နွေရာသီမှာ အပူရှိန်အရမ်းမြင့်တယ်။ ကျန်းမာရေး အ၀တ်အစားတွေ အစားအသောက်တွေကို ဂရုစိုက်ကြပါနော်။ နွေရာသီနဲ့ လိုက်ဖက်ပြီး သက်တောင့်သက်သာရှိစေမယ့် ဖက်ရှင်နဲ့ မရှိမဖြစ်လိုအပ်တဲ့ အ၀တ်အစားတွေကို မျှဝေပေးချင်ပါတယ်။

ရှပ်အိကျီ င်္အဖြူ

ရှပ်အိကျီ င်္အဖြူ၊ (သို့) အဖြူရောင်အိကျီ င်္ဟာ နွေရာသီနဲ့ သင့်တော်တဲ့ အ၀တ်အစားမျိုးပါပဲ။ ရှပ်အိကျီ င်္အဖြူ အရှည်ကို ဂျင်းဘောင်းဘီတိုတို၊ စကတ်တွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်လို့သွားပါပြီနော်။

စကတ်

နွေရာသီမှာ ၀တ်ဖို့ဆိုရင် နောက်မရှိမဖြစ်လိုအပ်တာကတော့ စကတ်တိုတိုပါပဲ။ ချည်သားစကတ်တိုတိုဟာ အပူသက်သာစေပါတယ်။ ဒူးခေါင်းလောက်ရှိတဲ့ ချည်သားစကတ်ကိုလည်း ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

အစင်းပါတဲ့အိကျီ င်္

အစင်းကြောင်းပါတဲ့ အပေါ်ဝတ်အိကျီ င်္တွေဟာ အမျိုးသမီးတွေ အများစု ကြိုက်နှစ်သက်တဲ့ အိကျီ င်္မျိုးပါပဲ။ ထသွားထလာ သာမန်အချိန်မျိုးမှာလည်း ၀တ်လို့သင့်တော်တဲ့ ဖက်ရှင်မျိုးပါ။

ဂျင်းဘောင်းဘီ ပွပွ

ဂျင်းဘောင်းဘီပွပွနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံစံလေးဟာ နွေရာသီနဲ့ လက်ဖက်တဲ့ ပုံစံလေးပါပဲ။ ဘောင်းဘီကို ပေါ့ပေါ့ပါးပါးဝတ်ထားရင် သက်သောင့်သက်သာရှိပြီး ဖက်ရှင်ကျစေမှာပါ။

ဂါဝန်

ဖန်စီပုံ ဂါဝန်လေးတွေ၊ ပန်းပွင့်ပုံပါတဲ့ ချစ်စရာ ဂါဝန်လေးတွေဟာ နွေရာသီနဲ့ လက်ဖက်ညီတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ခါးမှာလည်း သိပ်မကြပ်ဘဲ နည်းနည်းပေါ့ပေါ့ပါးပါးရှိတဲ့ အိကျီ င်္ဂါဝန် မျိုးကို ၀တ်ဆင်သင့်ပါတယ်။

အပေါ်ဝတ် ဂျင်းပြာဝတ်စုံ

အထဲက ပေါ့ပေါ့ပါးပါးချည်သား အိကျီ င်္လေးနဲ့ အပေါ်က ဂျင်းပြာလေးကို တွဲပြီး ၀တ်ဆင်လိုက်ရင်လည်း နွေရာသီနဲ့ လက်ဖက်ပါတယ်။

ပေါ့ပေါ့ပါးပါး ဘောင်းဘီပွပွ

ပေါ့ပေါ့ပါးပါး ချည်သားဘောင်းဘီပွပွကို ၀တ်ဆင်မယ်ဆိုရင် နေရတာ လွပ်လပ်ပေါ့ပါးပြီး သက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ ဒူးခေါင်းထိပဲရှည်တာပဲဖြစ်ဖြစ် ဘောင်းဘီရှည်ပဲဖြစ်ဖြစ် ၀တ်လို့အဆင်ပြေပါတယ်။ အပေါ်ဝတ်အိကျီ င်္ကိုလည်း ခါးအတိ (သို့) ခါးတိုလေးနဲ့ တွဲဝတ်လိုက်လို့ရပါတယ်။ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းနေမှာသေချာပါတယ်နော်။