ဖိနပ်ဆိုရင် ရူးရူးမူးမူး နှစ်သက်ကြတဲ့ ပျိုမေတို့အတွက် ဘယ်လိုဖိနပ်မျိုးတွေ အများဆုံး ၀ယ်ယူဖြစ်ပါသလဲ။ တခြားပစ္စည်းတွေဝယ်ရင်သာ တွန့်တိုနေမယ်။ ဖိနပ်ဆိုရင်တော့ လာထားဆိုပြီး ၀ယ်တတ်တဲ့ပျိုမေတို့ရေ တစ်မျိုးထဲကိုပဲ စုပြီး မ၀ယ်မိအောင် ပျိုမေတို့ ပိုင်ဆိုင်သင့်တဲ့ ဖိနပ် ၁၀ မျိုးကို မျှဝေလိုက်ပါတယ်။ ဒါလေးကို ဖတ်လိုက်တော့ တစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါ မ၀ယ်မိတော့ဘူးပေါ့။

ရိုးရှင်းတဲ့ အနက်ရောင်ဒေါက်ဖိနပ်

ဒေါက်ဖိနပ်ဆိုတာ ပျိုမေတို့ အသည်းစွဲ ဖိနပ်တစ်မျိုးထဲမှာ အပါအ၀င်ပါပဲ။ ရိုးရှင်းတဲ့ အနက်ရောင် ဒေါက်မြင့်ဖိနပ်က ပျိုမေတို့ ပိုင်ဆိုင်သင့်တဲ့ ဖိနပ်မျိုးပါ။ ဘာနဲ့ တွဲစီးစီး အဆင်ပြေပါတယ်။

ရှုးဖိနပ်အပါး

ရှုးဖိနပ်အပါးကလည်း ပျိုမေတို့ရှိသင့်တဲ့ ဖိနပ်တစ်မျိုးပါပဲ။ လှလည်းလှပြီး နေရာတိုင်းမှာ အသုံးဝင်တယ်။ သွားသွားလာလာလည်း စီးလို့အဆင်ပြေတဲ့ ဖိနပ်မျိုးပေါ့ရှင်။

Sneaker ဖိနပ်

ပေါ့ပေါ့ပါးပါးရှိတဲ့ Sneaker ဘွတ်ဖိနပ်လေးပါ။ လေ့ကျင့်ခန်းပဲလုပ်လုပ်။ ခရီးဝေးသွားသွား၊ လမ်းပဲလျှောက်လျှောက်အဆင်ပြေလို့ ပျိုမေတို့ရေ မရှိမဖြစ်ဝယ်ထားလိုက်နော်။

Nude အရောင် ဒေါက်မြင့်ဖိနပ်

Nude ဆိုတဲ့ အရောင်ဖျော့ဖျော့ တွေကလည်း ဒီဖက်ခေတ်မှာ ခေတ်စားလာတယ်နော်။ ဒီတော့ ဒီလိုအရောင် ဒေါက်ဖိနပ်လေးကလည်း မရှိမဖြစ်ပေါ့ရှင်။

ဒေါက်ပါတဲ့ ဘွတ်ဖိနပ်

ခြေမျက်စိထိဖုံးတာပဲဖြစ်ဖြစ်၊ ခြေမျက်စိအောက်ထိပဲဖြစ်ဖြစ် ဒေါက်ပါတဲ့ ဘွတ်ဖိနပ်ကလည်း ပျိုမေတို့အတွက် စတိုလ်တစ်မျိုးနဲ့ လန်းလို့ရပါတယ်။ မရှိသေးရင် နောက်တစ်ခါ ၀ယ်လိုက်နော်။

ဒူးခေါင်းထိရှည်တဲ့ ဘွတ်ဖိနပ်

ဒီလိုဖိနပ်မျိုးလည်း ခေတ်စားလိုက်သေးတယ်နော်။ မြန်မာပြည်မှာတော့ တောင်ကြီး၊ ကလော၊ ကချင် ၊ ချင်း စတဲ့အေးတဲ့ဒေသကို အလည်သွားမယ်ဆိုရင်တော့ ဒီလိုဖိနပ်လေးနဲ့ ပဲပေးလို့ရပါတယ်။ ရန်ကုန်မှာဆိုရင်တော့ အထူးတလည်မလိုပါဘူး။

တပြေးညီ ဒေါက်ဖိနပ်

တပြေးညီဒေါင့်ဖိနပ်ကလည်း ပျိုမေတို့ ရှိသင့်တဲ့ ဖိနပ်မျိုးပါ။ ဒေါက်အချွန်မစီးတတ်တဲ့ ပျိုမေတို့အတွက်ဆိုလည်း ဒီလိုဖိနပ်လေးက အဆင်ပြေပါတယ်။

ကြိုးသိုင်းနဲ့ ဒေါက်ဖိနပ်ချွန်ချွန်

ဒေါက်ချွန်ချွန်လေးက သင့်ကို ပိုပြီး ဆွဲဆောင်မှုအားကောင်းစေပါတယ်။ စီးတတ်မယ်ဆိုရင်တော့ ဒီလိုဖိနပ်လေးကလည်း ပျိုမေတို့ ရှိသင့်တဲ့ဖိနပ်မျိုးပါ။

ဖိနပ်အပါး

ပေါ့ပေါ့ပါးပါး ဖိနပ်လေးကတော့ လူတိုင်းမှာ ရှိမယ်ထင်ပါတယ်။

ကြိုးသိုင်းတွေ ချည်ထားတဲ့ဖိနပ်

ဒီဖိနပ်လေးကလည်း တစ်ခေတ်ထခဲ့သေးတယ်နော်။ ပျိုမေတို့လည်း သိနေမယ်ရင်းနှီးနေမယ်ထင်ပါတယ်။ ဒီလိုဖိနပ်လေးကလည်း ဂါဝန်တို့ စကတ်တို့ နဲ့ ၀တ်ရင် လိုက်ဖက်လို့ ခပ်ဆန်းဆန်းလေးစီးချင်တဲ့ ပျိုမေတို့ ပိုင်ဆိုင်သင့်တဲ့ ဖိနပ်လေးပါပဲ။