အသွား လမ်းကြောင်း

ရန်ကုန်-ပြင်ဦးလွင် ( ၀ါ ) ရန်ကုန်-လာရှိုး အဝေးပြေးကားတွေစီးပြီး သီပေါကိုပြန်ကူးလို့ ရပါတယ်။ ကျနော်တို့သွားခဲ့တဲ့ လမ်းကြောင်းက ရန်ကုန်ကနေ ပြင်ဦးလွင်ထိကို Elite နဲ့ပါ။ ရန်ကုန်ကနေ ည 8နာရီ စထွက်ပီး ပြင်ဦးလွင်ကားကြီးဂိတ်ကို မနက်၇နာရီလောက်ရောက်တယ်။ ပြင်ဦးလွင်ကနေမှ သီပေါကို AD Van ကားလေးငှားပြီးခရီးဆက်ခဲ့ကြတယ်။ နေ့ လည်12နာရီလောက်သီပေါက တည်းမယ့်ဟိုတယ်ကိုရောက်ပါတယ်။ ဂုတ်တွင်း View Point ရဲ့တောင်စောင်းပန်းခင်းလေးမှာ ဓာတ်ပုံဆင်းရိုက်ဖို့ လုံးဝမမေ့ပါနဲ့နော်။

  • POL to Hsipaw Van ကားငှားခ ၅သောင်းပါ။ ချိုလွင်မန်း Service နဲ့ချိတ်ပြီးသွားလို့ရပါတယ်(Ph:09257661916, 09784043470, 0936504442)
  • Elite က online booking ရပါတယ်။
  • Ygn to Pol –> Normal class 11800ks
  • Ygn to Pol –> VIP class 22000ks

အပြန်လမ်းကြောင်း

အပြန်ခရီးကိုတော့ သီပေါကနေ ဂုတ်ထိပ်ကို ရထာစီးပြီးပြန်လာပါတယ်။ ရထားက 9:20AM ဆို သီပေါဘူတာကနေစထွက်ပါတယ်။
တစ်နေ့  တစ်စီးပဲရှိပါတယ်။ ဂုတ်ထိတ်မှာ ဓာတ်ပုံရိုက်ချင်လို့ပါ။ ပြီးမှ ဂုတ်ထိပ်ကနေ ပြင်ဦးလွင်ကို ကားငှားပြီးပြန်လာပါတယ်။ ဒီဇင်ဘာခြံမှာ နားကြ၊ Chill ကြပီးမှ POL to YGN ညကားစီးပြီးပြန်လာကြပါတယ်။

  • Gok Teik to PyinOoLwin ကားခက ၆၀၀၀၀ ပေးရပါတယ် ( လပြည့်နဲ့တိုက်လို့ဈေးတတ်သွားတာပါ )
  • Hsipaw to GokTeik ရထားခက ၈၀၀ကျပ်ပဲကျပါတယ်။
  • PS: ကျောက်မဲဘူတာမှာခဏနားခိုက် ကြက်ကြော်ဝယ်စားခဲ့ပါလို့ တိုက်တွန်းပါတယ်။

တည်းကြမယ်

တည်းဖို့ဆို “Agoda App” သုံးရတာ သဘောကျပါတယ်။ ဟိုတယ်အပြင်အဆင် ၊ နေရာ အကွက်အကွင်း ၊ ဈေးနှုန်း Other Rating စတာတွေ အပေါ်ကြည့်ပြီး ကိုယ်နဲ့အဆင်ပြေတာရွေးလို့ရပါတယ်။ ကျနော်တို့ကတော့ Mr.Charles မှာတည်းပါတယ်။

  • Mr.Charles Riverview Lounge 65000ks/night
  • Mr.Charles Hotel 30000ks-40000ks/night
  • La Residence Hotel 22000ks & more…..

