ကိုယ်တွေနှစ်ယောက်သွားတာ ၂ညအိပ်၃ရက်ကို နှစ်ယောက်ပေါင်းမှ ၁၅၀၀၀၀ လောက်ပဲကုန်တယ်။ ဒါတောင် Hotel ခဈေးကြီးသွားလို့။ Hotel charge-90000(2 Days)?????????

Budget ချွေတာတဲ့ Trip ဆိုတော့ ကိုယ်တို့ကတော့ ရထားနဲ့ပဲသွားဖို့ ရွေးချယ်ခဲ့တယ်။ ပုဂံရထားက ရန်ကုန်ဘူတာကြီးကနေ ညနေ ၄ နာရီထွက်တယ်။ ကိုယ်တို့က ပြည်မြို့ကဆိုတော့ ပြည်ရွှေတံခါးဘူတာမှာ သွားစီးလိုက်လို့ရတယ်။ ပြည်မှာက ရထားလက်မှတ်က ကြိုမရောင်းဘူး။ ည ၁၀ နာရီမှာ လက်မှတ်စရောင်းတယ်။ ၁၁ နာရီကျော်ကျော်လောက်မှာ ရထားဆိုက်လာရင် စီးလိုက်သွားရုံပဲ။ လက်မှတ်ဈေးနှူန်းတွေကတော့ ပြည်ကနေ ရိုးရိုးတန်းဆိုရင် ၃၀၀၀ အထက်တန်းက ၇၅၀၀ လူများရင်တော့ အထက်တန်းလက်မှတ်ကရဖို့ မလွယ်လောက်ဘူး။

တစ်ဂျုံးဂျုံး တစ်ဂျက်ဂျက်နဲ့ တစ်ညလုံးစီးပြီး နောက်တစ်နေ့မနက် ၁၀ခွဲ လောက်မှာ ပုဂံဘူတာကိုဆိုက်တယ်။ (ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ရထားဆိုက်ချိန် အပြောင်းအလဲရှိနိုင်ပါတယ်) ရထားပေါ်ကနေဆင်းလိုက်တာနဲ့ တက္ကစီဆရာတွေ အများကြီးလာမေးလိမ့်မယ်။ ဘူတာကနေမြို့ဟောင်းကို တက္ကစီခ ၆၀၀၀/၇၀၀၀ လောက်ပေးရပါတယ်။ ကိုယ်တို့ကတော့ အရင်နှစ်သွားတုန်းကစီးတဲ့ တက္ကစီ ဆရာဦးလေးကြီးနဲ့ ကြိုချိတ်ထားလို့ အစစအရာရာအားလုံး အဆင်ပြေသွားတယ်။ (တက္ကစီဆရာ ဦးမြင့်ငြိမ်း_၀၉၄၀၂၇၇၄၃၆၂)

တည်းခိုစရာ တည်းခိုခန်းတွေကတော့ မြို့ဟောင်းမှာရော မြို့သစ်မှာပါ အများကြီးရှိပါတယ်။ ကိုယ့်ဆီမှာတော့ ဖုန်းနံပါတ် ၅ ခုပဲရှိပါတယ်။

Bagan Thandwe Hotel-09974733413 (အခန်းခ နှစ်ယောက်ခန်းကို ၁သိန်းခွဲကနေ ၅သောင်းလောက်ထိရှိတယ်)

Bagan Princess Hotel-061.60661,60872 (အခန်းခ ၁သိန်း ကနေ ၃သောင်းခွဲ ဝန်းကျင်)

Bamboo House Bagan-09254017566 (အခန်းခ ၃သောင်းခွဲ ဝန်းကျင်)

Inn Wa Guest House-061.60902,60849 (အခန်းခ ၂သောင်းခွဲ ၃သောင်းဝန်းကျင်)

ပဒေသာတည်းခိုခန်း-0943025885(အခန်းခ ၁သောင်းခွဲ ၂သောင်းဝန်းကျင်)

