ကျွန်မတို့မိန်းကလေးတွေဟာ အချစ်ကြီးသလောက် အမျက်လည်းကြီးတတ်ကြပါတယ်။ ကိုယ်ဖြူစင်စွာ ပေးဆပ်ခဲ့တဲ့အရာတစ်ခုက ကိုယ်အပေါ်ထပ်တူထပ်မျှမဖြူစင်ခဲ့ဘူးဆိုရင်တောင် အလိမ်အညာနဲ့ ယုတ်မာတာတွေကိုတော့ ဘယ်လိုမှသည်းငြီးမခံနိုင်ကြပါဘူး။ သို့ပေမဲ့လည်း စောနကပြောခဲ့သလို အရမ်းအချစ်ကြီးကြတော့ တော်ရုံနဲ့လက်မလွှတ်တတ်ကြပါဘူး။

ဒီလိုဆို ကိုယ်အမျှော်လင့်ကြီး မျှော်လင့်ထားတဲ့ Relationship တစ်ခုမှာ အလိမ်အညာခံခဲ့ရတဲ့ မိန်းကလေးတိုင်းအတွက် အကြံပေးစကားလေးတွေကို ကျွန်မအတွေ့အကြုံနဲ့ယှဉ်ပြီးတော့ ပြောပြပေးချင်ပါတယ်။

၁။ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခဲ့တယ်

Source: Baophunuonline.net

ဟုတ်ပါတယ်။ ကျွန်မ Relationship တုန်းကလည်း ဆုံးဖြတ်ချက်ချဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ တော်လောက်ပြီဆိုပြီး ရပ်လိုက်ဖို့ပါပဲ။ ဒါပေမဲ့ ချစ်နေသေးတော့ ငါသူ့ကိုလက်မလွှတ်သင့်တဲ့ အကြောင်းရင်းက ဘာများရှိမလဲဆိုပြီး ပြန်ဆန်းစစ်ပါတယ်။ လုံလောက်တဲ့အကြောင်းရင်းတွေ့တဲ့အခါမှာ ကျွန်မရဲ့ယိုင်နဲ့နေတဲ့ Relationship ကို အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးလေးပဲ ပြန်ထိန်းကြည့်ပါတယ်။ လွယ်လားဆိုတော့ လုံးဝမလွယ်ပါဘူး။ အခုတော့ လုံးဝအဆင်ပြေသွားပြီးမို့ အဲဒီတုန်းက စိတ်မြန်လက်မြန်နဲ့ လမ်းမခွဲခဲ့တာကိုပဲ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ရမှာပါ။ ဒါကြောင့် နံပါတ် (၁) အချက်အနေနဲ့ သူ့ဆီမှာ သင်လက်မလွှတ်နိုင်တဲ့ ဘယ်လိုအရည်အချင်းမျိုးရှိနေလဲ ပြန်စဉ်းစားပါ။ ပြီးရင်အကောင်းဆုံးပြန်ညှိနှိုင်းကြည့်ပါ။

၂။ အကူအညီလိုတယ်

Source: NearSay

အစကတော့ ကျွန်မလည်း နှစ်ယောက်လုံးက ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အရွယ်ရောက်နေကြပြီမို့ နှစ်ယောက်သားကိုယ့်ဘာသာဖြေရှင်းကြဖို့ပဲ တွေးမိပါတယ်။ သူငယ်ချင်းတွေ၊ မိဘတွေကိုလည်း မပြောပြမိဘူးပေါ့။ နောက်ပိုင်း မိဘနဲ့ သူငယ်ချင်းတွေကို အကြံဉာဏ်လေးတောင်းကြည့်ပြီး လိုတာလေးတွေ ညှိယူကြည့်တဲ့အခါကျမှ အဆင်ပြေသွားတာပါ။
၃။ စကားပြောကြည့်ဖို့လိုမယ်