တခြားဟိုတယ်တွေလဲရှိပါတယ်။ ဒါကလက်လှမ်းမှီသလောက်ပါ။ သီပေါမြို့က ကျဉ်းကျဉ်းလေးပါပဲ တော်ရုံဘယ်နားတည်းတည်းအဆင်ပြေပါတယ်။

လျှောက်လည်ကြမယ်

ကျနော်တို့ရဲ့ အဓိက အကြောင်းအရင်းက ပတ်ဝန်းကျင်အသစ်တွေ ၊ဒေသခံလူနေမှုစရိုက်တွေ ၊သဘာဝတရားတွေကို လေ့လာကြမယ် လျှောက်ကြည့်ကြမယ် ဓာတ်ဖမ်းကြမယ်ဆိုတော့က လည်ရမယ့်နေရာလေးတွေ ကျနော် List down လုပ်ထားပါတယ်။ (လက်လှမ်းမှီသလောက်)

ပထမနေ့ 

သီပေါကို နေ့လည် ၁၂နာရီလောက်ရောက်တော့ ညနတစ်ပိုင်း စလည်လို့ရပါပြီ။

သမိုင်းဝင် ဘော်ကြို ဘုရား

  • မြို့အ၀င်နားမှာရှိတာဆိုတော့ ပြင်ဦးလွင်ကငှားလာတဲ့ကားနဲ့ပဲတစ်ခါထဲဝင်ဖူးလိုက်တယ် (စားရိတ်သက်သာအောင် )

ဒုဌ၀တီမြစ်ထဲလှေစီးပြီး ချောင်းဆုံကိုချီတက်

Hotel မှာလှေဆိပ်ကိုမေးပြီးသွားစီးရုံပါပဲ တစ်ယောက်ကို ၅​ထောင်​ ကျပ်ပါ။ ချောင်းဆုံကအပြန် ရှမ်းဘုန်းကြီးကျောင်းတစ်ခုကိုလဲဝင်ပို့ပါတယ်။ ရွာအ၀င်နားမှာ ဆားငံသီးပင်တွေနဲ့ မျက်စိအေးတဲ့ ရှုခင်းလေးရိုဆန်တယ်။ မိုးချုပ်Hotel ပြန်ပီး မြို့ ထဲထွက်ညစာစားရင်း ဒုတိယနေ့ လည်ဖို့ စပ်စုကြပါတယ်။ စားဖို့က အောက်မှာသပ်သပ် ရေးထားပါတယ်။

ဒုတိယနေ့ 

မနက်ပိုင်း

  • မဟာမြတ်မုနိစေတီ
  • ရှမ်းရွာ
  • နမ်းဟူးနွဲ့ရေတံခွန် (Small Waterfall)
  • ကမ္ဘာလုံးစေတီ
  • စော်ဘွားမျိုးနွယ် င်္သချိုင်း

သီပေါမြို့နဲ အနီးတစ်ဝိုက် တုတ်တုတ်နဲ့ လည်ရင်ကိုအဆင်ပြေပါတယ်။ တုတ်တုတ်ကို Hotel Tour မှာမငှားပဲ ညစာထွက်စားရင်းမြို့ထဲမှာစုံစမ်းပြီးငှားလိုက်တာ ဈေးထက်ဝက်သက်သာသွားတယ်။ Hotel ရှေ့ ကTour မှာငှားတုန်းက တုတ်တုတ်ငှားပေးရုံကို ၄သောင်းတောင်းပါတယ်။ အပြင်ထွက်ပြီးငှားလိုက်တာ ၂၅၀၀၀နဲ့ရပါတယ်။(ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်​ရှိနိုင်​ပါတယ်​)  မနက်၈နာရီကနေ ည၈နာရီအထိပါပဲ။ တုတ်တုတ်မောင်းတဲ့ ကိုဇေယျာ ဖုန်းနံပါတ်ပါ။ (Ph:09265271819 ) သူ မအားလဲ တခြားလူတွေနဲ့ချိတ်ပေးပါလိမ့်မယ်။ ကိုဇေယျာကတော့ စိတ်ရှည်ပြီးအတော် သဘောကောင်းတဲ့လူပါ။

