(Zawgyi  Version)

ေဆာင္းရာသီမွာဆိုရင္ အသားအေရက ပံုမွန္ထက္ ပိုၿပီးေတာ့ ဂရုစိုက္ေပးဖို႔လိုပါတယ္။ ပံုမွန္အသားမေျခာက္တဲ့သူေတြေတာင္ ေဆာင္းတြင္းေရာက္ရင္ အသားအေရမဲြေျခာက္တာမ်ိဳးေတြ ျဖစ္တဲ့အတြက္ အသားေျခာက္တဲ့သူေတြဆို ပိုဂရုစိုက္ရပါမယ္။ မ်က္ႏွာတင္မကပဲ တစ္ကိုယ္လံုးကို ဂရုစိုက္ေပးရမွာပါ။ မ်က္ႏွာဆိုလည္း ႏႈတ္ခမ္းပါမက်န္ ဂရုစိုက္ေပးရမွာပါ။

Sunscreen ေန႔တိုင္းလိမ္းပါ

ေဆာင္းရာသီမွာ ေနပူတဲ့အတြက္ မ်က္ႏွာနဲ႔ လက္၊ ေျခေထာက္၊ လည္ပင္းကိုပါ Sunscreen လိမ္းေပးပါ။ ေျခေထာက္ကေတာ့ အတိုမဝတ္ရင္ မလိမ္းလို႔ရပါတယ္။ ဆံပင္စည္းတဲ့အခါ ဂုတ္ကိုလည္း Sunscreen လိမ္းဖို႔ မေမ့ပါနဲ႔။

Hydration Facial Foam

ေဆာင္းတြင္းမွာလည္း တစ္ေန႔ ၂ ႀကိမ္ မ်က္ႏွာသစ္ပါ။ မ်က္ႏွာသစ္တဲ့အခါမွာ ဘယ္ေလာက္ေအးေအး ေရေႏြးနဲ႔ မသစ္ပါနဲ႔။ မ်က္ႏွာသစ္ေဆးသံုးတဲ့အခါမွာလည္း Hydration ေကာင္းေကာင္းေပးႏိုင္တဲ့ မ်က္ႏွာသစ္ေဆးကို သံုးပါ။ အရမ္းျပင္းတဲ့ မ်က္ႏွာသစ္ေဆးေတြကိုေရွာင္ၿပီး Mild ျဖစ္တာမ်ိဳးကို သံုးပါ။

Moisturizer

ေဆာင္းတြင္းမွာ Hydration ေကာင္းေကာင္းေပးႏိုင္တဲ့ Moisturizer ကို ေရြးသံုးပါ။ အသားအရမ္းေျခာက္တဲ့သူေတြဆိုရင္ Cream Type ကိုသံုးၿပီး အေရွ႔မွာလည္း Serum တို႔ Oil တို႔လိမ္းေပးရင္ ပိုေကာင္းပါတယ္။

Makeup Remover

ကိုယ္ကအသားအရမ္းေျခာက္တယ္ဆိုရင္ Makeup Remover ကိုလည္း Oil Type နဲ႔ Cream Type ကိုသံုးပါ။ ဒါက ေဆာင္းရာသီအတြက္ ပိုအဆင္ေျပပါတယ္။

ႏႈတ္ခမ္း

ေဆာင္းတြင္းမွာ ႏႈတ္ခမ္းကလည္း အေရးႀကီးပါတယ္ေနာ္။ ႏႈတ္ခမ္းေျခာက္သည္ျဖစ္ေစ၊ မေျခာက္ေသးဘူးျဖစ္ေစ Lip Balm ကိုညတိုင္း ဆိုးအိပ္ပါ။ ႏႈတ္ခမ္းအရမ္းကြဲေျခာက္တဲ့သူေတြဆိုရင္ေတာ့ Lip Mask ေတြက ပိုအဆင္ေျပပါလိမ့္မယ္။ ႏႈတ္ခမ္းနီဆိုးရင္လည္း Matte Type ေတြကို ေဆာင္းတြင္းမွာမဆိုးပါနဲ႔။

Body Lotion

ေဆာင္းတြင္းမွာ Body Lotion ကို ေန႔ေရာ ညပါလိမ္းေပးပါ။ ဒါမွ အသားလံုးဝမေျခာက္မွာပါ။ ၃ ရက္ေလာက္ မလိမ္းပဲထားၿပီးၾကည့္လိုက္ရင္ေတာင္ အသားပတ္သလိုျဖစ္လာတာကို ေတြ႕ရပါလိမ့္မယ္။

ေရေႏြး

ေဆာင္းတြင္းမွာ တခ်ိဳ႔က ခ်မ္းတယ္ဆိုၿပီး ေရေႏြးနဲ႔ေရခ်ိဳးၾကတယ္။ ေရေႏြးနဲ႔ေရခ်ိဳးတာက အပူငုပ္ေစပါတယ္။ အသားအေရလည္း ပိုၿပီးေတာ့ မဲြေျခာက္ေစပါတယ္။ ဒါေၾကာင့္ ေရေအးနဲ႔ပဲ ေရခ်ိဳးတာ အေကာင္းဆံုးပါ။

