ကျောင်းတက်နေတဲ့ကျောင်းသားတွေရဲ့ အမူအကျင့်တွေ စိတ်သဘောထားတွေကို လေ့လာကြည့်မယ်ဆိုရင် လေးမျိုးလောက် ခွဲခြားလို့ ရနိုင်ပါတယ်။ ဒီအမူအရာတွေကို သိထားခြင်းအားဖြင့် သင် ဘယ်သူတွေကို ဘယ်လို ပေါင်းသင်းရမလဲ၊ ပေါင်းသင်းမလဲဆိုတာကို လွယ်ကူစွာ ဆုံးဖြတ်လို့ရအောင် ဖော်ပြပေးချင်ပါတယ်။

၁။ အတော်ဆုံး ဖြစ်ချင်တဲ့ကျောင်းသားများ

ဒီကျောင်းသားတွေက အတန်းထဲမှာ အမြဲ အမှတ်ကောင်းဖို့ ကြိုးစားနေသူတွေပါ။ မြန်မာလိုဆိုရင်တော့ အဆင့်တစ်မှာပဲ သို့မဟုတ် A plus မှာပဲ အမြဲတမ်းသူ့အမှတ်ကို ထိန်းထားကြတဲ့ သူတွေပေါ့။ သူတို့က အပြောလည်း သန်ကြပါတယ်။ ဘာကြီးဖြစ်ရမယ်၊ ဘယ်လိုရအောင်ယူလိုက်မယ် စသည့်ဖြင့် ကျယ်ကျယ် ကျယ်ကျယ်ပြောတတ်ကြတဲ့သလို တကယ်လည်း လုပ်သူတွေပါ။ သင်ခန်းစာကို ထဲထဲဝင်ဝင် နားလည်ဖို့ဆိုတာထက် အမှတ်ဘယ်လိုပေးမလဲဆိုတဲ့ မေးခွန်းတွေကိုပဲ မေးလေ့ရှိကြပါတယ်။ သူတို့လိုချင်တာ နားလည်သဘောပေါက်ခြင်းမဟုတ်ဘဲ အမှတ်ကောင်းဖို့ကိုပဲ လိုချင်သူတွေပါ။

ဒီလိုကျောင်းသားတွေဟာ ဘယ်တော့ ကျောင်းနောက်ကျလေ့မရှိပါဘူး။ အမြဲတမ်း အတန်းတက်တယ်။ စာသင်ချိန်တွေကို သတ်မှတ်ထားတာထက် ပိုတောင် ယူကြသူတွေပါ။

ဒါပေမယ့် သူတို့ရဲ့ခံယူချက်က ကျောင်းတက်တယ်ဆိုတာ ဂိမ်းကစားနေရသလိုပါပဲ။ အမြဲအနိုင်ယူနေဖို့။ စာမေးပွဲတွေလား။

၂။ ကျောင်းမတက်ချင်တဲ့ကျောင်းသား

ဒီကျောင်းသားတွေနဲ့ပုံစံက ကျောင်းထဲမှာ အမြဲအိပ်ငိုက်နေတတ်တဲ့ သူမျိုးတွေပါ။ ဒီလိုကျောင်းသားတွေကို ကျောင်းထဲမှာ သင်တွေ့နေပါလိမ့်မယ်။ သူတို့ ကျောင်းတက်တာထက် ဘာတွေ စိတ်ဝင်စားကြသလဲ။ ဗွီဒီယို ဂိမ်း ကစားတာတို့၊ ရုပ်ရှင်ကြည့်တာတို့၊ အီစီကလီလုပ်တာတွေတို့ပေါ့။ ကျောင်းပြီးဖို့ စိတ်မကူးမိကြတဲ့သူတွေမို့ ဘွဲ့ရဖို့ဆိုတာကလည်း သူတို့နဲ့ အဝေးကြီးပါ။