(ရာသီအလိုက် ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ ဖုန်းဆက်ပြီးအခန်းခဈေးနှူန်းတွေ မေးလို့ရပါတယ်)

နေ့လည်စာစားချိန်ရောက်တာဆိုတော့ ရောက်ရောက်ချင်းအထုပ်ချ E-Bike (ဘက်ထရီဆိုင်ကယ်) ငှါးပြီး ထမင်းဆိုင်ကိုတန်းလစ်တော့တာပဲ။ E-Bike ငှါးတဲ့ဆိုင်တွေကတော့ အများကြီးရှိပါတယ်။ နာရီပိုင်းနဲ့ငှါးရင် တစ်နာရီ ၂၀၀၀၊ တစ်နေ့လုံးငှါးရင်တော့ ၇၀၀၀/၈၀၀၀ လောက်ပေးရပါတယ်။

E-Bike တစ်စီးကို နှစ်ယောက်စီးလို့ရပါတယ်။ တစ်နေကုန်လျောက်လည်၊ လမ်းမှာ Battery ကုန်သွားရင် ရောက်တဲ့နေရာကိုပြောပြီး ဖုန်းသာလှမ်းဆက်လိုက်၊ နောက်တစ်စီးနဲ့လာလဲပေးပါတယ်။

ပုဂံမှာထမင်းစားရတာတော့ ပေးရတဲ့ငွေနဲ့ စားရတဲ့အရသာက အရမ်းကိုတန်လွန်းပါတယ်။ သရပါဟော်တည်ရှေ့က ထမင်းဆိုင်လေးတွေမှာစားတာပါ။ ၁၅၀၀လောက်နဲ့ ကောင်းကောင်းစားလို့ရပါတယ်။ (ရာသီစာ အရွက်သုပ်လေးတွေနဲ့ထမင်းစားလို့မြိန်မှမြိန်)

ဘုရားတွေကိုသွားဖို့အတွက်ကတော့ ကိုယ်သွားတည်းတဲ့နေရာမှာ ပုဂံလမ်းညွန် တစ်ရွက်လောက်တောင်းပြီးသွားပါ။ လမ်းညွန်ဆိုင်းဘုတ်တွေလည်း တပ်ထားပါတယ်။

ပုဂံကိုသွားတော့မယ်ဆိုရင် စွယ်တော်လေးဆူဖူးရရုံ ဓမ္မရံကြီး-အာနန္နာ-သဗ္ဗညုနဲ့ဗူးဘုရား ဖူးရရုံလောက်နဲ့ မကျေနပ်စေချင်ပါဘူး။ ပုဂံကဘုရားသမိုင်းတွေကို ကြိုပြီးလေ့လာသွားရင် ပုဂံရဲ့တန်ဖိုးကိုပိုသိပြီး ပိုအဓိပ္ပါယ်ရှိတဲ့ခရီးစဉ်လေးဖြစ်မှာပါ။ ကိုယ်ကတော့ ပုဂံကိုဘုရားဖူးသွားတယ်ဆိုတာထက် လွန်ခဲ့တဲ့နှစ်ပေါင်း များစွာထဲက ကိုယ်တို့မြန်မာလူမျိုးတွေဟာ ထုထည်ကြီးမားတဲ့အဆောက်အဦးတွေ စေတီပုထိုးတွေ တည်ဆောက်နိုင်ခဲ့တာပါလား၊ အင်မတန်မှလက်ရာမြောက်တဲ့ နံရံဆေးရေးပန်းချီတွေကို ရေးဆွဲခဲ့ကြတာပါလားဆိုတဲ့ ဂုဏ်ယူဝင့်ကြွားတဲ့စိတ်နဲ့ကို လေ့လာတယ် တန်ဖိုးထားတယ်။

