မင်္ဂလာပါနော်။ မကြာခင်မှာလည်း ချစ်သူများနေ့ရောက်တော့မယ်ဆိုတော့ ကိုယ့်ချစ်သူ (သို့) ချစ်ဇနီကို သိပ်ချစ်တဲ့အကြောင်းပြောလိုက်ရအောင်။ ချစ်နေရုံနဲ့မပြီးပါဘူး။ မိန်းကလေးတွေကို ချစ်ပါတယ်လို့ ထပ်သလဲလဲပြောဖို့ လိုပါတယ်။

၁။ အနမ်းလက်ဆောင်ပေးမယ်။

စာရွက်သေးသေးလေးတွေပေါ်မှာ သင်စဉ်းစားနိုင်သလောက် သင့်ရဲ့ အနမ်းတွေကိုချရးပါ။ (ဥပမာ -စာရွက်တစ်ခုပေါ်မှာ အာဘွား၊ kiss ၊ (သို့) နှုတ်ခမ်းပုံဆွဲနိုင်ပါတယ်။) ပြီးရင် အနီရင့်ရောင် အိတ်တစ်လုံးထဲထည့်ပြီး ချစ်သူကို မဲနှိုက်ခိုင်းပါ။ ကိုယ့်ချစ်သူနှိုက်လို့ရတဲ့ အနမ်းစာသားအတိုင်း သူ့ကို Kiss ပေးလိုက်ပါ။

၂။ ချစ်သူအတွက် Note ရေးမယ်။

ကိုယ့်ရဲ့ချစ်သူအဖြစ်ရှိနေပေးလို့ (သို့) ကိုယ့်ရဲ့ချစ်ဇနီးအဖြစ်အနားမှာရှိနေပေးလို့ သူ့ကိုဘယ်လောက်ကျေးဇူးတင်တဲ့အကြောင်း ချရေးပြီး သူ့ကိုလက်ဆောင်ပေးပါ။

ဒါမှမဟုတ် Note Book လေးနဲ့ လက်ဆောင်ပေးလို့လည်းရပါတယ်။

၃။ ကိုယ်တိုင်ချက်ကျွေးတဲ့ညစာပြင်ပေးပါ။

ရောင်စုံ ဖယောင်းတိုင်လေးတွေထွန်းထားပြီး လှပတဲ့ညလေးမှာ နှစ်ယောက်အတူညစာစားပါ။ ကိုယ့်ရဲ့ချစ်ဇနီးလေးအတွက် (သို့) ကိုယ့်ရဲ့ချစ်သူအတွက် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး ညစာအတူစားပါ။ ပြီးရင် ရုပ်ရှင်အတူကြည့်ပါ။

၅။ Surprise လုပ်ပါ။

ချစ်သူ (သို့) ချစ်ဇနီးကို အံ့သြသွားလောက်တဲ့ လက်ဆောင်မျိုးပေးပါ။ ဈေးအရမ်းကြီးစရာမလိုပါဘူး။ သူသတိမထားမိတဲ့အချိန် နှင်းဆီးပန်းလေးတစ်ပွင့်ထုတ်ပေးပြီး ကိုယ့်ချစ်သူဖြစ်ပေးလို့ အရမ်းကျေးဇူးတင်တယ်ဆိုတာမျိုပြောပေးပါ။ ဒါမှမဟုတ် လက်ထပ်ခွင့်တောင်းတာမျိုး လုပ်ပါ။

၆။ နှင်းဆီပွင့်တွေကိုလက်ဆောင်ပေးပါ။

နှင်းဆီဆိုတာ မာနနဲ့ပွင့်တဲ့ပန်းကလေးပါ။ သူ့ကိုတပါးသူအလွယ်တကူမခူးဆွတ်နိုင်အောင် ဆူးတွေနဲ့ကာရံထားပါတယ်။ ဒါ့အပြင်အရမ်းကိုလှပတင့်တယ်ပါတယ်။ ကိုယ့်ရဲ့ချစ်သူ ချစ်ဇနီးကို နှင်းဆီပန်းတွေလက်ဆောင်ပေးပြီး ကိုယ့်ရဲ့ချစ်ခြင်းကိုပြလိုက်ပါ။

၇။ စားသောက်ဆိုင်အတူတူသွားပြီး အမှတ်တရတွေပြောကြမယ်။


စားသောက်ဆိုင်မှာ နှစ်ယောက်အတူတူ ထမင်းစားသောက်ကြရင်းနဲ့ သူနဲ့ကိုယ်စတွေ့ခဲ့တဲ့အမှတ်တရတွေအကြောင်း တဖန်ပြန်ပြောင်းပြီး ပြောပြပါတယ်။ ဘာတွေကို သင်အမှတ်တရဖြစ်ခဲ့တယ်။ ဘယ်အမှတ်တရတွေကို တန်ဖိုးထားတယ်ဆိုတဲ့အကြောင်းတွေကို အတူတူမျှဝေပါ။

၈။ ဝေးကွာနေတဲ့ချစ်သူတွေ အတွက်အမှတ်တရ။

ချစ်သူများနေ့မှာ အတူတူမရှိနိုင်ပေမဲ့ ဝေးကွာနေတဲ့ချစ်သူတွေအတွက် သူကြိုက်တတ်တဲ့ အစားအစာလေးတွေ ထည့်ပေးပါ။ ပြီးရင် ကိုယ်သူ့ကိုဘယ်လောက်ချစ်တဲ့အကြောင်းတွေပြောပါ။ ရေမြေခြားနေတယ်ဆိုရင်တော့ သူ့ကိုဘယ်လောက်လွမ်းတဲ့အကြောင်းတွေ နဲ့ အမှတ်တရတွေကို အတူတူ မျှဝေပြောဆိကြပါတယ်။

၉။ ချာတိတ်လေးတွေလို ရင်ခုန်စရာလက်ဆောင်ပေးမယ်။

ချစ်သူ (သို့) ချစ်ဇနီးသည်ရဲ့ ကားစတီယာနားမှာ ကိုယ်သူ့ကိုဘာလို့ချစ်တဲ့အကြောင်းရေးထားတဲ့ စာရွက်ကပ်ထားပါ။ ဒါမှမဟုတ် ရေချိုးခန်းထဲကမှန်မှာ နှုတ်ခမ်းနီဆိုးပြီး Kiss လေးတွေနဲ့ အလှဆင်ပါ။

၁၀။ သူ့ကိုချစ်တဲ့အချက် ၁၄ ချက်ကိုရေးမယ်။

ချစ်သူနဲ့အတူ မနက်ခင်းမှာ မနက်စာစားရင်း သူမသိအောင် သူ့ရဲ့ပန်းကန်ပြားအောက်မှာ ဒီစာရွက်လေးထားပါ။ သူ့ကိုချစ်ရတဲ့ အချက် ၁၄ ချက်ကိုရေးထားတဲ့စာရွက်လေးပေါ့။

၁၁။ ချစ်သူများနေ့မှာ အလုပ်နားပါ။

ချစ်သူများနေ့မှာ အလုပ်ကနေခွင့်ယူပြီး တစ်နေကုန်သူ့အတွက်အချိန်ပေးပါ။ မနက်စာအတူတူစားပါ။ ရုပ်ရှင်အတူတူကြည့်ပါ။ တစ်နေ့တာလုံး အချိန်တွေကိုချစ်သူနဲ့ဖြတ်သန်းပါ။

၁၂။ ဓါတ်ပုံအယ်ဘမ် လက်ဆောင်ပေးမယ်။

ကိုယ်နဲ့သူအမှတ်တရရိုက်ထားတဲ့ဓါတ်ပုံ (သို့) သူမသိအောင် သူ့ကိုတိတ်တိတ်ကလေးရိုက်ထားတဲ့ ဓါတ်ပုံကို အယ်လ်ဘမ်ထုတ်ပြီးပေးပါ။ အဲဒီဓါတ်ပုံအောက်မှာ သူ့ကိုအရမ်းချစ်တဲ့အကြောင်း ချရေးပါ။

ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့မှာ အမှတ်တရတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေ။ ဒါနဲ့ ချစ်သူများနေ့မှာမှ ချစ်တဲ့အကြောင်းပြောရမှာမဟုတ်သလို ဒီလိုအမှတ်တရတွေကို ဒီနေ့မှာမှဖန်တီးပေးရမှာမဟုတ်ပါဘူးနော်။ တခြားနေ့ရက်တွေ အမှတ်တရဖြစ်စရာနေ့လေးတွေမှာလည်းဖန်တီးပေးပါ။ သူ့ကိုကိုယ်ဘယ်လောက်ချစ်တဲ့အကြောင်း နှုတ်နဲ့သာမက လက်တွေ့သက်သေပြဖို့လိုပါတယ်။