လူတိုင်းလူတိုင်း ဘဝကို ပိုပြီးတော့ တိုးတက်ကောင်းမွန်စေချင်ကြတဲ့၊ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားနေကြတဲ့ သူတွေချည်းပါပဲ။ ဒီတော့ တကယ်ကော ကြိုးစားသလောက် ကောင်းမွန်ကြရဲ့လား၊ အောင်မြင်ကြရဲ့လားဆိုတဲ့ မေးခွန်းဟာ ကိုယ့်ကိုကိုယ် ပြန်ပြီးမေးစရာတွေ ဖြစ်လာပါတယ်။ အောက်မှာ ဆွေးနွေးထားတဲ့အ ချက်တွေ သင့်တစ်နေတာအတွက် များစွာ အထောက်အပံ့ပေးပါလိမ့်မယ်။

၁။ ဝီရိယအပြည့်နဲ့ အလုပ်လုပ်ပါ။

ဝီရိယ သို့မဟုတ် ဇွဲလို့ပြောလိုက်ရင် သင့်အတွက် စိတ်ဝင်စားစရာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ အချိန်တွေကို အလုပ်အပေါ်မှာ ဇွဲရှိရှိ ခွန်အားစိုက်ထုတ်ခဲ့မယ်ဆိုရင် စိုက်ထုတ်ခဲ့တဲ့ ဇွဲရဲ့ တူညီတဲ့ အကျိုးရလဒ်ကို သင်ပြန်ရပါလိမ့်မယ်။ ဘာဖြစ်လို့ ရည်ရွယ်ချက်တွေ ထမြောက်မအောင်မြင်ရသေးတာလဲဆိုတော့ ကျွန်တော်တို့မှာ ခိုင်မာတဲ့ ဝီရိယ(ကြိုးပမ်းအားထုတ်မှု) ဆိုတဲ့ ဇွဲမရှိသေးလို့ပဲ ဖြစ်ပါတယ်။

၂။ ကိုယ်လုပ်ရမယ့် အလုပ်ကို ထင်ထင်ရှားရှား သိအောင်လုပ်ပါ။

အလုပ်မှာ သင် ဘာကိုလုပ်ရမယ်ဆိုတာ မသိသေးဘူးဆိုရင် သိအောင်အရင်လုပ်ပါ။ သိပ်အရေးကြီးပါတယ်။ ကိုယ့်ကို ကြီးကြပ်မှုပေးတဲ့ သူကို သေချာမေးပါ။ ဘယ်ဘာလုပ်ရမယ်ဆိုတာကို သိမှသာလျှင် ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ယုံကြည်မှုရှိရှိ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့လည်း ကိုယ်ဘာလုပ်ရမယ်ဆိုတာကို သိနေတော့ သင့်ရဲ့ ခွန်အားစွမ်းအားတွေကို အဲဒီအလုပ်အပေါ်မှာပဲ အသုံးချနေတော့မှာဖြစ်တဲ့အတွက် ပိုကောင်းတဲ့ အကျိုးရလဒ် ဖြစ်စေပါတယ်။

၃။ အလုပ်ထဲတွင်သာ အာရုံစူးစိုက် အလုပ်ကိုလုပ်ပါ။

အလုပ်လုပ်နေတယ်ဆိုရင် အလုပ်အပေါ်မှာပဲ အာရုံစူးစိုက်ပြီးလုပ်တာက ခရီးပိုတွင်ပါတယ်။ အမှားနည်းပါတယ်။ စိတ်ပျံ့လွင့်မှု နည်းသွားပါလိမ့်မယ်။ ပြီးတော့ စိတ်ဝင်စားမှုက အလုပ်တစ်ခုတည်းအပေါ်မှာ ရှိနေတော့ ဇွဲက အလိုလို စိုက်ထုတ်ပြီးသားဖြစ်နေပါလိမ့်မယ်။

၎။ အလုပ်အပေါ် စိတ်ဝင်စားမှု ပေးခြင်းဟာ အလုပ် ဖိအားဒဏ်တွေ နည်းသွားပါတယ်။

အလုပ်တစ်ခုတည်းအပေါ် မှော်ဝင်သွားပြီဆိုရင် သင်ဟာ အလုပ်လုပ်နေတယ်လို့မထင်တော့ဘဲ အလုပ်အပေါ်မှာ ပိုပြီး ပျော်လာပါလိမ့်မယ်။ အဲဒီတော့ သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်လာပါလိမ့်မယ်။ အဲဒီအခါကျရင် သင်ဟာအလုပ်လုပ်ရတာကိုက အပန်းဖြေနေသလိုလို စိတ်ဓာတ်ခွန်အားတွေ ဖြစ်တည်နေပါလိမ့်မယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို တန်းဖိုးထားတယ်။ လေးစားတယ်။ စတဲ့ကောင်းကျိုးတွေအထိ ဖြစ်လာမှာ ဖြစ်ပါတယ်။

အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင် သွက်သွက်လက်လက်လုပ်နိုင်ဖို့ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ကို တကယ်ချစ်ဖို့လည်း လိုပါသေးတယ်။ ဒါမှလည်း ကြုံလာတဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ အားလုံးပဲ အောင်မြင်တိုးတက်ပြီး ဘဝပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေ။