မိန်းကလေးတစ်ယောက်ရဲ့အလှက သူမရဲ့နှုတ်ခမ်းဖူးလေးပေါ်မှာလည်း ကိန်းအောင်းနေတယ်နော်။ ညိုမဲပြီး ခပ်ကြမ်းကြမ်းနှုတ်ခမ်းကို ဘယ်မိန်းကလေးများ လိုချင်ကြပါလိမ့်မလဲ။ ကိုယ့်နှုတ်ခမ်းညိုနေရင် စိတ်ထဲ ကသိကအောက်ဖြစ်ပြီး စိတ်ပျက်မိကြတာပဲမဟုတ်လား။ ဒါကြောင့်မို့လို့ အချိန်မီအတွင်း ကိုယ့်နှုတ်ခမ်းအစုံ အံ့သြလောက်အောင် နူးညံ့အိစက်ပြီး ပန်းရောင်သမ်းသွားစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးပါရစေနော်။

၁။ သံလွင်ဆီနဲ့ သကြား

သကြားနဲ့သံလွင်ဆီကိုသေချာရောမွှေပြီး နှုတ်ခမ်းပေါ်လိမ်းကာ တစ်မိနစ်လောက်ထားပေးပါ။ ပြီးတာနဲ့ရေအေးနဲ့ဆေးချပေးပါ။ နှုတ်ခမ်းခြောက်တာကာကွယ်ချင်ရင်တော့ ပြီးတာနဲ့နှုတ်ခမ်းနီအဆီလိမ်းပေးပါ။ဒီနည်းဟာ နှုမ်းခမ်းသားတွေနူးညံ့စိုပြည်ဖို့အတွက် အကောင်းဆုံးပါ။

 

၂။ သွားတိုက်တံ

ညအိပ်ယာဝင်ခါနီးသွားတိုက်ပြီးတိုင်း နှုတ်ခမ်းသားလေးကို သွားတိုက်တံနဲ့ခပ်ဖွဖွပွတ်ပေးပါ။ အဲ့ဒီ့လိုလုပ်ခြင်းဟာ နှုတ်ခမ်းတွင်းသွေးပတ်လည်မှုကို ကောင်းစေတာကြောင့် ပန်းရောင်သန်းလာစေတဲ့အပြင် ဆဲလ်သေတွေကိုဖယ်ရှားပေးတဲ့အတွက် နှုတ်ခမ်းသားကို နူးညံ့လာစေပါတယ်။

 

၃။ သခွားသီးအနှစ်

နှုတ်ခမ်းသားလေး ပန်းရောင်သမ်းချင်ရင်တော့ သခွားသီးအနှစ်လိမ်းပေးပါ။ သခွားသီးကိုသေချာချေပြီး အဲ့ဒီ့အနှစ်ကို နှုတ်ခမ်းသာပေါ်အသာအယာပွတ်လိမ်းပေးပါ။ တစ်နေ့(၅) မိနစ်ပုံမှန်လုပ်ပေးရုံနဲ့ မကြာခင်မှာ ပန်းနုရောင် နှုတ်ခမ်းသားလေးပိုင်ဆိုင်ရမှာပါ။

 

၎။ သံပုရာသီး

သံပုရာရည်ကို ညတိုင်းနှုတ်ခမ်းပေါ်လိမ်းပေးပါ။ မဟုတ်ရင်လည်း သံပုရာသီးကို အကွင်းလိုက်လှီးပြီး သကြားကပ်ကာ နှုတ်ခမ်းသားလေးတွေကို အညင်အသာပွတ်ပေးပါ။ ဒီလိုလုပ်ပေးရင်လည်း နှုတ်ခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပါတယ်နော်။

 

၅။ ပျားရည်

ညအိပ်ခါနီး ပျားရည်ကို နှုတ်ခမ်းပေါ်လိမ်းပြီးအိပ်ပါ။ မနက်အိပ်ယာထမှ ကြက်သီးနွေးရေနဲ့ဆေးလိုက်ပါ။ နေ့တိုင်းပုံမှန်လုပ်ပေးသင့်ပါတယ်။

 

၆။ မိတ်ကပ်ကုန်စင်အောင်ဖျက်ပါ။

ညအိပ်ခါနီး မိတ်ကပ်တန်းလန်းနဲ့မအိပ်ပါနဲ့။ နှုတ်ခမ်းနီဆိုးထားပြီး အိပ်တဲ့အခါ နှုတ်ခမ်းသားတွေခြောက်သွေ့စေတာကြောင့် မိတ်ကပ်ဖျက်ဆေးနဲ့ပြောင်အောင်ဖျက်ပြီးမှအိပ်ပါ။ အကယ်၍မိတ်ကပ်ဖျက်ဆေးကုန်သွားရင် သံလွင်ဆီသုံးပြီး နှုတ်ခမ်းနီနဲ့ eyeliner ကိုဖျက်ပစ်လို့ရပါတယ်။

 

၇။ ရေများများသောက်ပေးပါ။

အသားအရေစိုပြေဖို့အတွက် ရေဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။နှုတ်ခမ်းသားစိုပြေနူးညံ့စေချင်ရင် ရေများများသောက်ပေးပါ။ အရည်ရွှမ်းတဲ့သစ်သီးတွေလည်းစားပေးလို့ရပါတယ်။

 

စာဖတ်ပရိသတ် ပျိုမေတို့လည်း အထက်ပါနည်းတွေအတိုင်း ပုံမှန်လိုက်လုပ်ပေးခြင်းဖြင့် နူးညံ့ပြီးပန်းရောင်သမ်းတဲ့ နှုတ်ခမ်းဖူးတစ်စုံကို ရရှိပြီးဖြစ်ပါလိမ့်မယ်။ စာဖတ်ပရိတ်သတ်တို့အလှတိုးကြပါစေရှင့်။