ဆံပင်ပုံစံက ကိုယ့်ကို ပိုပြီး နုပျိုသွားစေသလို ဆံပင်ပုံစံကြောင့်ပဲ အသက်ကြီးသလိုထင်ရစေပါတယ်။ ကိုယ်နဲ့မလိုက်တဲ့ ဆံပင်ကေညှပ်တာကလည်း ကိုယ့်ကို ကြည့်ရဆိုးစေပါတယ်။

အမျိုးသမီးသမီးတွေ အသက် ၄၀ ကျော်လာပေမဲ့ ဆံပင်ကို အသက် ၂၀ အရွယ်လိုထားလို့ရပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ပိုပြီး ကျက်သရေရှိလာလို့ ကိုယ့်ရဲ့ ဆံပင်ပုံစံဟာ နုပျိုပြီး ကျက်သရေရှိ လှပနေဖို့လိုပါတယ်။ သဘာဝဆန်ဆန်နဲ့ ဖက်ရှင်လည်းကျ ကျက်သရေလည်းရှိတဲ့ ဆံပင်ပုံစံတွေကို မျှဝေလိုက်ပါတယ်။

ကုတ်ဝဲ ဆံပင်ပုံ

ဘယ်လို မျက်နှာပုံမျိုးနဲ့ မဆို အဆင်ပြေပါတယ်။ အထူးသဖြင့်တော့ အသည်းပုံ နဲ့ မျက်နှာဝိုင်းတဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။ ဒီလိုဆံပင်ကေမျိုးကို အသက် ၄၀ ကျော် နာမည်ကျော် မင်းသမီးတွေတွေ ညှပ်လေ့ရှိပါတယ်။

ဆံပင်တိုတိုနဲ့ နုပျိုစေတဲ့ ပုံစံ

ဆံပင်ကေတိုတိုနဲ့ လူငယ်ဆန်တဲ့ ပုံစံလေးကလည်း အသက် ၄၀ ကျော်အမျိုးသမီးတွေနဲ့ လိုက်ဖက်ပါတယ်။

ဆံပင်တိုတိုကို အောက်ဖျားမှာ ကောက်မယ်

ပိုပြီး ဆွဲဆောင်မှုရှိသွားစေတဲ့ ဆံပင်ပုံလေးပါ။ ထိန်းသိမ်းရတာလည်းသိပ်မခက်လှလို့ အလုပ်များတဲ့ အမျိုးသမီးတွေအတွက်လည်း အဆင်ပြေပါတယ်။

ဆံပင်တိုတိုနဲ့ ခပ်လန်းလန်းညှပ်မယ်

Smart ဖြစ်တဲ့ အသက် ၄၀ ကျော်အမျိုးသမီးတွေကို ဒီလိုဆံပင်ကေမျိုးနဲ့ မြင်တွေ့ရလေ့ရှိပါတယ်။

ရော့ခ်စတိုင်လ် ဆံပင်ကေ

ဆံပင်ယောင်္ကျားကေလို တိုထားပြီး အရမ်းလန်းတဲ့ ဆံပင်ကေလေးပါ။ ရော့ခ်ဆန်ဆန်ကို ကြိုက်နှစ်သက်တဲ့ အသက် ၄၀ ကျော်အမျိုးသမီးတွေ လန်းလိုက်လို့ရပါတယ်။

ပုခုံးအပေါ်အတိ ဆံပင်ကေ

အသက် ၄၀ ကျော်အမျိုးသမီးတွေအတွက် ရိုးရှင်းပြီး ပြည့်စုံတဲ့ ဆံပင်ကေလေးပါ။ အထူးသဖြင့်တော့ စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။

ရိုးရိုးလေးနဲ့ လှနေမဲ့ ဂန္တ၀င် ဆံပင်ကေ

ဂန္တ၀င်ဆန်တဲ့ ဆံပင်ကေလေးက အသက်အရွယ်မရွေး သင့်တော်ပါတယ်။ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်အတွက်လည်း သင့်တော်တဲ့ ဆံပင်ကေလေးပါပဲ။

ဆံပင်ရှည်ရှည်နဲ ကေခုတ်မယ်

အသက် ၄၀ ကျော်လာပြီဆိုပေမဲ့ ဆံပင်ကိုရှည်ရှည်နဲ့ ကေမခုတ်ရဘူးလို့ ဘယ်သူပြောလို့လဲ။ ဆံပင်ထူတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်။ ဆံပင်ပါးတယ်ဆိုရင်တော့ အလည်တစ်လွှာကို အကြေလေးကောက်ပေးဖို့လိုပါတယ်။ ဒါမှ ဆံပင်ဖောင်းဖောင်းလေးနဲ့ လှနှောပါ။

ဆံပင်အလည်ခွဲနဲ့ လူငယ်စတိုင်လ်

လူကိုလည်း နုပျိုသွားစေပြီး လန်းဆန်းစေတဲ့ ဒီဆံပင်ပုံလေးကို ဘဲဥပုံ မျက်နှာပိုင်ရှင် အမျိုးသမီးတွေနဲပ လိုက်ဖက်ပါပဲ။ အကောက်လိုင်းခပ်ကြီးကြီးလိပ်ထားပြီး ကျက်သရေရှိလှပနေတဲ့ ဆံပင်ပုံလေးပါ။