ကျောင်းချိန်ကို မှန်အောင် မတက်ကြတဲ့အပြင် အိမ်စာလုပ်ဖို့ဆို ဝေလာဝေး ဆိုတဲ့ ကျောင်းသားမျိုးတွေပါ။ အအိပ်မတ်တတ်ကြပြီး ဇာတ်ကားကြည့်ဖို့ မျက်လုံးဖွင့်ဖို့တောင် ပျင်းချင်သလိုလို လူတွေပါ။

သင် ဒီလိုကျောင်းသားမျိုးနဲ့တွေ့ရင် သူတို့ကို ကျောင်းစာတွေများစိတ်ပါဝင်စားလာအောင် ကူညီပေးသင့်ပါတယ်။ လက်တွဲခေါ်သင့်ပါတယ်။

၃။ ဆရာ၊မတွေရဲ့ မျက်နှာလိုသူချင်သူများ

ဒီကလေးတွေရဲ့ ပုံစံကတော့ သင်ခန်းစာပြီးသွားရင် အတန်းထဲမှာ မေးခွန်အရင်ဆုံး အဦးဆုံး မေးခွင့်ရဖို့ လက်ထထမြောက်တဲ့ သူတွေပါ။ တစ်ယောက်ယောက်က ဟာသတစ်ခုခု ပြောလိုက်ပြီဆိုရင်လည်း သူ့ရယ်သံ တစ်တန်းလုံး လွှမ်းသွားတော့တာပါပဲ။ စကားပြောရင်လည်း အားပါပါ ပြောသူတွေပါ။ တစ်တန်းလုံးကလည်း သူ့ကို ဖင်ပေါ့လို့ အားကိုးအားထား ပြုကြရပါတယ်။ ဥပမာ – သင်ပုန်း ရှင်းတာတို့၊ ဆရာမရဲ့ စားပွဲခုန် သန့်ရှင်းရေးလုပ်တာတို့ ဆိုရင် ဒီကောင်တွေက ဗွေလုပ်ပါတယ်။

ဒီလိုကျောင်းသားတွေကို များများရှိတာကောင်းပါတယ်။ ဆရာ၊မတွေရဲ့ အလုပ်တွေ ကူပေးလို့၊ ကျောင်းသူကျောင်းသားတွေရဲ့ စာရင်းခေါ်ချိန်ကူစစ်ပေးတာကို အမြဲတမ်း ဆရာ၊မတွေအတွက် လုပ်အားပေး လုပ်ပေးနေလို့ပါ။

၎။ တကယ်တော်တဲ့ ကျောင်းသားများ

သူတို့ကတော့ အမှတ်ကောင်းဖို့ကိုလည်း စိတ်မဝင်စားဘူး၊ စာတွေကိုလည်း ပေါ့ပေါ့လျော့လျော့ မလေ့လားဘူး၊ တကယ်သိချင် တတ်ချင် နားလည်ချင်လို့ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေပါ။ အပေါင်းအသင်း မတ်တဲ့သူတွေ မဟုတ်သလို အပေါင်းအသင်း ရှားပါးတဲ့ သူများလည်းမဟုတ်ပါဘူး။

သူတို့တွေက စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ကြောက်ရွံ့သူတွေ မဟုတ်ပါဘူး။ လိုအပ်ရင် အချိန်ပိုယူပြီး စာကို သေချားနားလည်အောင် လေ့လာကြပါတယ်။ ရှုံးနိမ့်မှုတွေကို အခွင့်အလမ်းလို့ ခံယူထားကြတဲ့ သူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည့်စုံအောင် တော်နေတာမျိုးတော့ ဘယ်ဟုတ်မလဲ။ သူတို့မှာလဲ ချွတ်ယွင်းချက်လေးတွေရှိချင်ရှိတက်ပါတယ်။

အဲဒီတော့ သင်ဒီလို ကျောင်းသားတွေထဲက ဘယ်သူနဲ့ပေါင်းသင်းမလဲ။ သင်ကကော ဘယ်လိုကျောင်းသားအမျိုးအစားထဲမှာပါနေသလဲ။

Source: Study.com
Photos Source: Freepik.com