ဆွဲဆောင်မှုရှိတယ်ဆိုတာက မိတ်ကပ်တွေအထူကြီးလိမ်းပြီး နောက်ဆုံးပေါ်အိတ်တွေ၊ အင်္ကျီတွေနောက် အမြဲလိုက်နေနိုင်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ ဘယ်လောက်ပဲပြင်ထား၊ ပြင်ထား ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိတဲ့မိန်းကလေးက ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

ဆိုတော့ ဘယ်လိုအကျင့်မျိုးတွေက သင့်ရဲ့ဆွဲဆောင်မှုကိုလျော့ကျစေပြီး ဘယ်လိုအရာမျိုးတွေကတော့ သင့်ကိုစွဲမက်ဖွယ်ပိုကောင်းလာစေနိုင်မလဲ ကြည့်လိုက်ကြရအောင်ပါ။

၁။ လိုက်ခံစားမနေပါနဲ့

Source: Life Hacks

ဘယ်သူမှ ပြည့်စုံတယ်ရယ်လို့မရှိပါဘူး။ လူတိုင်းရဲ့အကြိုက်ဖြစ်နေရအောင်လို့ အတင်းကြီးလိုက်ကြိုးစားနေစရာမလိုပါဘူး။ သင့်ကိုယ်သင်ရောင့်ရဲတင်းတိမ်မှုမရှိတာကလည်း သင့်ရဲ့ဆွဲဆောင်မှုကိုလျော့ကျစေနိုင်တဲ့အရာတွေထဲမှာပါပါတယ်။

၂။ အမြဲတမ်းမှန်နေစရာမလိုဘူး

Source: Hypebeast

လူဆိုတာ အမှားနဲ့မကင်းပါဘူး။ အမှားတစ်ခုခုလုပ်မိလို့ သူများမပြောခံရတာကြောက်နေမယ်ဆို သင်ဘယ်တော့မှ ရဲရင့်လာမှာ မဟုတ်ပါဘူး။ အမြဲတမ်းမှန်နေစရာမလိုသလို ကြောက်နေစရာလည်းမလိုဘူး။

၃။ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်ပါ

Source: W Magazine

အမြဲတမ်းသူများကိုပဲ ကြည့်နေစရာမလိုပါဘူး။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်စားချင်တာ၊ ကိုယ်သွားချင်တာ၊ ကိုယ်ဝါသနာပါတွေကိုလည်း လုပ်ကြည့်ပါဦး။ အမြဲတမ်းသူများနောက်လိုက်နေတာက သင်ဆိုတာကို ပျောက်သွားစေပြီး သင့်ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။
၎။ ပျော်အောင်နေပါ

Source: Jing Daily

ကိုယ့်ကိုပျော်ရွှင်စေမယ့် အရာတွေကိုပဲလုပ်ပါ။ ပျော်ရွှင်တက်ကြွနေတဲ့သင့်ရဲ့ပုံစံက တခြားသူတွေအတွက်တော့ စိတ်ဓာတ်ကျနေတဲ့သင့်ရုပ်ရည်ထက် ပိုပြီးဆွဲဆောင်မှုရှိပါတယ်။
၅။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ

Source: The Business of Fashion

နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝကြီးကနေ ခဏလောက်အနားယူကြည့်ပါ။ လမ်းလျှောက်ထွက်တာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ တွေ့တာဖြစ်ဖြစ် ကိုယ်စိတ်သာယာမယ့်အရာလေးတွေကိုလည်း လုပ်ကြည့်ပါ။

Featured image source: Hypebeast