Source: paris.nyanta.jp

ပြဿနာဖြစ်ပြီဆို ဒီအရာကပြဿနာဆိုတာကို နှစ်ယောက်လုံးက လက်ခံကြဖို့လိုပါမယ်။ ဆွေးနွေးဖို့လိုတဲ့အရာကို အမြစ်ကနေစပြီးဆွေးနွေးဖို့လိုပါမယ်။ ဒါကိုဘာမှမဟုတ်သလိုမျိုး ရင်ထဲမှာထားပြီး ခေါင်းရှောင်လိုက်ကြတဲ့အခါမျိုးမှာ သံသယတွေက ပိုပိုတိုးလာပြီး သင်တို့ Relationship ကမသာမယာနဲ့ ရှေ့ဆက်ရဖို့ပဲရှိပါတယ်။
၎။ ကိုယ့်ကိုယ်ကိုယ် ပိုအချိန်ပေးနိုင်ရမယ်

Source: kenh14.vn

ကျွန်မသူနဲ့ မျက်နှာချင်းမဆိုင်ချင်တော့ဘူး။ ကျွန်မသူ့ကိုအရမ်းမုန်းလာတယ်။ အဲဒီတော့ ကိုယ်တစ်ယောက်တည်းနေချင်လာပြီး ကိုယ်ဝါသနာပါတာတွေ၊ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်အလုပ်တွေအပေါ်ကို ပိုအာရုံစိုက်လိုက်တယ်။ ဒီတော့ တစ်ဖက်မှာလည်း သူ့ကိုအချိန်ပေးထားလိုက်တဲ့သဘောမျိုးဖြစ်သွားတာပေါ့။ နောက်ဆုံးကျွန်မဘက်က တည်ငြိမ်သွားပြီး သူ့ဆီပြန်သွားဖို့ အဆင်သင့်ဖြစ်သွားတဲ့အခါနဲ့ သူ့ဘက်ကလည်း သူ့အပြစ်တွေကိုဝန်ခံပြီး ကျွန်မပြန်လက်ခံလာနိုင်အောင် ကြိုးစားတဲ့အတိုင်းအတာတစ်ခုရောက်သွားတဲ့အခါ ကျွန်မသူ့နဲ့ပြန်တွဲဖြစ်ခဲ့ပါတယ်။ သဘောကတော့ သူ့ကိုအချိန်ပေးဖို့နဲ့ ကိုယ့်စိတ်ကိုရှင်းအောင် ပြန်ကြိုးစားဖို့ပါပဲ။

၅။ အချိန်ပေးဖို့လိုမယ်

Source: cafebiz.vn

ကျွန်မအပေါ်က ပြောခဲ့သလိုပဲ သူရောကိုယ်ရော အချိန်တစ်ခုယူဖို့ပါတယ်။ ခဏလောက်ဖြစ်ဖြစ် ဒီ Relationship ကို ပြန်စဉ်းစားကြည့်ကြတဲ့သဘောမျိုးပေါ့။ ဒါမှသူကလည်း ကိုယ်နဲ့ဝေးနေတဲ့အချိန်မျိုးမှာ နေနိုင်ပြီလား။ ကိုယ်ကရော သူနဲ့ဆိုသူနဲ့မှပဲ အတူရှိချင်တာလားစသဖြင့် ပြန်တွေးကြဖို့လိုပါမယ်။ မခွဲနိုင်ဘူးဆိုတာ သေချာတော့မှ ပြန်တွဲကြပေါ့။
၆။ လိုအပ်ချက်တွေကို ပေးသိထားရမယ်

Source: Bustle

သူကိုယ့်ကိုလိမ်ညာခဲ့တုန်းက ကိုယ်ဘယ်လောက်ခံစားခဲ့ရတယ်။ ကိုယ်လိုအပ်နေတာကဘာဆိုတာ၊ သံသယတွေရှင်းဖို့အတွက် ဘယ်လိုကုစားခဲ့ရတယ်။ ဘယ်အရာနဲ့ ကုစားခဲ့ရတယ်။ ဒါတွေအားလုံး သင့်ချစ်သူသိထားဖို့လိုပါမယ်။ အဓိကက သင်ဟာဘယ်လိုလူမျိုးနဲ့မှ အဆင်ပြေနိုင်မယ်ဆိုတာကို သူသိထားဖို့လိုပါမယ်။ ဒါမှနောက်တစ်ခါ ပြန်တွဲကြတဲ့အခါမျိုးမှာ သင်နာကျင်နေရတဲ့အခါ ဘယ်လိုကုစားရမလဲသူသိပြီး Ok မှာပါ။

Featured image source: Daily Pakistan Global