Photo Source: www.wikihow.com

(Unicode Version)

ဆောင်းရာသီမှာဆိုရင် အသားအရေက ပုံမှန်ထက် ပိုပြီးတော့ ဂရုစိုက်ပေးဖို့လိုပါတယ်။ ပုံမှန်အသားမခြောက်တဲ့သူတွေတောင် ဆောင်းတွင်းရောက်ရင် အသားအရေမွဲခြောက်တာမျိုးတွေ ဖြစ်တဲ့အတွက် အသားခြောက်တဲ့သူတွေဆို ပိုဂရုစိုက်ရပါမယ်။ မျက်နှာတင်မကပဲ တစ်ကိုယ်လုံးကို ဂရုစိုက်ပေးရမှာပါ။ မျက်နှာဆိုလည်း နှုတ်ခမ်းပါမကျန် ဂရုစိုက်ပေးရမှာပါ။

Sunscreen နေ့တိုင်းလိမ်းပါ

ဆောင်းရာသီမှာ နေပူတဲ့အတွက် မျက်နှာနဲ့ လက်၊ ခြေထောက်၊ လည်ပင်းကိုပါ Sunscreen လိမ်းပေးပါ။ ခြေထောက်ကတော့ အတိုမဝတ်ရင် မလိမ်းလို့ရပါတယ်။ ဆံပင်စည်းတဲ့အခါ ဂုတ်ကိုလည်း Sunscreen လိမ်းဖို့ မမေ့ပါနဲ့။

Hydration Facial Foam

ဆောင်းတွင်းမှာလည်း တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပါ။ မျက်နှာသစ်တဲ့အခါမှာ ဘယ်လောက်အေးအေး ရေနွေးနဲ့ မသစ်ပါနဲ့။ မျက်နှာသစ်ဆေးသုံးတဲ့အခါမှာလည်း Hydration ကောင်းကောင်းပေးနိုင်တဲ့ မျက်နှာသစ်ဆေးကို သုံးပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေကိုရှောင်ပြီး Mild ဖြစ်တာမျိုးကို သုံးပါ။

Moisturizer

ဆောင်းတွင်းမှာ Hydration ကောင်းကောင်းပေးနိုင်တဲ့ Moisturizer ကို ရွေးသုံးပါ။ အသားအရမ်းခြောက်တဲ့သူတွေဆိုရင် Cream Type ကိုသုံးပြီး အရှေ့မှာလည်း Serum တို့ Oil တို့လိမ်းပေးရင် ပိုကောင်းပါတယ်။

Makeup Remover

ကိုယ်ကအသားအရမ်းခြောက်တယ်ဆိုရင် Makeup Remover ကိုလည်း Oil Type နဲ့ Cream Type ကိုသုံးပါ။ ဒါက ဆောင်းရာသီအတွက် ပိုအဆင်ပြေပါတယ်။

နှုတ်ခမ်း

ဆောင်းတွင်းမှာ နှုတ်ခမ်းကလည်း အရေးကြီးပါတယ်နော်။ နှုတ်ခမ်းခြောက်သည်ဖြစ်စေ၊ မခြောက်သေးဘူးဖြစ်စေ Lip Balm ကိုညတိုင်း ဆိုးအိပ်ပါ။ နှုတ်ခမ်းအရမ်းကွဲခြောက်တဲ့သူတွေဆိုရင်တော့ Lip Mask တွေက ပိုအဆင်ပြေပါလိမ့်မယ်။ နှုတ်ခမ်းနီဆိုးရင်လည်း Matte Type တွေကို ဆောင်းတွင်းမှာမဆိုးပါနဲ့။

Body Lotion

ဆောင်းတွင်းမှာ Body Lotion ကို နေ့ရော ညပါလိမ်းပေးပါ။ ဒါမှ အသားလုံးဝမခြောက်မှာပါ။ ၃ ရက်လောက် မလိမ်းပဲထားပြီးကြည့်လိုက်ရင်တောင် အသားပတ်သလိုဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။

ရေနွေး

ဆောင်းတွင်းမှာ တချို့က ချမ်းတယ်ဆိုပြီး ရေနွေးနဲ့ရေချိုးကြတယ်။ ရေနွေးနဲ့ရေချိုးတာက အပူငုပ်စေပါတယ်။ အသားအရေလည်း ပိုပြီးတော့ မွဲခြောက်စေပါတယ်။ ဒါကြောင့် ရေအေးနဲ့ပဲ ရေချိုးတာ အကောင်းဆုံးပါ။

Photo Source: www.wikihow.com