မနက်ခင်း မဟာမြတ်မုနိဘုရားဖူးနဲ့စဖွင့်ပြီး ရှမ်းရွာတွေကို တုတ်တုတ်နဲ့ပါတ် တောင်တန်းတွေနဲ့ စပါးခင်းတွေကို နောက်ခံပြီးဓာတ်ပုံဆင်းရိုက်ကြပေါ့။ ရှမ်းရွာထဲမှာပဲရောင်းတဲ့ ၀က်သားချဉ်ကိုလဲ ၀ယ်စားခဲ့ကြပါအူးလို့ (၀က်သရဲဆိုတော့ ဘယ်ပြောကောင်းမလား)  ရှမ်းရွာကိုဖြတ်ပြီးရင် နမ်းဟူးနွဲ့ရေတံခွန်(ရေတံခွန်အသေး) ကိုရောက်ပါပြီ။ ရေတံခွန်ကအပြန် ကမ္ဘာလုံးစေတီ နဲ့ စော်ဘွားင်္သချိုင်းကို  တစ်ဆက်တည်းဝင်လေ့လာရုံပဲ။

ပြီးရင် Tempo အမြင့်ဆုံးနဲ့ အလှဆုံး နမ့်တုံရေတံခွန်(ရေတံခွန်အကြီး)ကိုဆက်သွားပါမယ်။ ရေတံခွန်ကို အသွား၄၅မိနစ် အပြန်၄၅မိနစ်လောက်လမ်းလျှောက်ရပါတယ်။ Hiking သဘောမျိုးလေးပေါ့။ လမ်းဘေးက အပြာ၊ အ၀ါ၊ အဖြူ၊ အနီ ရောင်စုံတောပန်းလေးတွေရယ် အဝေးက လှမ်းမြင်ရတဲ့ ရေတံခွန်ရယ် သွားလို့သွားနေရမှန်းမသိရအောင် လှပဆွဲဆောင်နေတာပါ။ ရေတံခွန်ရောက်ရင်တော့ လုံးဝအမောပြေသွားမှာပါ။ရေတံခွန်သေးသေးလေးကို လှတယ်လို့ ညာမပြောပါ။(ကိုယ်ကျိုးလဲမရှိသောကြောင့် လှရင်လှတယ် မလှရင်မလှဘူးပါ ယုံပါ) ရေတံခွန်အပြန် တုတ်တုတ်ဆရာ ညွန်းတဲ့ “လောပန်း” ရှမ်းထမင်းဆိုင်မှာနေ့လည်စာဝင်စားပီး Hotel ခဏပြန်နားကြပါတယ်။

ညနေပိုင်း

  • ဟော်နန်း
  • နှီးဘုရား

  • Little Bagan
  • Sunset Hill

ညနေဘက်ကိုတော့ ဟော်နန်း ‌Little Bagan ‌နှီးဘုရား ‌Sunset Hill Twilight over Burma ထဲက ဟော်နန်းမှာတော့ ဟော်နန်းရဲ့ သမိုင်းကြောင်းအကျဉ်းရုံးကို စော်ဘွားအနွယ်တော် တစ်ဦးက ရှင်းပြပါတယ်။ မြူတွေဆိုင်းတဲ့ သီပေါမြို့လေးကို ဒုဌ၀တီမြစ်က ပတ်ခွေထားပါတယ်။ ဒီလိုပနံရတဲ့နေ၀င်ချိန်နဲ့ မြို့ရဲ့အလှကို Sunset Hill (ကိုးဆူတောင်) ကနေတတ်ကြည့်ခဲ့မှကိုတန်မှာပါ။

