြောင်းလဲမှုရှိသွားတတ်ပါတယ်။ သင့်ကို ပိုပြီး နုပျိုစေဖို့ ဘယ်လိုအချက်တွေကို ရှောင်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ မျက်ခုံးမွှေး

မျက်ခုံးမွှေးကို ခပ်ပါးပါးလေးနဲ့ အမည်းရောင်ချယ်တာထက်ခပ်ဖျော့ဖျော့လေး ဆွဲပေးသင့်ပါတယ်။

၂။ အသားအရေနဲ့ သင့်တော်တဲ့ မိတ်ကပ်သုံးပါ

မိတ်ကပ်လိမ်းရာမှာ သင့်အသားအရေနဲ့ သင့်တော်တဲ့ မိတ်ကပ်ကို ရွေးချယ်သုံးပါ။

၃။ ဖောင်ဒေးရှင်းပါးပါးလိမ်းပါ

ဖောင်ဒေးရှင်းလိမ်းရာမှာ ခပ်ပါးပါးပဲလိမ်းပါ။ အရမ်းကြီးထူနေရင် သင့်ကိုရုပ်ရင့်စေပါတယ်။

၎။ Highlighter သုံးပါ

နဖူး၊ ပါးမို့နား၊ နာတံနဲ့ မေးရိုးနားမှာ Highlighter သုံးပေးသင့်သလို Bronzer ကိုလည်း သူ့နေရာနဲ့ သူသုံးပေးသင့်ပါတယ်။

၅။ အနက်ရောင် မျက်ခုံးမွှေးဆွဲတံအစား အညိုရောင်ကိုသုံးပါ

အနက်ရောင်မျက်ခုံးမွှေးဆွဲတံက သင့်ကို ရုပ်ပိုရင့်စေပါတယ်။ အညိုရောင်မျက်ခုံးမွှေးဆွဲတံက ပိုပြီး သင့်ကိုရုပ်နုစေပါတယ်။

၆။ မျက်တောင်မွှေးကို ခပ်ထူထူလေးဖြစ်ချယ်သပါ

မျက်တောင်မွှေးကို ခပ်ထူထူလေးဖြစ်အောင် လုပ်ပေးတာဟာ သင့်မျက်လုံးကို ပိုပြီးကျယ်စေပါတယ်။ နှုတ်ခမ်းနီကိုလည်း အရောင်နုတာ သုံးပေးပါ။

၇။ ဆံပင်ကို အုံထူထူလေးဖြစ်အောင်ပြင်ပေးပါ

ဆံပင်ပါးကပ်ကပ်ဖြစ်နေတာထက် အုံထူထူလေးဖြစ်တာက သင့်ကို ပိုပြီး နုပျိုစေပါတယ်။

၈။ Shadow ကိုအရောင်နုတာသုံးပါ

သင့်ရဲ့ ရုပ်ရည်ကို ပိုပြီး နုပျိုစေဖို့ မိတ်ကပ်လိမ်းရာမှာ သတိထားရမယ့် အချက်လေးတွေ

Eyeshadow ကို အရမ်းညိုတဲ့အရောင်တွေနဲ့မဟတ်ုဘဲအရောင်နုတာ လင်းတာမျိုးကို ရွေးပြီးသုံးပေးပါ။

၉။ နှုတ်ခမ်းနီအဆီဆိုးပါ

နှုတ်ခမ်းနီကို အရောင်ရင့်ရင့် အခြောက်ဆိုးမယ့်အစား အရောင်နုတဲ့ နှုတ်ခမ်းနီအဆီဆိုးပေးပါ။

၁၀။ မိတ်ကပ်လိမ်းရာမှာ အရမ်းလည်းမညို ၊ အရမ်းလည်းမဖြူအောင်လိမ်းပါ

မိတ်ကပ်လိမ်းတဲ့နေရာမှာ အရမ်းဖြူဖတ်ဖတ်ကြီးမဟုတ်သလို၊ အရမ်းညိုတာမျိုးမလိမ်းဘဲ ပုံမှန်လေးပဲလိမ်းပေးပါ။ အဲဒီလိုလိမ်းပေးရာမှာ မိတ်ကပ်သားကို သင့်အသားအရေနဲ့ သင့်တော်တာသုံးပါ။ အရမ်းညိုတာ၊ အရမ်းဖြူတာမျိုးမရွေးပါနဲ့။