ကိုယ်တွေသွားတုန်းက ဘုရားတွေပေါ်ကိုတက်ခွင့်မပိတ်သေးတော့ Sunset ? ကို ရွှေဆံတော်ဘုရားပေါ်ကိုတက်ကြည်ပါတယ်။ (လူတော့တော်တော်များပါတယ်) ပြသာဒ်ကြီးဘုရားကတော့ အပေါ်တက်ခွင့်ပိတ်လိုက်ပါပြီ။ နောက်ပိုင်းဘုရားတွေအားလုံးနီးပါး အပေါ်တက်ခွင့်ပိတ်တော့မယ်လို့ ပြောသံကြားပါတယ်။ ပုဂံဒေသကို ယူနက်စကိုဝင်ဖို့အတွက် အသည်းအသန်ကြိုးစားနေတဲ့အချိန်မှာ စက်ယန္တရားကြီးတွေကိုအသုံးပြုပြီး Sunset ? ကြည့်ဖို့သက်သက် လူလုပ်ကုန်းတွေပြုလုပ်နေတာကိုလည်း ဝမ်းနည်းစရာကောင်းစွာမြင်တွေ့ခဲ့ရပါတယ်။

ကိုယ်တွေသွားတုန်းက အပေါ်တက်လို့ရတဲ့ဘုရားများ (ကိုယ်သိသလောက်)

-#ရွှေဆံတော်

-ထီးလိုမင်းလိုဘုရားနားက #ရွှေလိပ်တူးဘုရား

-ဓမ္မရံကြီးဘုရားရှေ့ #ရွှေနန်းရင်တော်ကျောင်းတိုက်ထဲကအုတ်ကျောင်း

-သဗ္ဗညု စေတီနားက #ရွှေဂူကြီး

-စူဋ္ဌာမဏိဘုရားရှေ့ #စေတီသုံးဆူထဲက_အလယ်စေတီ

-ပုဂံမြို့သစ် #နဂါးရုံဘုရားဘေးက_လေးမျက်နှာဘုရား

-ဓမ္မရံကြီးဘုရားနောက်ဘက်က #တောင်ဂူနီဘုရား

ပုဂံကိုရောက်ဖူးပြီးသား ဆိုရင်တော့ ပထမတစ်ခေါက်ရောက်တုန်းက မဖူးဖြစ်တဲ့ဘုရား မလေ့လာဖြစ်တဲ့နေရာတွေကို သွားရောက်ဖူးမြော်လေ့လာစေလိုပါတယ်။ ပုဂံမှာလေ့လာစရာတွေအများကြီးပါ။ ကိုယ်တွေကတော့ တွေ့တဲ့လမ်းကြိုလမ်းကြားအကုန်ဝင်ပြီးတော့ တွေ့တဲ့ဘုရားဖူးပါတယ်။

ပုဂံပြန်လက်ဆောင်ဝယ်မယ်ဆိုရင်ဖြင့် အာနန္နာဘုရား မြောက်ဘက်မုဒ်မှာ အသက် ၈၀ ကျော် ချစ်စရာအဖွားအိုဆီမှာ မန်ကျည်းဖလိတ် နဲ့ ပုန်းရည်ကြီးထုပ်ကလေးတွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ ဒီအသက်အရွယ်ထိ ၁၂နှစ်အရွယ်မြေးမလေးနဲ့ ရိုးရိုးသားသား ရှာဖွေစားသောက်နေတဲ့မြေးအဖွားပါ။ ပြီးရင်တစ်လက်စတည်း ဘေးနားက အာနန္နာအုတ်ကျောင်းထဲက နံရံပန်းချီတွေကိုလေ့လာနိုင်ပါတယ်။ လက်ရာတွေကတော့တကယ့်ကိုအံ့မခန်းပါပဲ။

