ကျွန်မတို့ ပတ်ဝန်းကျင်မှာ မကြာခဏ သွားကိုက်တတ်တဲ့သူတွေ၊ သွားပိုးစားနေတဲ့သူတွေကို မြင်ဖူးကြမှာဖြစ်ပါတယ်။ ဒီလို သွားပိုးပေါက်ဖြစ်တဲ့သူတွေ မြင့်မားနေပေမယ့် သွားကို စနစ်မှန်စွာ မနက်တစ်ခါ ညတစ်ခါ တိုက်ပေးတဲ့ လူအရေအတွက် နည်းပါးနေဆဲဖြစ်ပါတယ်။

American Academy of Pediatric Dentistry (AAPD) ခေါ် အမေရိကန် ကလေးသွားကျန်းမာရေး ပညာရှင်များ အဖွဲ့ က ဒီကနေ့ခေတ်မှာ သွားပိုးပေါက်ဖြစ်ခြင်းတွေ မြင့်တက်လာသလို အထူးသဖြင့် ကလေးငယ် ၃ ပုံ ၁ ပုံမှာ သွားပိုးပေါက်ဖြစ်နေကြတယ်လို့ထုတ်ပြန်ထားပါတယ်။

သွားပိုးပေါက်ဖြစ်တာကနေ သွားကိုက် သွားနာစေပြီး အဲဒီလို သွား တဆစ်ဆစ်ကိုက်တဲ့အခါ အစာစားဖို့၊ စကားပြောဖို့၊ အိပ်ဖို့လည်း သိပ်ကို ခက်ခဲပြီး နေမထိ ထိုင်မသာဖြစ်ကြရပါတယ်။

ဒါတင်မကသေးပါဘူး။ သွားပိုးစားတာ၊ သွားနဲ့ ခံတွင်း ကနေ တဆင့် ရောဂါပိုးတွေဝင်ရောက်ပြီး ရိုးရိုးသွားနာတာကနေ ဖျားတာမျိုး၊ နား နှာခေါင်း လည်ချောင်း စတာတွေကို ပျံ့ နှံ့ သွားပြီး အချိန်မီ ကုသမှု မခံယူနိုင်တဲ့ အခါ ရေရှည်ရောဂါတွေ ဖြစ်ပေါ်စေပါတယ်။

ဘာကြောင့်သွားတိုက်သင့်လဲ

ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေ၊ အချိုရည်တွေဟာ အစာစားပြီးသွားတဲ့အခါ သွားကြားလေးတွေထဲ ကပ်ညှိကျန်ရစ်ခဲ့ရင် သွားနဲ့ ခံတွင်းမှာရှိတဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယား တွေကစားသုံးပြီးအက်ဆစ်ဓာတ် ထွက်လာပါတယ်။ အဲဒီအက်ဆစ်ဓာတ်ကြောင့် သွားပိုးပေါက်ဖြစ်ခြင်း၊ သွားလေးတွေပျက်စီးရခြင်းတွေ ဖြစ်ပေါ်စေပါတယ်။

သွားလေးတွေကို သွားပိုးပေါက်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ဖို့ သွားတိုက်တာ၊ သွားကြားလေးတွေထဲအထိ သန့်ရှင်းရေးလုပ်ပေးတာ (Flossing) မျိုး လုပ်ဆောင်ပေးသင့်ပါတယ်။ သားသား၊မီးမီး၊ ဘိုးဘိုး၊ ဖွားဖွား၊ ဖေဖေ၊ မေမေ တို့ မိသားစု သွားကျန်းမာရေးအတွက် သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

ဒါ့ကြောင့် မိသားစုအားလုံး ဖလိုရိုက်ဒ် နဲ့ မိုက်ခရို ကယ်လ်ဆီယမ် ပါတဲ့ ဆစ်ဂနယ်လိုမျိုး သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် တိုက်ပေးခြင်းဖြင့် မနက်မှာလည်း အစားအသောက် အကြွင်းအကျန်များကြောင့် သွားပိုးပေါက်ဖြစ်ခြင်းမှ ကာကွယ်ပေးသလို ညဘက်တွေမှာလည်း သွားမျက်နှာပြင်ပေါ်ရှိ မျက်စိနဲ့ မမြင်နိုင်တဲ့ သွားပိုးပေါက်ငယ်လေးတွေကို ရှာဖွေပြုပြင်ပေးပါတယ်။

သွားလေးတွေကျန်းမာနေမှ စကားပြောတဲ့အခါ၊ ပြုံးတဲ့အခါ အစာစားတဲ့အခါတိုင်း ယုံကြည်မှုအပြည့်ရှိနေစေမှာပါ။