ခက်ခက် ခဲခဲတောင်တက်ပြီးမှသာ လှပတဲ့ရူခင်းတွေ မြင်ရမယ်ဆိုလို့ တောင်တွေပေါ်သို့ တခေါက်ရောက်ခဲ့ရပါသည်။ သီပေါ မြို့ရဲ့ Tree House ဆီသို့ Mr Bike နဲ့ချိတ်ဆက်ပြီးတော့ တခေါက်ရခဲ့ရပြန်တယ်။ မသွားခင်ထဲကတော့ တခြားသူတွေရဲ့  Review တွေသေချာ ဖတ်ပြီး ပြင်ဆင်ခဲ့ပေမဲ့ သွားတဲ့အခါမှာ လွဲမှားတာများစွာနဲ့ပါပဲ။

လိုအပ်မဲ့ပစ္စည်းတွေပေါ့။ ကိုယ်သွားတုန်းက

?ပေါ့ပါးပြီး ချွေးစုတ်လွယ်သောအဝတ်အစားများ(လက်ရှည်ပါးလေး ယူသွားပါ ညအိပ်ရင်အေးနိုင်တဲ့အတွက် အနွေးထည်အထူတထည် ယူသွားပါ)

?ဆေးဝါးများ (အကိုက်အခဲပျောက်ဆေး ရူဆေး ပရုတ်ဆီ အစာကြေဆေး မိမိလိုအပ်သော ဆေးဝါးများ)

?ဖိနပ်(တောက်တက်ဖိနပ်ကိုသေချာ ပြင်ဆင်ပါ ဖိနပ်ပါးတရံလဲထည့်ပါ ခြေအိတ်တစုံပိုယူပါ

?မီးအိမ်(ညခင်းဟိုနား ဒီနားအတွက်ပါ Power Bankကောနော်) Telenor လိုင်းရှိပါတယ်

?Tissue / Wet tissue

?စာအုပ်(ညခင်းပျင်းရင်ဖတ်ရအောင်ပါ)

?မုန့်များ (ဘာဆိုင်မှ မရှိတဲ့အတွက် ကိုယ်စားချင်သောမုန့် ကိုယ့်ဘာသာ ယူသွားတာ အကောင်းဆုံးပါ)

?Suncream (SPF များပြီး မိမိ အသားအရည်နဲ့ အဆင်ပြေသော Suncream ကို ဆောင်ထားသင့်ပါသည်)

?အိတ် (ဒီပစ္စည်းတွေထည့်ဖို့ ဆန့်တဲ့အိတ်ပါ သယ်ရတာအဆင်ပြေပြီး သက်တောင့်သက်သာရှိသော အိတ်ကိုသေချာ ရွေးချယ်သင့်ပါသည်)

?ရေဘူး

?ဦးထုပ်

Jungle Life ကိုခံစားချင်တဲ့သူတွေအတွက်တော့ Tree House ကတကယ့်ကိုသွားချင်စရာနေရာတခုပါ။

ဒါအပြင့် သီပေါမြို့ရဲ့ လည်ပတ်စရာတွေကိုကော ရောက်ရှိနိုင်ပါသေးတယ် (ခြူးကတော့ အရင်တခါ ရောက်ဖူးလို့ တခြားနေရာတွေ မပတ်ခဲ့ပေမဲ့ ဟော်နန်းကိုတော့ သွားခဲ့ပါသေးတယ် သို့ပေသိ ထုံးစံအတိုင်းလွဲမြဲ လွဲခဲ့ရပါသေးတယ် )နောက်တခေါက်ရောက်နိုင်သေးတာပေါ့??

အသွားကို ၈နာရီခွဲ ကထွက်ရပြီး Tree House ကို ၃နာရီရောက်ပါတယ် အသွားမှာအတက်ကြီးပဲဆိုတော့ ဟောဟဲလိုက်နေတာပါပဲ။ သွားတဲ့ လူတွေကလဲ Forigner တွေကြီးပဲဆိုတော့ သူတို့နဲ့ မှီဖို့ မနဲလိုက်ရပါတယ်။

အပြန်နေ့ သို့မဟုတ် အဆင်းနေ့မှာတော့ အဆင်းကြီးပါပဲအဲ့နေ့က ပိုအန္တရာယ် များပါတယ်။ တယောက်ထဲလျှောက်လို့ရပြီး ခဲတွေနဲ့လဲချော် ခြေလေးများချော်လိုက်ရင် အောက်မှာချောက် ဆိုတော့ကား???

အားပေးစကားကိုတော့ Guide ကပြောရှာပါတယ်။  တောင်တက်တဲ့ သူဆိုတာ ကြောက်လို့မရဘူးတဲ့။ မကြောက်လို့လဲမရဘူးတဲ့။ အပြန်မှာတော့ စမ်းချောင်းလေးတလျှောက် သွားရတာတော့ ရေသယ်ရတာ သက်သာစေပါတယ်။

သီပေါကိုတော့ ၁နာရီ ထဲကပြန်ရောက်နေတာပါဟော်နန်းဝင်စရာရှိလို့ Mr Bike မှာ ခဏနားပြီး သွားခဲ့ပေမဲ့ Close For Today ဆိုတော့ကား??? အပြန်ကိုလဲ Mr Bike က ကားဂိတ်ထိပို့ပေးလို့ တကယ့်ကို ပေးရတဲ့ဈေးနဲ့ အတိုင်းထက်အလွန် ပြန်ရတယ်လို့ခံစားရစေပါတယ်။

Tree House မှာရိုက်ခဲ့တဲ့ Group Photo ပုံနဲ့အင်္ကျီလေးကလဲ တကယ့်ကို အမြဲသတိရစေမဲ့ အမှတ်တရတခုပါပဲ။ တညအိပ် ၄၀၀၀၀ ၂ညအိပ်ဆို ၇၀၀၀၀ ပါ။ ဟိုတယ် တည်းခတောင်မရှိဘူးနော် ?? Mr Bike Ph-09786565443

ခြူး ကားလက်မှတ်ကို ဒီတခါ တော့ Myanmar Bus Ticking Service ကဝယ်တာပါ။ (Ph no-09761547584)

တခါလောက်တော့ သွားသင့်တယ်ဆိုတာလေးပါပဲ။