အင်္ဂလိပ်လက်ထက်က နံရံဆေးရေးပန်ချီတွေကို ဂျာမန်လူမျိုး ထိုမန် ဆိုသူ လွနဲ့တိုက်ဖြတ်ပြီး အချပ်လိုက်ခိုး ယူသွားတဲ့ ဘုရားကတော့ ဝက်ကြီးအင်း ဂူပြောက်ကြီးပါ ကျန်နေသေးတဲ့ လက်ရာတွေကိုကြည့်ပြီး လစ်ဟာနေတဲ့နေရာတွေအတွက် အရမ်းကိုနှမျောမိပါတယ်။

ကဲ……ဘုရားတွေလည်းအစုံဖူးပြီးပြီ ကိုယ်သိချင်တာတွေလည်း လေ့လာပြီးပြီဆိုရင်ဖြင့် အိမ်ပြန်ဖို့အတွက်ပြင်ဆင်ရပါပြီ။ အပြန်ရထားကတော့ ပုဂံဘူတာကနေညနေ ၄ နာရီထွက်ပါတယ်။ ၃နာရီမှာလက်မှတ်စရောင်းပါတယ်။ ဈေးနှူန်းကတော့အလာတုန်းကအတိုင်းပါပဲ…သြော်တစ်ခုမေ့ကျန်ခဲ့လို့ ကျောက်ပန်းတောင်းမြို့နားရောက်ရင် ရထားပေါ်မှာအိပ်မနေပဲနဲ့ သာယာလှပတဲ့ အညာဒေသရှူခင်းတွေကို ရထားပေါ်ကနေတဝကြီးရှူစားကြပါ။ အရမ်းကိုသာယာလှပပါတယ်။

#ပျော်ရွှင်စရာကောင်းတဲ့_ဘုရားဖူးခရီးစဉ်လေးဖြစ်ပါစေ။

ပြိုင်ပွဲပုံစံ

စာဖတ်သူတို့ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရတစ်ခုကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံမျိုးနဲ့ Review အကောင်းဆုံးရေးပြီး ဓာတ်ပုံများနဲ့အတူတကွ MyStyle Myanmar ရဲ့  FB Messenger ကို ပေးပို့ရမှာဖြစ်ပါတယ်။ ပုံမှန်တွေ့ဖူးနေကြ ပြိုင်ပွဲတွေနဲ့မတူဘဲ တမျိုးဆန်းသစ်တဲ့ပုံစံလေးနဲ့မို့လို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်နော်။

ပြိုင်ပွဲစတင်မယ့်အချိန်

Review ရေးပြိုင်ပွဲအစီအစဉ်ကိုတော့ မတ်လ၊ ၂၄ ရက်နေ့ကစတင်လျက်ရှိပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံးထားကာ Review လေးတွေကို ပေးပို့သွားရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ ဧပြီလ၊ ၈ ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်လို့ အချိန်ရှိတုန်းလေး အပြေးရေးထားလိုက်ရအောင်လား။

ပေးအပ်သွားမည့် ဆုလက်ဆောင်

ပေးပို့လာတဲ့ Review တွေထဲကမှ Like အများဆုံး ရရှိမယ့် Review ပိုင်ရှင်တစ်ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ Hedgren မှ စပွန်ဆာပေးထားသည့် 1 Year Warranty နဲ့  ၂၉၅၀၀၀ ကျပ်တန်ဖိုးရှိ ခဲရောင်ခရီးဆောင်အိတ်ကို ချီးမြှင့်ပေးသွားမှာဖြစ်သည့်အတွက် အခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ အပြေးလေး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။

Hedgren bags are available at Casabella Show Rooms in Yangon, Mandalay and Naypyidaw

Yangon: 22 Pyay Road, 9 Mile. Phone: 664 363, 660 769
Naypyidaw: Ocean Super Center Ground Floor (Oatarathri) Phone: 06741 7621-25
Mandalay: Corner of 32nd 77th Street, Chanayetharzan T/S Phone: 02 69366

https://www.facebook.com/hedgren.myanmar