ပုံပန်းသဏ္ဍာန်ညီညာပြေပြစ်ပြီး ညို့အားအပြည့်ရှိတဲ့ မျက်ခုံးမွှေးကို ရရှိဖို့ဟာ အမျိုးသမီးတိုင်းရဲ့ စိတ်ကူးဆန္ဒထဲတွင် ထိပ်ဆုံးမှာရှိနေသင့်ပါတယ်။ ဈေးကြီးပေးဝယ်ရတဲ့ မိတ်ကပ်အလှကုန်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် သူတို့ရဲ့အသွင်အပြင်ကို ကြည့်ကောင်းလာစေနိုင်တယ်လို့ မိန်းကလေးအများစုက တွေးထင်တတ်ကြပါတယ်။ အလှကုန်ပစ္စည်းတွေကို အသုံးပြုသင့်တာမှန်ပေမယ့်လည်း သင့်ရဲ့အသွင်အပြင်ကို ပေါ်လွင်နေစေဖို့ မျက်ခုံးမွှေးလေးတွေကိုပါ ပုံဖော်ပေးဖို့လိုအပ်တယ်နော်။

ဒါကြောင့်လည်း ညို့အားအပြည့်နဲ့ မျက်ခုံးမွှေးအလှကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်တွေကိုဖော်ပြပေးထားတာကြောင့် သင်နှစ်သက်ရာကို ရွေးချယ်နိုင်မှာပါ။

၁။ Meagan Good

သေချာပုံသွင်းထားပြီး အကောက်ဒီဇိုင်းလေးဖြစ်တာကြောင့် အနက်ရောင်မျက်ခုံးမွှေးဆွဲတံကို အသုံးပြုပြီး ပုံဖော်နိုင်ပါတယ်နော်။

၂။ Megan Fox

အထူအညီအညာရှိတဲ့ မျက်ခုံးမွေးပုံစံကို ညီညာစွာပုံဖော်ထားပြီး စတိုင်ကျသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူတစ်ဦးဖြစ်ပါတယ်။

၃။ Nicole Scherzinger

လှိုင်းတွန့်သဏ္ဍာန်ရှိပြီး အထူကနေအဆုံးမှာပါးသွားတဲ့ မျက်ခုံးမွေးအလှတစ်မျိုးဖြစ်တာကြောင့် မိန်းကလေးတိုင်းနဲ့သင့်တော်တဲ့ ပုံစံတစ်မျိုးပါပဲ။

၎။ Kim Kardashian

မထူမပါး သပ်သပ်ရပ်ရပ်နဲ့ စွဲဆောင်မှုရှိလှတဲ့ မျက်ခုံးမွေးပုံစံပဲနော်။

၅။ Anushka Sharma

ပါးပါးလေးနဲ့ အတန်ငယ်တွန့်ကောက်နေတဲ့ မျက်ခုံးမွေးဒီဇိုင်းဖြစ်တာကြောင့် လိုက်လံလုပ်ဆောင်ဖို့ လွယ်လွယ်လေးနော်။

၆။ Rihanna

ဖက်ရှင်ဒီဇိုင်းတွေကိုသာမက မျက်ခုံးမွေးကိုပါ အမြဲစမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်တတ်တဲ့ Rihanna ဒီဇိုင်းပါ။

၇။ Frieda Pinto

အဖျားပိုင်းမှာ အတန်ငယ်ပါးလွှာပြီး အကောက်ဒီဇိုင်းမျက်ခုံးမွေးပုံစံလေးက သူမကို အလှဆုံးဖြစ်နေစေတာပါ။

၈။ Emma Watson

ချစ်စဖွယ်ကောင်းတဲ့မျက်နှာလေးမှာ နှစ်လို့ဖွယ်အသွင်ကို ပေးစွမ်းနိုင်တဲ့ မျက်ခုံးမွေးအလှလေးနော်။

၉။ Candice Swanepoel

Victoria’s Secret စူပါမော်ဒယ် Candice ရဲ့ မျက်ခုံးမွေးအသွင်ကတော့ မထူမပါးလေးကိုမှ အဖျားအကောက်လေးနဲ့ဆိုတော့ အလှဆုံးပဲနော်။

၁၀။ Cara Delevigne

ထူထဲနက်နဲတဲ့ မျက်ခုံးမွေးကို ပိုင်ဆိုင်ထားတဲ့ Cara ကတော့ စွဲမက်ဖွယ်ကောင်းပြီး ပြင်းရှတဲ့မျက်ဝန်းအလှ ပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။