အားလုံးပဲမင်္ဂလာပါနော်။ ကျွန်မတို့ လူသားတွေက မျက်နှာကိုအဓိက ဂရုစိုက်ကြပေမယ့် ခြေထောက်လေးတွေကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။

မျက်နှာလေး လှပနေဖို့လိုသလို ခြေဖဝါးလေးတွေ၊ ခြေထောက်လေးတွေလည်း လှပနေရင် ပိုပြီးပြည့်စုံပါတယ်။

ခြေထောက်ဟာ တစ်နေ့တာလုံး သွားချင်ရာသွား၊ လာချင်ရာလာဖို့အတွက် အသုံးပြုထားတာကြောင့် အနားယူဖို့လိုအပ်သလို သေချာဂရုစိုက်ဖို့လိုပါတယ်။

လှပတဲ့ ခြေထောက်လေးတွေ ပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။

ခြေသည်းကို အရမ်းတိုအောင်မညှပ်ပါနဲ့

ခြေသည်းကို အရမ်းတိုအောင်မညှပ်ပါနဲ့။ ဝိုင်းဝိုင်းလေး ညှပ်ပေးလိုက်ပြီး ခြေသည်းလေး နည်းနည်းချန်ထားခဲ့ပါ။

ရေနွေးလေးနဲ့စိမ်ပေးမယ်

ရေမချိုးခင် ခြေထောက်တွေကို ရေနွေးလေးနဲ့ ၅ မိနစ်လောက် စိမ်ပေးလိုက်ပါ။ ပြီးရင် လက်လေးနဲ့ သေချာလေး ပွတ်ပေးလိုက်ပါ။

ဆားလေးနဲ့ ပွတ်မယ်

ဆားနဲ့ အုန်းဆီ (သို့) သံလွင်ဆီ ပေါင်းပြီး ခြေထောက်ပေါ်မှာလိမ်းပေးလိုက်ပါ။ ပြီးရင် ရေနွေးလေးနဲ့ ခဏစိမ်ပေးပြီး သေချာပွတ်ပေးပါ။

Moisturizer လိမ်းမယ်

ပြီးသွားရင်တော့ ခြေထောက်အသားရေကို စိုပြေစေဖို့အတွက် Moisturizer လိမ်းပေးရပါမယ်။

ခြေထောက်လေးတွေကို နှိပ်နယ်ပေးမယ်

သင့်ခြေထောက်လေးတွေကို ညအိပ်ယာမဝင်ခင် ၅ မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။ အဲဒီလိုလုပ်ပေးတာဟာ အညောင်းပြေစေသလို ခြေထောက်နားက သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

Source: www.blushbabe.com

By: MyStyle Myanmar