သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဖြစ်ဖြစ် တစ်ယောက်တည်း ဖြစ်ဖြစ် ဓာတ်ပုံရိုက်တဲ့အခါမှာ ဆွဲဆောင်မှု အပြည့်နဲ့ ကြည့်ကောင်းနေဖို့အတွက် အဓိကကျတဲ့အချက်က ဖက်ရှင်ပါပဲ။ အဲဒီ့အတွက် စိတ်မပူပါနဲ့ ရှောပင်းထွက်စရာမလိုပဲ ကိုယ့်မှာရှိတာနဲ့ ဘယ်လိုစတိုင်ကျနိုင်မလဲဆိုတာ အကြံပေးလိုက်ပါရစေ။

၁။ အရောင်တောက်တဲ့ အကျီရွေးဝတ်ပါ

Source: GoodFreePhotos

အကျီအ၀တ်အစားရွေးတဲ့အခါ အရောင်မှိန်တာမျိုး မဟုတ်ဘဲ အ၀ါရောင်၊ အနီရောင် ၊ အပြာရောင်လိုမျိုး တောက်တဲ့အရောင်တွေကို ၀တ်မယ်ဆိုရင်တော့ ကြည့်လိုက်ရင် သင့်ကို ထင်းခနဲ ဖြစ်နေစေမှာ အသေအချာပါပဲ။

၂။ နေကာမျက်မှန်တပ်ပါ

Source: Pixabay

နေကာမျက်မှန်ဖြစ်ဖြစ် အခုခေတ်ပေါ်နေတဲ့ အလှတပ်မျက်မှန်ပဲ တပ်ထားတာကလည်း ပျိုမေတို့ကို ဓာတ်ပုံထဲမှာ ပိုပြီး စမတ်ကျစေမှာပါနော်။

၃။ လည်ပင်သားကို ပေါ်လွင်စေတဲ့ အကျီဝတ်ဆင်ပါ

Source: The Independent

ပျိုမေတို့ရဲ့ ကျော့ရှင်းတဲ့ လည်တိုင်ကို ပိုပြီးပေါ်လွှင်စေဖို့ လည်ဟိုက်အကျီလေးတွေကိုလည်း ၀တ်ဖို့မမေ့နဲ့နော်။ ဒါမှ ဓာတ်ပုံကို ကြည့်လိုက်တဲ့အခါ အားလုံးရဲ့အကြည့်တွေက ကိုယ့်ဆီိကို ရောက်လာမှာပါ။

၎။ ဦးထုပ်လှလှလေးတွေ ကလည်းမပါမဖြစ်

Source: HDQWalls

ဓာတ်ပုံရိုက်တဲ့အခါမှာ တခြားအသုံးအဆောင်ပစ္စည်းတွေထက် ဦးထုပ်ဆောင်းထားမယ်၇င် ကိုယ့်ရဲ့မျက်နှာအနေအထားကို ထိန်းညှိပေးနိုင်မှာဖြစ်ပြီးတော့ လွတ်လပ်ပေါ့ပါး သဘာဝကျစေမှာပါ။

၅။ အားရပါးရ ပြုံးရယ်ပါ။

Source: HeyDeeRahma.com

ဓာတ်ပုံရိုက်မှာမို့ အနေခက်တဲ့ စိတ်ကိုဖျောက်ထားပြီးတော့ ပုံမှန်အတိုင်း သဘာဝကျကျ ပြုံးရယ်ခြင်းကလည်း ပျိုမေ့တို့ရဲ့ ချစ်စရာကောင်းတဲ့ ပင်ကိုယ်စရိုက်ကို ပေါ်လွင်စေမှာပါ။ အဲဒါကြောင့် အားရပါးရ ပြုံးပြီး ပိုစ့်ပေးဖို့ မမေ့ကြနဲ့နော်။

www.cosmopolitan.com