မုန့်အချိုလေးတွေက စားရတာ အရသာသိပ်ရှိတာကိုတော့ ငြင်းဆန်လို့မရပါဘူး။ ဒီလောက်အရသာရှိတဲ့မုန့်လေးတွေက ဘာ့ကြောင့် ကယ်လိုရီတွေအများကြီးပါပြီး ဝိတ်တက်စေရသလဲဆိုတာကို စဉ်းစားမိရင်း မကျေမချမ်းဖြစ်မိကြမှာပဲနော်။ ထမင်းကောင်းကောင်းမစားထားရင်ပဲဖြစ်ဖြစ်၊ သွေးပေါင်ကျနေရင်ပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးက မုန့်အချို စားချင်စိတ်ဖြစ်လာအောင် သင့်ဦးနှောက်ကနှိုးဆော်ပါလိမ့်မယ်။

တချို့အချိန်တွေမှာ ပျင်းလို့ဘာမှလုပ်စရာမရှိရင်လည်း မုန့်ပဲသရေစာတွေ စားချင်စိတ်ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လည်း တက်စေပြီး ကျန်းမာရေးအတွက်မကောာင်းတဲ့ သရေစာမုန့်တွေကို ရှောင်ကြဉ်ရမဲ့ နည်းလမ်းလေးတွေကို ဆက်ဖတ်ကြည့်ရအောင်နော်။

၁။ ချိုတဲ့ သစ်သီးဝလံလေးစားပေးပါ

မုန့်အချိုစားချင်စိတ်ဖြစ်လာပြီဆိုရင် သစ်သီးဝလံလေးတွေကို အစားထိုးစားပေးပါ။ သခွားသီးကို မုန့်အချိုလိုသဘောထားပြီး စားပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်ရော အသားအရေအတွက် ကောင်းကျိုးပေးပါတယ်။

၂။ အာဟာရမျှတတဲ့အစားအစာကို ပုံမှန်စားပေးမယ်

Photo Source: abbottfamily.com.sg

သင်စားလိုက်တဲ့ အစားအစာတွေထဲကနေ ခန္ဓာကိုယ်က မျှတတဲ့အာဟာရတွေ ရမယ်ဆိုရင် အချိုဓာတ်ကို စားချင်စိတ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ ထမင်းစားတဲ့အခါမှလည်း အကြိမ်ရေများများနဲ့ နည်းနည်းစီစားပေးပါ။ ဗိုက်ကို ဘယ်တော့မှ အဆာမခံပါနဲ့။ ဒါဆိုရင်တော့ မုန့်အချိုတွေ ရှောင်ပြီးသားလည်း ဖြစ်သလို ကိုယ်အလေးချိန်ကျဖို့လည်း အထောက်အကူပြုပါတယ်။

၃။ သဘာဝသစ်သီးဖျော်ရည်သောက်ပါ

အချိုစားချင်လာတိုင်း သစ်သီးဖျော်ရည်ကို အစားထိုးသောက်သုံးပေးပါ။ သစ်သီးဖျော်ရည်ထဲမှာ သကြားထည့်မသောက်ဘဲ သဘာဝအတိုင်းဖျော်သောက်ပါ။ အကယ်၍ သင်က ဆီးချိုသမားဆိုရင်တော့ သစ်သီးဖျော်ရည်ထက်စာရင် ဟင်းသီးဟင်းရွက်ဖျော်ရည်သောက်ပါ။ သစ်သီးရဲ့ အချိုဓာတ်က ဆီးချိုသမားတွေအတွက် ဒုက္ခဖြစ်စေနိုင်လို့ပါ။ အရွက်ဖျော်ရည်က အနည်းငယ်ခါးမှာဖြစ်ပေမဲ့လည်း သောက်ပါများလာတဲ့အခါ အကျင့်ဖြစ်သွားမှာပါ။

၎။ သရေစာမုန့်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းခြင်းကို ရှောင်ပါ

Photo Source: www.pritikin.com

ဗိုက်ဆာတဲ့အခါ အဆင်သင့်စားလို့ရအောင်ဆိုပြီးတော့ သရေစာမုန့်အချိုတွေကို ရေခဲသေတ္တာထဲ ဝယ်ထည့်ထားခြင်းကို မပြုလုပ်ပါနဲ့။ မုန့်အချိုတွေ ဝယ်မဲ့အစား အင်္ကျီလှလှလေးတွေကို ရွေးဝယ်လိုက်ပါ။