လက်ရှိအချိန်မှာ လူငယ်လူရွယ်တွေအကြား အထူးရေပန်းစားလျှက်ရှိတဲ့ မြင့်တက်ပွင့်ထွက်လာမယ့် 32MP အရှေ့ကင်မရာနဲ့ Vivo V15 ရဲ့ တတိယမြောက်အရောင်အဖြစ် Blossom Pink အရောင်သစ်ကို Vivo Myanmar ကနေပြီး စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ ယခင်မူလက ထွက်ရှိထားတဲ့ V15 မှာတော့ Topaz Blue နှင့် Glamour Red ဆိုပြီး အရောင်နှစ်မျိုးကိုပဲ ရွေးချယ်ခွင့်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ဖက်ရှင်ချစ်သူ၊ ပန်းရောင်ချစ်သူ လူငယ်တွေအတွက် ရည်ရွယ်ကာ ချယ်ရီပန်းလေးတွေဆီက ဆင်းသက်ပွင့်ထွက်လာတဲ့ ပန်းနုရောင် Blossom Pink လေး ထပ်ဆောင်း ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။

Blossom Pink အရောင်ကိုတော့ လက်ရှိအချိန်မှာ V15 တစ်မျိုးမှာပဲ ရရှိနိုင်မှာဖြစ်ပြီးတော့ အရောင်သစ်အတွက် Pre Order ကာလကိုတော့ မေလ ၁ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ဈေးနှုန်းအနေနဲ့လည်း 479,000 ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ မေလ ၁ ရက်နေ့မှ ၄ ရက်နေ့အတွင်း Pre Order မှာယူသူများအတွက် Vivo Luggage တစ်လုံး လက်ဆောင်ပေးသွားမှာဖြစ်တာကြောင့် အမြန်ဆုံး Pre Order တင်ထားဖို့ သတင်းကောင်း လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

Vivo V15 နဲ့ ပတ်သက်လို့ အသေးစိတ်လေ့လာသိရှိလိုပါက http://www.vivo.com/mm/products/v15 သို့ ဝင်ရောက်ကာ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Vivo အကြောင်း

ကောင်းမွန်ပြည့်စုံသော အသံအရည်အသွေး နှင့် နောက်ဆုံးပေါ်နည်းပညာများကို အခြေခံဖန်တီးကာ အကောင်းတကာ့အကောင်းဆုံး ဓာတ်ပုံကို ရရှိနိုင်စေရန်အတွက် အထူးအလေးထားဆောင်ရွက်သော ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော Vivo သည် ငယ်ရွယ်သူ သုံးစွဲသူပရိတ်သတ်များအတွက် တီထွင်ဆန်းသစ်ပြီး စတိုင်လ်ကျသော ဖုန်းများကို မိတ်ဆက်ပေးလျက်ရှိပါတယ်။ Vivo သည် ယခုလက်ရှိတွင် သုံးစွဲသူအရေအတွက်ပေါင်း သန်း ၂၀၀ ကျော်ရှိပြီး ကမ္ဘာအနှံ့ရှိ လူငယ်များ၏ အလေးပေးရွေးချယ်ခြင်း ခံရသော အမှတ်တံဆိပ်များထဲမှ တစ်ခုလည်းဖြစ်ပါတယ်။

FIFA World CupTM ၏ အဓိကစပွန်ဆာအဖြစ် တာဝန်ယူထားသော Vivo သည် လူငယ်လူရွယ်များအနေဖြင့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများ နှင့် သွက်လက်သော နေထိုင်မှုဘဝပုံစံကို ဖော်ထုတ်ပြသခြင်း၏ အရေးကြီးပုံကိုလည်း နားလည်လက်ခံယုံကြည်ထားပါတယ်။ ကမ္ဘာနှင့်အဝန်းတွင် Vivo ၏ မိုဘိုင်းလ်ဖုန်းများနှင့် ဝန်ဆောင်မှုများကို သဘောကျသုံးစွဲနေသူပေါင်း သန်း ၂၀၀ ကျော်ခန့်ရှိပါတယ်။ Vivo အနေဖြင့် တစ်ကမ္ဘာလုံးရှိ ဈေးကွက်ပေါင်း ၁၈ ခုတွင် ရပ်တည်လုပ်ကိုင်လျက်ရှိပြီး မြို့ပေါင်း ၁၀၀၀ ကျော်တွင်လည်း အရောင်းဆိုင်ပေါင်းများစွာရှိပါတယ်။