စားကြမယ်

ရှမ်းစာလေးတွေ ဘာစားစားကောင်းပါတယ်။ တုတ်တုတ်မောင်းတဲ့သူတွေလဲညွှန်းပေးပါတယ်။

  • အကောင်းကြိုက် (‌မြန်မာထမင်းဆိုင်)
  • လောပန်း (‌ရှမ်းရိုးရာဆိုင်)
  • Mr. Work
  • စကောထမင်း
  • Mr Shake
  • Mr.Food
  • Now အကင်​ဆိုင်

‌မနက်ဘက်စောစောမြို့ထဲလမ်းလျှောက်ဖစ်ရင် အီကြာကွေးနဲ့ တို့ဟူးနွေး၊ ကောင်းညှင်းပေါင်းနဲ့ ခရမ်းသီးထောင်းလဲ ၀ယ်စားခဲ့ပါဦးနော်။

လက်ဆောင်ပစ္စည်း

သီပေါမှာ ဒေသထွက်လက်မှုပစ္စည်းရှားပါတယ်။ လက်ဖက်ခြောက် ၀ယ်မယ်ဆို “စိန်” ပွဲရုံမှာကောင်းပါတယ်။ လက်ဆောင်ဝယ်ချင်ရင်တော့ နှင်းပုလဲစတိုးရှိပါတယ်။ မနက် ၂နာရီကနေ ၆နာရီထိဖွင့်တဲ့ဈေးထဲမှာ ခေါပုတ်၊ ပဲပုတ်အချို/အစပ် အတွဲလိုက်အထုပ်လေးတွေဈေးချိုချိုနဲ့ အပြန်လက်ဆောင်ဝယ်ခဲ့လို့ရပါသေးတယ်။

Noted လုပ်ထားသလောက်လေးကို Data Sharing ပြန်လုပ်တဲ့ သဘောပါ။ Holiday တိုင်းမှာ Chills နိုင်ကြပါစေ။
#HtinKyaShin
#HsipawAround

ပြိုင်ပွဲပုံစံ

စာဖတ်သူတို့ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရတစ်ခုကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံမျိုးနဲ့ Review အကောင်းဆုံးရေးပြီး ဓာတ်ပုံများနဲ့အတူတကွ MyStyle Myanmar ရဲ့  FB Messenger ကို ပေးပို့ရမှာဖြစ်ပါတယ်။ ပုံမှန်တွေ့ဖူးနေကြ ပြိုင်ပွဲတွေနဲ့မတူဘဲ တမျိုးဆန်းသစ်တဲ့ပုံစံလေးနဲ့မို့လို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်နော်။

ပြိုင်ပွဲစတင်မယ့်အချိန်

Review ရေးပြိုင်ပွဲအစီအစဉ်ကိုတော့ မတ်လ၊ ၂၄ ရက်နေ့ကစတင်လျက်ရှိပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံးထားကာ Review လေးတွေကို ပေးပို့သွားရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ ဧပြီလ၊ ၈ ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်လို့ အချိန်ရှိတုန်းလေး အပြေးရေးထားလိုက်ရအောင်လား။

ပေးအပ်သွားမည့် ဆုလက်ဆောင်

ပေးပို့လာတဲ့ Review တွေထဲကမှ Like အများဆုံး ရရှိမယ့် Review ပိုင်ရှင်တစ်ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ Hedgren မှ စပွန်ဆာပေးထားသည့် 1 Year Warranty နဲ့  ၂၉၅၀၀၀ ကျပ်တန်ဖိုးရှိ ခဲရောင်ခရီးဆောင်အိတ်ကို ချီးမြှင့်ပေးသွားမှာဖြစ်သည့်အတွက် အခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ အပြေးလေး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။

Hedgren bags are available at Casabella Show Rooms in Yangon, Mandalay and Naypyidaw

Yangon: 22 Pyay Road, 9 Mile. Phone: 664 363, 660 769
Naypyidaw: Ocean Super Center Ground Floor (Oatarathri) Phone: 06741 7621-25
Mandalay: Corner of 32nd 77th Street, Chanayetharzan T/S Phone: 02 69366

https://www.facebook.com/hedgren.myanmar